KIC News
မြဝတီ-ရန်ကုန်ပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီး မီးလောင်
ဇူလိုင် ၁၆ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
မြဝတီမှ ရန်ကုန်တိုက်ရိုက် ပြေးဆွဲသည့် “အာကာသ”ယာဉ်လိုင်းမှ ခရီးသည်တင်ကားတစ်စီးသည် ဇူလိုင်လ ၁၅ရက်(ယမန် နေ့)က ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်တောင်ပေါ်ကားလမ်း၌ ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ခရီး သည်များ၏ ပြောပြချက်အရ သိရသည်။
ကားမီးလောင်မှုကို ကိုယ်တိုင်တွေ့မြင်ခဲ့သူ ကော့ကရိတ်ကားသမားတစ်ဦးက “ကျနော်တို့...
ကရင်ရဟန်းပျိုများအသင်း(ဧရာဝတီတိုင်းဒေသကြီး)ကို တိုးချဲ့ဖွဲ့စည်းသွားမည်
ဇူလိုင် ၁၆ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ကရင်ရဟန်းပျိုများအသင်း (ဧရာဝတီတိုင်းဒေသကြီး)က ၎င်းတို့၏အသင်း ပိုမိုခိုင်မာမှု ရှိစေရေးအတွက် လာမည့် အောက်တို ဘာလ၌ တိုးချဲ့ဖွဲ့စည်းသွားမည်ဟု အသင်းဥက္ကဌဖြစ်သူ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် တက်ရောက်နေသည့် ဆရာ တော် ဦးဝိစိတ္တက ဇူလိုင် ၁၅ရက်နေ့တွင် ကေအိုင်စီသို့ မိန့်ကြားသည်။
“လာမယ့်...
ဗုံသံ
မူမမှန်တဲ့ ရာသီဥတုအောက်မှာ
လရောင်တွေ ကျန်းမာရေးယိုယွင်း
လတ်လတ်ဆတ်ဆတ် သစ်ရွက်တွေ
အအေးမိလိုက် အပူရှပ်လိုက်
အိပ်တန်းပြန်ငှက်တွေ ရေကြည့်လိုက်တော့
အကောင်မစုံဘူး။
အချိန်တွေ
ကြောက်ကြောက်လန့်လန့်နဲ့ နောက်ပြန်လှည့်ပြေးနေဆဲ
လိုအင်ဆန္ဒတွေ သွေးသံရဲရဲနဲ့
ရဲရဲဝံ့ဝံ့ ရှေ့ဆက်တိုးနေဆဲ
အောက်ငုံ့မကြည့်ကြနဲ့
ခူးဆွတ်ဖို့လက်တွေကို အပေါ်ဘက်ဆန့်တန်းထားပါ
ကြယ်တွေဆိုတာ
ကောင်းကင်မှာပဲ သီးကြပွင့်ကြတာ ။ ။
(ကွန်စစ်ကောင်း)
ချစ်ကြည်ရေးအတွက် မယ်တော်ဆေးခန်းနှင့် ထိုင်းစစ်တပ်တို့ သစ်ပင်ပန်းပင်များပူးပေါင်းစိုက်ပျိုး
ဇူလိုင် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
မိမိနေထိုင်သည့်နေရာများတွင် စိမ်းလန်းစိုပြေမှုရှိစေရန် ရည်ရွယ်၍ ထိုင်း-မြန်မာအခြေစိုက် မယ်တော်ဆေးခန်းမှ တာဝန်ရှိသူ များ၊ ထိုင်းစစ်တပ်များနှင့် မြန်မာရွှေ့ပြောင်းကျောင်းသားမိဘများ ပူးပေါင်းကာ ဇူလိုင် ၁၃ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပထဦးဆုံးအကြိမ် စုပေါင်းသစ်ပင်ပန်းမန်များ စိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင်ပန်းမန် စိုက်ပျိုးခြင်းကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း အသစ်ဆောက်မည့်နေရာနှင့်...
CSO နှင့် ပူးပေါင်းပြီး ဖိုရမ်တစ်ရပ် ကျင်းပနိုင်ရန် UNDP ကြိုးပမ်းလုပ်ဆောင်နေ
ဇူလိုင် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်(UNDP)နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) အဖွဲ့များ ပူး ပေါင်းပြီး လာမည့် စက်တင်ဘာလ၌ ဖိုရမ်(forum)တစ်ရပ်ကို ကျင်းပနိုင်ရန် ဖားအံမြို့ သုမေဓာရာမကြားတောရကျောင်းတွင် ဇူလိုင်လ ၁၂ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြသည်။
“CSO ရဲ့ အဓိက လိုအပ်ချက်တွေ၊...
