Home သတင်း ‌ကော့ကရိတ်‌တောင်ပိုင်း ‌ကျေးရွာအုပ်စုမှူးများကို ဒီ‌ကေဘီ‌အေမှ အစည်းအ‌ဝေး‌ခေါ်ယူ

‌ကော့ကရိတ်‌တောင်ပိုင်း ‌ကျေးရွာအုပ်စုမှူးများကို ဒီ‌ကေဘီ‌အေမှ အစည်းအ‌ဝေး‌ခေါ်ယူ

1886

မတ်လ ၆ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်း အံဖကြီး‌ကျေးရွာအုပ်စုရှိ သာယာကုန်း‌ကျေးရွာတွင် အစွန်း‌ကျေးရွာအုပ်စုမှူးများ ကို အမျိုးသားဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)မှ မတ်လ ၅ရက်‌နေ့က အစည်းအ‌ဝေး‌ခေါ်ယူကာ ‌ဒေသန္တရ သွား လာ‌ရေးကန့်သတ်မှုကို အသိ‌ပေး‌ပြောဆိုခဲ့‌ကြောင်း အစွန်း‌ကျေးရွာအုပ်စုမှူး ‌စောအဲဖလုံက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးကို ဒီ‌ကေဘီ‌အေက ‌ကျေးရွာအုပ်စုအလိုက် ‌ခေါ်ယူခြင်းဖြစ်ပြီး ‌ကော့ကရိတ်မြို့မှ ကျိုက်ဒုံလမ်း၊ ‌ကော့က ရိတ်မှ ကမိုင်ကုန်းဘက်သို့သွားသည့် လမ်းများကို ည ၆နာရီမှ မနက် ၆နာရီအထိ သွားလာခွင့်မပြု‌ကြောင်း ‌ခေါ်ယူအသိ‌ပေး သည့်အပြင် ၎င်းတို့အဖွဲ့အစည်းအတွက် ‌ကျေးရွာအတွင်းရှိ အိမ်တစ်အိမ်လျှင် ဆန် ၄ပြည်‌ပေးသွင်းရန်အတွက် အကူအညီ ‌တောင်းခံခဲ့‌ကြောင်း အစွန်း‌ကျေးရွာအုပ်စုမှူးက ‌ပြောဆိုသည်။

“ကျ‌နော်တို့ကို အစည်းအ‌ဝေး‌ခေါ်တာက‌တော့ ဒီ‌ကေဘီ‌အေတပ်ခွဲ(၂) ၉၀၇မှ ဗိုလ်ကြီး‌စော‌နောင်မူ့ပါ။ ၃လပို်င်း ၁ဝရက်‌နေ့မှာ ‌နောက်ဆုံးထားပြီး‌တော့ သုံးဆယ်သုံးဆူရွာမှာ ဆန်‌တွေကို ပို့‌ပေးရမယ်။ ပထမကျ‌နော်တို့ကို ‌တောင်းတာက တစ်အိမ်ကို ဆန် တစ်တင်း‌တောင်းတယ်။ ကျ‌နော်တို့လည်း‌ပြောတာ‌ပေါ့။ တစ်တင်းများတာ‌ပေါ့ဗျာ။ ‌နောက်တစ်ပုံး တစ်ပုံးလည်း များတယ်။ ‌နောက်မှ တစ်အိ်မ်ကို ၄ပြည်နဲ့ ညှိနှိုင်းလို့ရခဲ့တယ်”ဟု ‌စောအဲဖလုံက ဆိုသည်။

ဒီ‌ကေဘီ‌အေအဖွဲ့မှ ယခုလို အကူအညီ‌တောင်းခံမှု‌ကြောင့် ‌ဒေသခံများအ‌နေဖြင့် ဝန်ထုတ်ဝန်ပိုးဖြစ်‌စေပြီး ညပိုင်းတွင်လည်း သွားလာခွင့် ပိတ်ပင်ထားသည့်အတွက် သွားလာ‌ရေးအတွက် များစွာအခက်အခဲ ရှိနိုင်‌ကြောင်းနှင့် အကယ်၍ ဖြစ်နိုင်မည်ဆို လျှင် ‌ကေအဲန်ယူ‌သော်လည်း‌ကောင်း၊ အစိုးရ‌သော်လည်း‌ကောင်း ယင်းကိစ္စနှင့် ပတ်သက်ပြီး ဝိုင်းဝန်း‌ဖြေရှင်း‌ပေး‌စေလိုသည်ဟု ‌ဒေသခံအချို့က ‌ပြောဆို‌နေကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ‌ကော့ကရိတ်မြို့ရှိ ဒီ‌ကေဘီ‌အေ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောသရဲနီက “လမ်းပိတ်တာက အာရှ လမ်းဘက် ပိတ်တယ်ဆိုတဲ့အ‌ကြောင်းကို ‌ပြောတာပါ။ ဒီဘက်လမ်း‌တော့ မပိတ်ပါဘူး။ ဆန်ကိစ္စ‌တော့ ကျ‌နော်သိရသ‌လောက် ‌တော့ ‌ကျေးရွာကို အကူအညီ‌တောင်းတာပါ။ ရဲ‌ဘော်‌တွေ စားဖို့အတွက် ‌ကျေးရွာက‌နေ မ‌ပေးမ‌နေရ အဲလိုလည်း မဟုတ်ပါဘူး။ ‌ကျေးရွာက‌နေ တတ်နိုင်သ‌လောက်‌ပေါ့။ တတ်နိုင်ရင်‌ပေး‌ပေါ့။ မတတ်နိုင်ရင် မ‌ပေးနဲ့‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ သတ်မှတ်နယ်‌မြေအရ ‌ကျေးရွာအုပ်စု‌ပေါင်း ၂ဝအုပ်စုရှိ ပြီး ယခု အစည်းအ‌ဝေး‌ခေါ်ယူသည်မှာ ‌ကျေးရွာအုပ်စု (၉)စုသာဖြစ်‌ကြောင်း ‌ကျေးရွာအုပ်စုမှူးများထံမှ သိရသည်။

လက်ရှိအချိန်တွင် ‌ဖောက်လုပ်၍ မပြီးစီး‌သေးသည့် မြဝတီ- ‌ကော့ကရိတ် ‌တောင်ပတ်ကားလမ်းသစ်၌ ကားများသွားလာမှုကို ကရင်လက်နက်ကိုင်များ ညီညွတ်‌ရေး‌ကော်မတီက မတ်လ ၄ရက်‌နေ့မှစတင်၍ ပိတ်ပင်လိုက်သည်။