Home သတင်း ၂၀၁၄ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုု ‌နော်ဆာမူးရရှိ

၂၀၁၄ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုု ‌နော်ဆာမူးရရှိ

1472

‌မေ ၁ဝ ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ဖန်း‌ဖောင်‌ဒေးရှင်းမှ ‌ပေးအပ်‌သော ၂၀၁၄ခုနှစ်၊ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို လက်ရှိ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်(KESAN)၌ လူထုအကျိုးပြု ‌ဆောင်ရွက်‌နေသည့် ‌နော်ဆာမူး ရရှိသွားပြီး ‌မေလ ၉ ရက်‌နေ့တွင် ဆု‌ပေးအပ်ချီးမြှင့်ခဲ့သည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၇)ရှိ ‌လေးဝါးစခန်း၌ ပြုလုပ်‌သော ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲတွင် ဖန်း‌ဖောင်‌ဒေးရှင်းမှ ‌စော‌စေး‌စေးဖန်းနှင့် စလုံ့ဖန်းတို့ ကိုယ်တိုင် ‌နော်ဆာမူးကို ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု ‌ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဆုရရှိခြင်းအ‌ပေါ် ‌နော်ဆာမူးက “ကျမအ‌နေနဲ့ ဒီဆုကို ရနိုင်မယ်လို့ မထင်ထားသလို ကိုယ်နဲ့လည်း မထိုက်တန် ‌သေးဘူးလို့ ယူဆမိတယ်။ ‌နောက်ပြီး ဆုရရှိခြင်း‌ကြောင့် အမျိုးသား‌ရေးကို ဆက်လက်လုပ်‌ဆောင်ဖု့ိ ကျမကို တွန်းအား‌တွေ ဖြစ်‌စေတယ်။ ဒါ‌ကြောင့် ‌ခေါင်း‌ဆောင်း‌တွေ‌ရှေ့မှာပဲ ကျမအ‌နေနဲ့ အမျိုးသား‌ရေးကို ကျရာကဏ္ဍ မှာ ဆုံးခန်းတိုင်လုပ်‌ဆောင်သွားဖို့ ကတိ‌ပေးပါတယ်”ဟု နှီး‌နှောဖလှယ်ပွဲတွင် ‌ပြောကြားခဲ့သည်။

ထို့အပြင် ကရင်လူငယ်များအ‌နေဖြင့် ကရင့်သမိုင်း‌ကြောင်းများ‌လေ့လာရန်၊ ကရင်မျိုးချစ်စိတ်ကို ပိုမိုမြှင့်တင် တည်‌ဆောက်ရန်၊ လူငယ်များ ပိုမို‌ပေါင်းစည်ကြရန်၊ ပညာများကို ပိုမို ‌လေ့လာသင်ယူကြရန်နှင့် တပါးသူများကို ချစ်တတ်ရန်နှင့် မိမိရန်သူကို ကိုယ်တိုင်သိရှိရန် အ‌ရေးကြီးသည်ဟုလည်း ‌နော်ဆာမူးက ဆက်‌ပြောသည်။

‌နော်ဆာမူးသည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် ကြီးပြင်းလာသူတစ်ဦးဖြစ်ပြီး သူမ၏ ငယ်စဉ်ကာလ တ‌လျှောက် ကရင်‌ကျောင်းသားလူငယ်ကွန်ရက်(KSNG)တွင် အဆင့်ဆင့် တာဝန်ယူခဲ့ကာ လက်ရှိ မီဒီယာနှင့် ပတ်သက်၍ လွတ်လပ်‌သောအာရှအသံ(အာရ်အက်ဖ်‌အေ)၌ ကရင်တိုင်းရင်းသားဘာသာဖြင့် ပါဝင်လုပ်ကိုင်ခဲ့ သလို KESAN မှာလည်း လူထုအကျိုးပြုလုပ်ငန်း ‌ဆောင်ရွက်လျှက်ရှိ‌ကြောင်း သိရသည်။

ယခု ၂၀၁၄ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ရရှိသွားသည့် ‌နော်ဆာမူးကို ဖန်း‌ဖောင်‌ဒေးရှင်းက ဂုဏ်ပြုလက်မှတ်အပြင် အ‌မေရိကန် ‌ဒေါ်လာ ၂‌ထောင် ‌ပေးအပ်သွားမည်ဖြစ်သည်ဟု သိရသည်။

နှီး‌နှောဖလှယ်ပွဲသို့ တတ်‌ရောက်ခဲ့သည့် ကရင်လူငယ်တစ်ဦးဖြစ်သူ ‌စောဂျိုးကတ်က “ဒီလိုလူငယ်‌ခေါင်း‌ဆောင် ဆုကို ‌ပေးခြင်းအားဖြင့် လူငယ်‌တွေရဲ့လုပ်‌ဆောင်ချက်ကို အသိမှတ်ပြု‌ပေးတာ ဖြစ်သလို သူတို့‌တွေကိုလည်း ဒီအမျိုးသားအ‌ရေးအတွက် ဆက်လက်လုပ်‌ဆောင်သွားဖိုု့ကို တွန်းအား‌ပေးတာလည်း ဖြစ်တယ်။ ဒါ‌ပေမဲ့ ဒီလုပ်‌ဆောင်မှုများကို ပြည်တွင်းက ကရင်လူငယ်‌တွေ သိနိုင်‌အောင် ပိုပြီး လုပ်‌ဆောင်နိုင်ဖို့ လိုတယ်လို့ ယူဆတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုသည် ကရင်လူမှုအဖွဲ့အစည်းတွင် နိုင်ငံ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေး၊ စာ‌ပေ၊ ယဉ်‌ကျေးမှုလုပ်ငန်းများတွင် ‌ပေးဆပ်တာဝန်ယူသူ အသက် ၃၅နှစ်‌အောက် ကရင်လူငယ်‌မောင်မယ်များကို အား‌ပေးဂုဏ်ပြုသည့်အ‌နေဖြင့် ဖန်း‌ဖောင်‌ဒေးရှင်းက ၂၀၀၈ခုနှစ်မှစ၍ နှစ်စဉ် ချီးမြှင့်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ရက်‌နေ့က လုပ်ကြံခံရသည့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ၂၀၀၄ခုနှစ်တွင် ကွယ်လွန်သွားသည့် နမ့်‌ရွှေကျင်တို့ကို ရည်စူးကာ ကျန်ရစ်သူ သားသမီးများဖြစ်သည့် ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ဖန်း‌ဖောင်‌ဒေးရှင်းကို တည်‌ထောင်ခဲ့သည်။

ထိုသို့ တည်‌ထောင်ပြီးမှစ၍ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၀၈ခုနှစ်အတွက် ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ၂၀၀၉ခုနှစ်အတွက် ဖာပွန်ခရိုင်မှ ‌စောညွှန့်ဝင်း၊ ၂၀၁ဝခုနှစ်အတွက် ဘိတ်-ထားဝယ် ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖော၊ ၂၀၁၁ခုနှစ်အတွက် ဒူးပလာယာခရိုင်မှ FBR အဖွဲ့ဝင် ‌စောထူးထူးအယ်၊ ၂၀၁၂ခုနှစ် အတွက် မြန်မာပြည်တွင်းရှိ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ နမ့်သန္တာ‌အောင်နှင့် ၂၀၁၃ခုနှစ် အတွက် ကရင်အမျိုးသမီးအစည်းအရုံး(KWO) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောနီမရိုတို့အား ဖန်း‌ဖောင်‌ဒေးရှင်းက ‌ရွေးချယ်‌ပေးအပ်ခဲ့ပြီဖြစ်သည်။