တနသင်္ာရီမြို့နယ် ကေအဲန်ယူဒေသအတွင်း အစိုးရတပ်များ ပိုမိုလှုပ်ရှားလာ
ဇူလိုင် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်းဒေသကြီး၊ တနသင်္ာရီမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ဒေသများတွင် ယခုလဆန်း ပိုင်းမှစ၍ အစိုးရစစ်တပ်များက လုံခြုံရေးစစ်သားများချထားခြင်း၊ တပ်စခန်းများ ပြင်ဆင်မွမ်းမံခြင်း၊ စခန်းတစ်ခုနှင့်တစ်ခု သွား လာနိုင်ရန် ကားလမ်းများ ဖောက်လုပ်ခြင်း စသည့်လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံလူထု၏ ပြောပြချက်များအ ရ သိရသည်။
တနသင်္ာရီမြို့နယ်၊...
မီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရဟု ဘီအဲန်အိုင် သဘောထားထုတ်ပြန်
ဇူလိုင် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
မြန်မာပြည်တွင်းရှိ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက် ၄ဦးအား ထောင်ဒဏ် ၁ဝနှစ် ချမှတ် လိုက်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရခြင်းဖြစ်သည်ဟု နိုင်ငံတကာမြန်မာ့သတင်း (ဘီအဲန်အိုင်)က ဇူလိုင် ၁၂ရက်နေ့တွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
“၂၀၁၄ ခုနှစ် စကတည်းက အခုချိန်ထိ...
ကရင်လူငယ်ကွန်ရက်(ရန်ကုန်) လုပ်ငန်းကော်မတီဖွဲ့စည်း
ဇူလိုင် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ကရင်လူငယ်ကွန်ရက်(ရန်ကုန်)က ကရင်လူငယ်ရေးရာ အထွေထွေကိစ္စရပ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လုပ်ငန်းဖော် ဆောင်မှုကော်မတီတစ်ရပ်ကို ဇူလိုင် ၁၂ရက်နေ့၌ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား(အရှေ့မုဒ်)၊ အလယ်ပစ္စယံရှိ ကရင်ပိဋကတ် စာကြည့်တိုက်တွင် ပြုလုပ်သည့် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးပွဲတွင် ဖွဲ့စည်းလိုက်သည်။
“ရန်ကုန်ကရင်လူငယ်များအနေနဲ့ လူမှုရေး၊ အမျိုးသားရေး လှုပ်ရှားဆောင်ရွက်မှုများကို နယ်ပယ်အသီးသီး၊...
ရွှေ့ပြောင်းမြန်မာကျောင်းဆရာ၊ဆရာမများကို NLD ငွေကျပ်သိန်း ၁၀ဝလှူဒါန်း
ဇူလိုင် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေပြောင်းကျောင်း(၁၆) ကျောင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပညာရေးကွန်ရက်မှ ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)နှင့် ကျောင်းသုံးဗလာစာအုပ်များကို ဇူလိုင် ၁၃ရက်နေ့က လှူဒါန်းခဲ့ သည်။
ထိုသို့ လှူဒါန်းရာတွင် NLD ပညာရေးကွန်ယက်မှ ဗလာစာအုပ် ဒါဇင် ၁၀၀၊ တီရှပ်အထည် ၁၀ဝနှင့်...
ကရင်ပြည်နယ်ရှိ လူမှုအဖွဲ့များကို EITI သုတေသနအဖွဲ့ လာရောက်တွေ့ဆုံ
ဇူလိုင် ၁၁ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
အဂင်္လန်အခြေစိုက် EITI သုတေသန(Adam Smist International) အဖွဲ့သည် ကရင်ပြည်နယ် အခြေစိုက် လူမှုအဖွဲ့အစည်း များနှင့် ဖားအံမြို့ အမှတ် (၉)ရပ်ကွက်၊ ရတနာဒီပရှိ ငြိမ်းဖောင်းဒေးရှင်းရုံးတွင် ဇူလိုင် ၁ဝရက်နေ့က ပထမဦးဆုံးအကြိမ် လာ ရောက်တွေ့ဆုံခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံသည်...














