Home Authors Posts by KIC News

KIC News

22158 POSTS 0 COMMENTS

ငြိမ်းချမ်း‌ရေးကို ‌စေတနာမှန်ဖြင့် ‌ဆောင်ရွက်ရန် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်‌တောင်းဆို

မတ် ၂၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် အစိုးရတို့၏ အပစ်ရပ်ကာလအတွင်း နှစ်ဖက်အုပ်ချုပ်‌ရေးလုပ်ငန်းများ ရှုတ်‌ထွေး မှုရှိ‌နေပြီး ယင်းမှာ ငြိမ်းချမ်း‌ရေးနှင့် တိုက်ရိုက်ပတ်သက်‌နေသည့်အတွက် ‌စေတနာမှန်စွာ ‌ဆောင်ရွက်ရန် ၁၄ကြိမ်‌မြောက် ‌ကေအဲန်ယူ ဒူးပလာယာခရိုင် ညီလာခံက ‌တောင်းဆိုလိုက်သည်။ ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ရှိ နယ်‌မြေများတွင် မြန်မာအစိုးရနှင့် တိကျသည့်...

အ‌ခြေခံလူတန်းစား၊ တိုင်းရင်းသားအဖွဲ့များနှင့် The Elders သွား‌ရောက်‌တွေ့ဆုံမည်

မတ်လ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ ကမ္ဘာ့‌ခေါင်း‌ဆောင်များ ပါဝင်သည့် The Elders အဖွဲ့သည် မတ်လ ၂၄ရက်မှ ၂၈ရက်အထိ မြန်မာနှင့် ထိုင်းနိုင်ငံများသို့ အလည် အပတ်ခရီး သွား‌ရောက်မည်ဖြစ်‌ကြောင်း ၎င်းအဖွဲ့က မတ်လ ၂၁ရက်‌နေ့တွင် သတင်းမီဒီယာများသို့ ‌ကြေညာအသိ‌ပေးလိုက် သည်။ The Elders အဖွဲ့၏...

NLD နာယကဦးတင်ဦးနှင့်အဖွဲ့ မယ်‌တော်‌ဆေးခန်းမှ ‌ဒေါက်တာစင်သီယာ‌မောင်နှင့် ‌တွေ့ဆုံ

မတ် ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းသို့ ယ‌နေ့ မတ်လ ၂၄ရက်၊ ‌နေ့လည် ၁၂နာရီခွဲတွင် သွား‌ရောက်‌လေ့လာခဲ့ပြီး ‌ဆေးခန်းထူ‌ထောင်သူ ဆရာမကြီး ‌ဒေါက်တာစင်သီ ယာ‌မောင်နှင့် ‌တွေ့ဆုံခဲ့သည်။ ဦးတင်ဦးသည် ထိုင်းနိုင်ငံတဖက်ခြမ်းရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌...

NCCT က တနိုင်ငံလုံး အပစ်ရပ်ရန် မူကြမ်း‌ရေးဆွဲ‌ရေး‌ကော်မတီ ဖွဲ့စည်း

မတ်လ ၂၁ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)တို့က အဖွဲ့ဝင်ကိုယ်စားလှယ်‌ခေါင်း‌ဆောင် ၉ဦး ပါဝင်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုး‌ရေးစာချုပ် မူကြမ်း‌ရေးဆွဲ ‌ရေး‌ကော်မတီတစ်ခုကို ‌ရွေးချယ်တာဝန်‌ပေးအပ်လိုက်သည်။ မတ်လ ၁၉ရက်မှ ၂ဝရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်‌သော NCCT အဖွဲ့ဝင်...

ကယားပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ‌မြေမြုပ်မိုင်းပညာ‌ပေး‌ရေးလုပ်‌ဆောင်မည်

မတ်လ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း ကယား(ကရင်နီ)ပြည်နယ်အတွင်း ‌မြေမြှုပ်မိုင်း အသိပညာ‌ပေး‌ရေး လုပ်ငန်းများကို အ‌မေရိကန်အစိုးရက ‌ပေးအပ်မည့် အကူအ ညီဖြင့် ကယား အရပ်ဖက်လူမှုအဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။ ကယားလူမှုအဖွဲ့အစည်း (၆)ဖွဲ့က ‌ဆောင်ရွက်မည့် မိုင်းအန္တရာယ် အသိ‌ပေးခြင်းလုပ်ငန်းများကို ပြည်နယ်အတွင်း နယ်‌မြေအ လိုက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း...

