KIC News
လေဆင်နှာမောင်းကြောင့် ဖားအံမြို့နယ်တွင် အဆောက်အဦး ၈၀ကျော်ပျက်စီး
မေ ၂ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၌ မေ ၁ရက်နေ့၊ နေ့လည် ၂နာရီအချိန်တွင် လေဆင်နှာမောင်း ဝင် ရောက်တိုက်ခတ်သောကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းနှင့် အုပ်ချုပ်ရေးမှူးရုံး စသည့် အဆောက်အဦးပေါင်း ၈၀ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုသို့ လေဆင်နှာမောင်းတိုက်ခံရသည့်နေရာများသည် တဝန်သံရွာ၊ ရသဝေါ်ကွက်သစ်၊ လှာကမြင်ကွင်းသစ်၊...
ထိုင်းနှင့် မြန်မာအလုပ်သမားတစ်ထောင်ကျော် (၁၂၄)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ကျင်းပခဲ့
မေ ၂ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့၊ ထိုင်းအလုပ်သမားများနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမား တစ်ထောင် ကျော်က ယမန်နေ့က ကျရောက်သော (၁၂၄)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ် အခမ်းအနားများ ကို ကျင်းပခဲ့ကြသည်။
မဲဆောက်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်သမားအ...
မြစ်ကြီးနားတွင် ဆွေးနွေးရန် KIO ကမ်းလှမ်းချက် အစိုးရလက်ခံ
ဧပြီလ ၃ဝ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးရန် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ ကမ်းလှမ်း ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)က လာမည့် မေလ ၁၉-၂ဝရက် မတိုင်မီ တွေ့ဆုံဖိုု့ သဘောတူလိုက် ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)က ပြောသည်။
MPC...
ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် လူထုတွေ့ဆုံပွဲ ခရီးစဉ်စတင်
ဧပြီ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ကရင်လူထုများနှင့် တွေ့ဆုံရန် ကရင်အမျိုးသားအစည်း အရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဧပြီလ ၃ဝရက်နေ့၌ ထိုင်း-မြန်မာ နယ်စပ်မှ ရန်ကုန်သို့ ခရီးစဉ် စတင်လိုက်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်မှာ ဧပြီ...
မိကရင်ဘိလပ်မြေစက်ရုံကိစ္စ ဒေသခံဆန္ဒအဓိကဟု ကေအဲန်ယူခရိုင်အဆင့် ပြောဆို
ဧပြီ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း၊ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မိကရင်ကျေးရွာအနီး၌ရှိသော ကော့ဖျန်တောင်ကို Myanmar Ji Dong Cement ကုမ္ပဏီ လီမိ တက်မှ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်မှာ ဒေသခံများ၏ ဆန္ဒသာ အဓိကဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) သထုံခရိုင်က ဧပြီ...
ထူးချွန်ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုသည့် ပညာဒါနဆုချီးမြှင့်ပွဲ ကျင်းပပြီးစီး
ဧပြီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်အတွင်းရှိ ထူးချွန်ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုသည့် ဖားအံမြို့နယ်၊ တောင်ကလေးဆရာတော် အရှင်ပညာသာမိ၏ ပညာဒါနဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၂၇ရက်နေ့က ကျင်းပပြီးစီးသွားခဲ့သည်။
၂၀၁၂/၂၀၁၃ ပညာသင်နှစ်တွင် ဂုဏ်ထူး တစ်ဘာသာမှ ခြောက်ဘာသာ(ဘာသာစုံ)အထိ အောင်မြင်ကြသည့် ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံများမှ ကျောင်းသူကျောင်းသားပေါင်း ၅၆ဦးအား...
ဆွစ်ဇာလန်နိုင်ငံက ကိုယ်ထူကိုယ်ထ ကရင်စာသင်ကျောင်းကို ဆောက်လုပ်လှူဒါန်း
ဧပြီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ဆွစ်ဇာလန်နိုင်ငံ၏ ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးရွာများ ၌ ရှိနှင့်ထားပြီးဖြစ်သည့် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းများကို အဆောက်အဦးသစ်များဖြင့် ဆောက်လုပ်ပေး ကာ လာရောက်လှူဒါန်းသွားသည်ဟု သိရသည်။
၎င်းကျောင်းများကို ZMCC ကုမ္ပဏီနှင့် CECC ကုမ္ပဏီ ဆောက်လုပ်ရေးအဖွဲ့တို့မှ တာဝန်ယူဆောက်လုပ်ပေးနေပြီး...
ကရင်အမျိုးသားပါတီတည်ထောင်ရန် ဦးဆောင်သူ ၁၅ဦး ရွေးချယ်
ဧပြီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
‘ကရင်အမျိုးသားပါတီ’အမည်ရှိ ပါတီတစ်ခုကို တည်ထောင်ရန် ဦးဆောင်သူ ၁၅ဦးကို ဧပြီ ၂၇ရက်နေ့က ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်၊ ပေတောကျေးရွာ၌ ပြုလုပ်သည့် ပါတီတည်ထောင်ရေးလူထုတွေ့ဆုံပွဲတွင် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ပါတီဖြစ်မြောက်ရေးအတွက် ဦးဆောင်လုပ်ကိုင်နေသူများက ပြောသည်။
ယင်းသို့ ရွေးချယ်လိုက်သည့် ၁၅ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ မန်းသိန်းရွှေ၊ မန်းကျော်ငြိမ်း၊...
ကေအဲန်ယူ တပ်မဟာ(၇)က တန်ဖိုးနည်းအိမ်ရာ အလုံး ၁၀ဝ တည်ဆောက်မည်
ဧပြီ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်လျက်ရှိသည့် ကရင်ဒုက္ခသည်များနေရပ်ပြန်လာသည့်အခါ နေထိုင်နိုင်ရန်အတွက် ကရင်အမျိုး သားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)က ဦးစီးပြီး ၎င်းတို့၏ ထိန်းချုပ်နယ်မြေ မော်ဖိုးကေနှင့် မဲ့သရိဒေသများ တွင် တန်ဖိုးနည်း အိမ်အလုံး ၁၀ဝကို ဆောက်လုပ်ပေးသွားမည်ဟု သိရှိရသည်။
ကေအဲန်ယူ တပ်မဟာ(၇)၏...
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဖားအံဒေသခံ လယ်သမားအဖွဲ့များကို လာရောက်တွေ့ဆုံ
ဧပြီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
လယ်ယာမြေသိမ်းဆည်းခံရမှုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ရည်ရွယ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဧပြီ ၂၆ ရက်နေ့၌ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ဒေသခံဖားအံ လယ်သမားအဖွဲ့များကို လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဒေသခံများက မိမိတို့၏ လယ်ယာမြေများ သိမ်းဆည်းခံရသည့် ကိစ္စရပ်များကို...















