KIC News
အီးယူ(EU)မှ ကရင်အမျိုးသား ရဲတပ်ဖွဲ့များအား စွမ်းရည်မြှင့်တင်ပေး
မေ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားရဲ(KNPF)တပ်ဖွဲ့ဝင်များကို လုပ်ငန်းစွမ်းရည်နှင့် လူ့အခွင့်အရေး ပိုမိုအားကောင်းလာရန် ရည်ရွယ်၍ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးများထဲမှ အဆင့်မြင့် ရဲအရာရှိဟောင်းများက စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ပို့ချခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဌာနတို့က ဦးဆောင်သည့် ယင်းအလုပ်ရုံဆွေးနွေးပွဲသည် မေ...
ကေအဲန်ယူဒုဥက္ကဌ၏ ဖားအံလူထုတွေ့ဆုံပွဲတွင် လူဦးရေ ၆၀၀ကျော် တက်ရောက်ခဲ့
မေ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော ငြိမ်းချမ်းရေးဆိုင်ရာ ကရင်လူထုတွေ့ဆုံပွဲကို ဖားအံမြို့၊ သုမေဓာရာမ ကြားတောရကျောင်း၌ မေလ ၁၂ရက်နေ့က ကျင်းပပြီးစီးခဲ့ရာ လူပရိဿတ်ပေါင်း ၆၀၀ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါ လူထုတွေ့ဆုံပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်ရှိ လွှတ်တော်အမတ်များ၊ ပါတီများနှင့် ဖားအံ၊...
လေဘေးသင့်ဒေသခံနေအိမ်များ ကိုယ်ထူကိုယ်ထသာ ပြုပြင်တည်ဆောက်နေရ
မေ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုရှိ မေလဆန်းပိုင်းက လေဆင်နှာမောင်း တိုက်ခတ်၍ ပျက်စီးခဲ့သော ရွာခံများ၏ အိမ်ခြေ ၈၀ကျော်ကို ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်တည်ဆောက်နေရကြောင်း သိရသည်။
လှာကမြင်ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ စောလင်းထိန်က “အိမ်ခေါင်မိုးက လှန်တာ တဝက်ကျော်ခန့်ပါ။ သွပ်ပြားနဲ့ပါ။ သစ် ပြားတွေလည်း...
ကေအဲန်ယူ ဒုဥက္ကဌနှင့် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အမြင်ဖလှယ်ခဲ့
မေ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၉ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်၌ အလွတ်သဘောတွေ့ဆုံကာ အမြင်ဖလှယ်ခဲ့ကြသည်။
၎င်းတွေ့ဆုံမှုတွင် ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က “ဒေါ်စုနဲ့ တွေ့တာက အလွတ်သဘောတွေ့ဆုံမှုပဲ ဖြစ်တယ်။...
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း အစီရင်ခံစာ ဘီအဲန်အိုင် ထုတ်ဝေ
မေ ၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
၂၀၁၄ခုနှစ်အတွက် “မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း” အဓိပ္ပါယ်ရသည့် “Deciphering Myanmar Peace Process, A reference Guide 2014”အမည်ရှိ လမ်းညွှန်ကိုးကားစာအုပ်တစ်အုပ်ကို နိုင်ငံတကာ မြန်မာ့သတင်း (ဘီအဲန်အိုင်) က မေလ ၇ရက်နေ့၌ ထိုင်းနိုင်ငံ...
စစ်မှန်သော အပစ်ရပ်ရေးအတွက် သမ္မတထံသို့ တောင်းဆိုရန် WON အဖွဲ့အား KWO တိုက်တွန်း
မေ ၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စစ်မှန်သော တပြည်လုံးအပစ်အခတ်ရပ်စဲရေး ရရှိရေးအတွက် သမ္မတဦးသိန်းစိန်ထံသို့ တောင်းဆိုရန် မြန်မာပြည်တွင်းအခြေစိုက် ကွန်ယက်တစ်ခုဖြစ်သည့် အမျိုးသမီးများကွန်ယက် (WON) အား ကရင်အမျိုးသမီးအစည်းအရုံး(KWO)က တိုက်တွန်းလိုက်သည်။
ရန်ကုန်မြို့သို့ ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်နှင့်အတူ လိုက်ပါသွားခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဗဟို...
နိုင်ငံရေးဆွေးနွေးပွဲတွင် လူထုသဘောထားများ ထည့်သွင်းဆွေးနွေးသွားမည်ဟု ကေအဲန်ယူပြောဆို
မေ ၈ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း၊ နန်းချောင်ဖော့။
မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးသည့်အခါ ကရင်ပြည်သူလူထုတို့၏ ဆန္ဒသဘောထားများကို ထည့်သွင်းဆွေးနွေးသွားမည် ဟု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီရုံးခမ်းမ၌ မေ ၇ရက်နေ့(ယမန် နေ့)၊ ညနေ ၅နာရီ၌ လူထုနှင့်တွေ့ဆုံရာတွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ပြောဆိုလိုက်သည်။
၎င်းလူထုတွေ့ဆုံပွဲတွင် ပါဝင်သည့်...
ဖက်ဒရယ်ရရှိရန် ကေအဲန်ယူနှင့် လက်တွဲကြိုးပမ်းမည်ဟု ၈၈ ပြောဆို
မေ ၈ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း၊ နန်းချောင်ဖော့
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရရှိရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့်အတူ လက်တွဲကြိုးပမ်းသွားမည်ဟု ၈၈ မျိုး ဆက်ပွင့်လင်းလူ့အဖွဲ့အစည်း၏ တိုင်းရင်းသားရေးရာကော်မတီဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်ဆောင် ကိုမြအေးက ကေအိုင်စီသို့ ပြောသည်။
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းသည် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ဦးဆောင် သည့်အဖွဲ့နှင့်...
မယ်လဒုက္ခသည် ဇနီးမောင်နှံ အသတ်ခံရ
မေ ၇ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်၊ ကားကလိုးကျေးရွာအနီး ပြောင်းဖူးခင်းအတွင်းရှိ တဲတစ်လုံးထဲ၌ ယမန်နေ့ည ၉နာရီခွဲအချိန်တွင် မယ်လဒုက္ခသည်စခန်းအတွင်း နေထိုင်သူ ဇနီးမောင်နှံနှစ်ဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။
အသတ်ခံရသူများမှာ ဇုံ-စီ အမှတ်(၃-ဘီ)ရပ်ကွက်မှ အသက် ၄၀ကျော်အရွယ် စောလှဌေးနှင့် နော်ပေါ်မုတို့ဖြစ်ကြပြီး ၎င်းတို့ သည်...
KIA နှင့် မြစ်ကြီးနားဆွေးနွေးပွဲတွင် တပ်မတော်ထိပ်ပိုင်းအရာရှိများ ပါဝင်မည်
မေ ၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကချင်ပြည်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးမည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား ဆွေးနွေးပွဲတွင် အစိုးရဘက်မှ တပ်မတော် ထိပ်ပိုင်းအရာရှိများလည်း ပါဝင်မည်ဟု ဦးအောင်မင်းက ပြောသည်။
ဆွေးနွေးမှုကို မေ ၁၃ရက်မှ ၁၄ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး တပ်မတော်ကိုယ်စားလှယ်များအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့...















