KIC News
ကေအဲန်ယူ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အလွတ်သဘောတွေ့ဆုံ
မေ ၇ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
လူထုတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိသည့် ကရင်အမျိုးသားအစည်းအရုံး(ကေ အဲန်ယူ) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော အဖွဲ့သည် မေ ၆ ရက်နေ့က ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အလွတ်သဘော တွေ့ဆုံခဲ့သည်။
ထိုအလွတ်သဘောတွေ့ဆုံပွဲနှင့်ပတ်သက်၍ ကေအဲန်ယူ...
ဖွဲ့စည်းပုံကို မထောက်ခံသလို ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိဟု KNU ပြောဆို
မေ ၇ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံသလို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မည် မဟုတ်ကြောင်း ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ပြောဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မေ ၆ ရက်နေ့၊...
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြည်သူလူထု ဝိုင်းဝန်းလုပ်ဆောင်ရန် ကေအဲန်ယူ ဒုဥက္ကဌတိုက်တွန်း
မေ ၇ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
လက်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် အစိုးရတို့လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ပြည်သူလူထုများအနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်ရန် ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က တိုက်တွန်းပြောဆိုလိုက်သည်။
လူထုတွေ့ဆုံဆွေးနွေးပွဲအတွက် ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသည့် ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုး ရာစိန်က မေ ၅ ရက်နေ့၊...
ရွှေသောင်ယံမြို့နယ်ခွဲရှိ ကရင်ပြည်သူများနှင့် ကေအဲန်ယူ ပထမဦးဆုံးအကြိမ် တွေ့ဆုံ
မေ ၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မေ ၄ရက် နေ့လည်ပိုင်း၌ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ မြို့နယ်ခွဲရှိ ကရင်လူထုများနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကေအဲန်ယူ...
မြို့နယ် ၁၃ခု ပါဝင်သည့် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ ကျင်းပပြီးစီး
မေ ၅ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးစီးကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများရှိ မြို့နယ် ၁၃မြို့နယ် ပါဝင်သည့် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲတစ်ရပ်ကို မေ ၃ရက်နေ့တွင် ၎င်းမြို့နယ်ရှိ ရုံးတော ကျေးရွာ၌ ကျင်းပပြီးစီးခဲ့သည်။
ယင်းသင်တန်းကို ၂၀၁၄ခုနှစ်၊ နှစ်ဆန်းပိုင်းမှ ဧပြီလကုန်ထိ ဧရာဝတီတိုင်းဒေသကြီးရှိ...
KUPC တတိယအကြိမ်အစည်းအဝေးကို ပုသိမ်တွင် ကျင်းပပြီးစီး
မေ ၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့၊ စောထွန်းလင်း
ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC) ကော်မတီဝင်များ၏ တတိယအကြိမ် အစည်းအဝေးကို မေ ၂ ရက်မှ ၃ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ စကောကရင် နှစ်ခြင်းသာသနာရုံး ခမ်းမဆောင်၌ ကျင်းပပြုလုပ် ပြီးစီးသွားပြီ ဖြစ်သည်။
အစည်းအဝေးသို့ KUPC ကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)...
ဧရာဝတီတိုင်း ကရင်လူထုကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကေအဲန်ယူ ရှင်းလင်း
မေ ၄ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်သို့ ရောက်ရှိနေကြသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဒုဥက္ကဌ ပဒို နော်စီဖိုးရာစိန် ဦးဆောင်သည့်အဖွဲ့က ကရင်ပြည်သူလူထုများနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချပြဆွေးနွေးခဲ့ သည်။
ပဒိုနော်စီဖိုးရာစိန်နှင့်အတူ အဖွဲ့ဝင်အဖြစ် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောသမိန်ထွန်း၊ ပဒိုစောမြမောင်၊ ပဒိုစောလှ...
ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းမှုပြုလုပ်ရန် ဂျပန်လွှတ်တော်အမတ်တစ်ဦးကို ကေအဲန်ယူဆွေးနွေး
မေ ၂ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်တွင် ဂျပန်နိုင်ငံမှ အကူအညီပေးရေး လုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် မြန်မာအစိုးရအပြင် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)နှင့် ညှိနှိုင်းပြီးမှသာ လုပ်ကိုင်ရန် ဂျပန်လွှတ်တော်အမတ်တစ်ဦးအား ကေအဲန်ယူ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုအောင်ဝင်းရွှေက ပြောဆိုလိုက်သည်။
ဂျပန်အစိုးရ၏ ကရင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းစဉ်များကို လာရောက်လေ့လာသည့် ဂျပန်နိုင်ငံ၊ ဒီမိုကရက် တစ်လွှတ်တော်အမတ်...
ငြိမ်းချမ်းရေးတွင် တစုတစည်းတည်း ပါဝင်နိုင်ရန် ‘၀’၊ မိုင်းလားတို့ကို ကေအဲန်ယူ တွေ့ဆုံခဲ့
မေလ ၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားအားလုံး တစုတစည်း ပါဝင်နိုင်ရေးအတွက် ကရင်အမျိုးသားအ စည်းအရုံး(ကေအဲန်ယူ) ဥက္ကဌနှင့်အဖွဲ့သည် ‘၀’ ၊ မိုင်းလားအဖွဲ့တို့နှင့် ဧပြီလကုန်ပိုင်းက လိုက်လံတွေ့ဆုံခဲ့ကြောင်း ကေအဲန်ယူ ဘက်က ပြောဆိုသည်။
ကေအဲန်ယူသည် ရှမ်းပြည်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ‘၀’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မ...
နိုင်ငံရေးအာမခံချက်ရရန် ဆွေးနွေးရဦးမည်ဟု ကေအဲန်ယူ ဒုဥက္ကဌ ပြောဆို
မေ ၂ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့၊ စောထွန်းလင်း
လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းနေသည့် အဆင့်၌သာရှိပြီး နိုင်ငံရေး အာမခံချက်ရရန် ဆက်လက်ဆွေးနွေးရဦးမည်ဟု ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဒုတိယ ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က မေ ၂ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ကရင်လူထုအား ပြောဆိုလိုက်သည်။
လူထုတွေ့ဆုံ...















