Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၄)သို့ ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးနှင့် ဝန်ကြီးဦး‌အောင်မင်းတို့အဖွဲ့ သွား‌ရောက်ရန် စီစဉ်‌နေ

‌ကေအဲန်ယူ တပ်မဟာ(၄)သို့ ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးနှင့် ဝန်ကြီးဦး‌အောင်မင်းတို့အဖွဲ့ သွား‌ရောက်ရန် စီစဉ်‌နေ

1979

မတ်လ ၅ရက်။ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးအဖွဲ့နှင့် သမ္မတရုံး ဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရအဖွဲ့သည် တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ‌ကေအဲန်ယူ တပ်မဟာ(၄) ‌ခေါင်း‌ဆောင်များအား လာမည့် မတ်လ ၈ရက်‌နေ့တွင် သွား‌တွေ့ဆုံရန် စီစဉ်‌နေသည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးအပါအဝင် ‌ကေအဲန်ယူ ထိပ်တန်း‌ခေါင်း‌ဆောင်အချို့နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး ‌ကော်မတီ(UPWC) ဒုဥက္ကဋ္ဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်းဦး‌ဆောင်သည့် အစိုးရအဖွဲ့တို့သည် မတ်လ ၆ရက်‌နေ့တွင် ထားဝယ်မြို့မှ စတင်ထွက်ခွာကာ မတ်လ ၈ရက်‌နေ့တွင် မျာထာရှိ ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ရုံး၌ တပ်မဟာ(၄) ‌ခေါင်း ‌ဆောင်များအား ‌တွေ့ဆုံကြရန် စီစဉ်‌နေခြင်းဖြစ်သည်။

ယခုခရီးစဉ်အ‌ပေါ် ‌ကေအဲန်ယူ အတွင်း‌ရေးမှူး (၁) ပဒို‌စော‌သောသီဘွဲက “ကျ‌နော်တို့ သိရသ‌လောက်က ဥက္ကဋ္ဌကြီး၊ ဗိုလ်‌ရော ဂျာ၊ ပြီး‌တော့ ပဒို‌လေး‌လော်‌ဆောတို့က တပ်မဟာ(၄)ကိုသွားပြီး တပ်မဟာ၊ ခရိုင်‌ခေါင်း‌ဆောင်‌တွေနဲ့ သွား‌တွေ့မယ်ဆိုတာပဲ သိ တယ်။ သွားတဲ့ကိစ္စကို‌တော့ အတိအကျ မသိရဘူး။ အစိုးရဘက်က တပ်မှူးတပ်သား‌တွေ ပါ၊ မပါကို‌တော့ ကျ‌နော်တို့ မသိရပါ ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းခရီးစဉ်တွင် ‌ကေအဲန်ယူဘက်က ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုး၊ ပဒို‌စော‌ရောဂျာခင်နှင့် ပဒို‌လေး‌လော်‌ဆော၊ ဗိုလ်မှူး‌စောထူးထူး ‌လေးနှင့် အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်း၊ ကမ်းရိုးတန်း‌ဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်‌မောင်‌ဌေးနှင့် ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်တို့ လိုက်ပါသွားမည်ဟု ‌ကေအဲန်ယူ၏ သတင်းရပ် ကွက်အရ သိရသည်။

ထီးခီး‌ဒေသရှိ နယ်ခံတစ်ဦးက “တဖက်နဲ့တဖက် အထင်အမြင်မှားမှု‌တွေ ပယ်ဖျက်ပြီး ငြိမ်းချမ်း‌ရေးကို စိတ်ရင်း‌စေတနာမှန်နဲ့ တည်‌ဆောက်ဖို့ ဆန္ဒရှိတယ်ဆိုတာ နယ်ခံ‌တွေကို ပြသချင်တဲ့အတွက် လာတာဖြစ်နိုင်တယ်။ ဒီကိုလာမှာ ဒါက ပထမဦးဆုံး အကြိမ်ဖြစ်တဲ့အတွက် ပြည်သူတစ်‌ယောက်အ‌နေနဲ့ အင်မတန်မှ ဝမ်းသာကြိုဆိုပါတယ်။”ဟု ‌ပြောသည်။

‌ကေအဲန်ယူဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးနှင့် ဝန်ကြီး ဦး‌အောင်မင်းအဖွဲ့တို့ ယင်းခရီးစဉ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်း၌ ‌စေတီ ထီး‌တော်တင်ပွဲ အခမ်းအနားတစ်ခုကို တက်‌ရောက်ရန်ရှိသလို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ ထိုင်းအာဏာပိုင်များနှင့် လည်း ‌တွေ့ဆုံရန်ရှိသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။