သစ်‌တောကြိုးဝိုင်း ‌မြေယာပြဿနာ ‌ဖြေရှင်း‌ပေးရန် ‌ဒေသခံရွာသားများ လွှတ်‌တော်သို့တင်ပြ

မတ် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံသစ်‌တောနှင့် ကျုံပကို သစ်‌တောကြိုးဝိုင်းအတွင်း ဖြစ်ပွား‌နေ‌သော ‌မြေယာအငြင်းပွားမှု ပြဿနာကို သက်ဆိုင်ရာ တာဝန်ရှိသူများအ‌နေဖြင့် အမြန်ဆုံး ‌ဖြေရှင်း‌ပေးပါရန် ‌ဒေသခံ ရွာသူရွာသားများက ပြည်သူ့လွှတ် ‌တော်သို့ မတ်လ ၁၃ရက်‌နေ့က လက်မှတ်ထိုး စာတင်ထား‌ကြောင်း ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်က...

လူငယ်များရဲ့ စကားလက်‌ဆောင်

‌စောအယ်လ်ဝင်း -၃၄နှစ် ဝါသနာ - တိုးတက်ဖွံ့ဖြိုး‌ပြောင်းလဲ‌ရေး (Transformation) ပညာအရည်အချင်း -ဘွဲ့ရ (Master Divinity, Bachelor of Theology, Doctor of Theology) ကျ‌နော်က ဖာပွန်ခရိုင် လူ‌သောမြို့နယ်၊ ခိုမူ‌သော‌ကျေးရွာကပါ။ ‌မွေးချင်း‌မောင်နှမ၇‌ယောက်မှာ ကျ‌နော်က အကြီးဆုံးပါ။ မူလ တန်းကို ကျ‌နော် ‌ကော်သူ‌လေးနယ်‌မြေက ‌ကေးဖိုးရွာ‌ကျောင်းမှာ ‌နေခဲ့တယ်။ ၁၉၉၇ခုနှစ်မှာ...

အစိုးရတပ် ရိက္ခာပို့လမ်း‌ကြောင်းအနီးရှိ ‌ဒေသခံဖာလာခြံများ မီး‌လောင်ပျက်စီး

မတ် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်‌မြေအတွင်း မြန်မာအစိုးရတပ်က ရိက္ခာပို့ရင်း ဖြတ်သန်းသွားရာ လမ်း‌ကြောင်းအနီးတဝိုက်တွင် မတ်လ ၉ရက်‌နေ့မှစ၍ ‌တောမီး‌လောင်ကျွမ်းသည့်အတွက် ‌ဒေသခံများ၏ ဖာလာခြံ အများအပြား မီး‌လောင်ပျက်စီးသွား‌ကြောင်း ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောတာဒိုဝါးက ‌ပြောသည်။ “မီး‌လောင်တဲ့ ဖာလာခြံ‌တွေမှာ ဖာလာပိဿာ ‌ခြောက်ဆယ်‌လောက်ထွက်တဲ့ ကျ‌နော့်ခြံသုံးခြံ...

‌ကျောက်မိုင်းထိ၍ ပျက်စီးသွားသည့် မြိုင်က‌လေး‌မြေယာများ နစ်နာ‌ကြေး မရရှိ‌သေး

မတ် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း ကရင်ပြည်နယ်၊ ဖားအံမြို့ မြိုင်က‌လေး တန်(၄၀၀၀) ဘိလပ်‌မြေစက်ရုံမှ ဘိလပ်‌မြေထုတ်လုပ်ရန် ထုံး‌ကျောက်‌တောင်များ မိုင်း ခွဲခြင်း‌ကြောင့် ယင်း‌ဒေသရှိ ဖားကပ်‌ကျေးရွာအုပ်စုဝင် နတ်ကုန်းရွာရှိ ပျက်စီးဆုံးရှုံးသွားသည့် ‌မြေယာများမှာ ၁၃နှစ်ကြာလာ သည့်တိုင် နစ်နာ‌ကြေး မရရှိ‌သေး‌ကြောင်း ‌ဒေသခံလယ်သမားများက ‌ပြောဆိုသည်။ ယင်းစက်ရုံမှ ဘိလပ်‌မြေထုတ်လုပ်သည့်အခါ...

သန်း‌ခေါင်စာရင်း ‌ကောက်ခံမှု ရက်‌ရွှေ့ဆိုင်းရန် နိုင်ငံတကာ‌ရောက် ကရင်အဖွဲ့များ‌တောင်းဆို

မတ် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား ယခု မတ်လကုန်ပိုင်းတွင် ‌ကောက်ယူမည့် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း‌ကောက်ခံမှုကို အချိန်‌ရွှေ့ဆိုင်း‌ပေးရန် ပြည်ပနိုင်ငံ ၁၁ခုမှ ကရင်လူမှုအဖွဲ့အစည်း ၂၈ဖွဲ့က ပူး‌ပေါင်း၍ ယမန်‌နေ့(မတ်လ ၁၄ရက်‌နေ့)တွင် ‌ကြေညာချက်ထုတ်ကာ ကုလသမဂ္ဂ လူဦး ‌ရေရန်ပုံ‌ငွေ (United Nations Population Fund-UNPF...
Donate