Home သတင်း စာ‌ပေ၊ ယဉ်‌ကျေးမှု ထိန်းသိမ်းကြရန် ကရင်လူငယ်များကို ‌ကေအဲန်ယူ တိုက်တွန်း

စာ‌ပေ၊ ယဉ်‌ကျေးမှု ထိန်းသိမ်းကြရန် ကရင်လူငယ်များကို ‌ကေအဲန်ယူ တိုက်တွန်း

1961

‌မေ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ‌တောင်က‌လေးကရင်နှစ်သစ်ကူးကွင်းတွင် ကျင်းပသည့် ၄၅ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှုသင်တန်းဆင်းပွဲ၌ ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု မ‌ပျောက်မပျက်ထိန်းသိမ်း‌ဖော်‌ဆောင်ရန် ကရင်လူငယ်များကို ကရင်အမျိုး သားအစည်းအရုံး(‌ကေအဲန်ယူ) ပြည်ထဲ‌ရေးနှင့်သာသနာ‌ရေးဋ္ဌာနမှ တာဝန်ခံ ပဒို‌စောအားတိုးက ‌မေလ ၁ဝရက်‌နေ့တွင် တိုက် တွန်း‌ပြောဆိုလိုက်သည်။

ပဒို‌စောအားတိုးက “လူမျိုးတစ်မျိုးဟာ သူ့စာ‌ပေ၊ ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးတမ်း‌တွေ ရှိတယ်။ ကရင်မှာလည်း အဲဒါ‌တွေ အပြည့် အဝ ရှိတယ်။ ဒါ‌ကြောင့် ‌နောက်‌နောင် ဒီစာ‌ပေယဉ်‌ကျေးမှု‌တွေကို ပြန်ပြီး လက်ဆင့်ကမ်းနိုင်‌အောင် အထူးသဖြင့် ကရင်လူငယ် ‌တွေကို စာ‌ပေနဲ့ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးတမ်း‌တွေကို ထိန်းသိမ်းဖို့၊ မြှင့်တင်ဖို့နဲ့ တိုးတက်ပြန့်ပွားဖို့အတွက် သူတို့ရဲ့ လက်ထဲမှာ ရှိ တယ်။ ကရင်လူငယ်တိုင်း အဲဒါ‌တွေကို ကြိုးစား‌ဖော်‌ဆောင်ဖို့ တိုက်တွန်းလိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင်ပြည်နယ် စာ‌ပေယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းနှင့် ‌ဒေသခံများက ဦး‌ဆောင်၍ ‌မေလ ၇ရက်မှ ၁ဝရက်‌နေ့အထိ ကျင်းပသည့် ယင်းသင်တန်းဆင်းပွဲတွင် စာ‌ပေပြိုင်ပွဲ၊ ဒုံးအကပြိုင်ပွဲ၊ အတီးအမှုတ်ပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲ၊ ‌တေးသရုပ်‌ဖော်ပြိုင်ပွဲနှင့် ရိုးရာအားကစားဖြစ်သည့် ဂုံညှင်းပစ်ကစားခြင်း၊ ရိုးရာနဘမ်းကစားခြင်း၊ လက်‌ခြေအားပြိုင်ကစားခြင်း၊ ကျွဲရိုင်းဖမ်းကစားခြင်းများ ဖြင့် ရိုးရာအားကစား ၁ဝမျိုးကိုလည်း ပြိုင်ပွဲပြုလုပ်ခဲ့သည်။

ယင်းသင်တန်းဆင်းပွဲသို့ ‌ကေအဲန်ယူမှ ပဒို‌စောအာတိုး၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာ၊ ကရင်ပြည်နယ်ရှိ လွှတ် ‌တော်ဥက္ကဌနှင့် ဒုဥက္ကဌ၊ လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး၊ လျှပ်စစ်ဝန်ကြီး၊ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် ဗဟိုကွပ်ကဲ‌ရေး နှင့် အကြံ‌ပေး အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူ၊ ကရင်ပြည်နယ် စာ‌ပေယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဥက္ကဌ ‌စော‌အေးမြနှင့် သံဃာ‌တော်များ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ‌ကျေးရွာ‌ပေါင်း ၇၅ရွာမှ သင်တန်းသူ သင်တန်းသား များ စုစု‌ပေါင်း လူဦး‌ရေ ၃၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် စာ‌ပေယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်းဥက္ကဌ ‌စော‌အေးမြက “ဒီစာ‌ပေယဉ်‌ကျေးမှု သင်တန်းဆင်းပွဲသည် ကရင်တစ်မျိုးသားလုံးအတွက် ဆိုင်တဲ့ကိစ္စရပ်ဖြစ်တဲ့အတွက် ကရင်တစ်မျိုးသားလုံးက ပူး‌ပေါင်းပါဝင်ဖို့လို တယ်။ ပူး‌ပေါင်းပါဝင်တဲ့‌နေရာမှာ ဘာသာ‌ရေးအစွဲ၊ ပုဂ္ဂိုလ်‌ရေး အစွဲ၊ ‌ပြောတဲ့စကားအစွဲ၊ စာ‌ပေကွဲပြားမှုအစွဲကို မထားဘဲနဲ့ ကိုယ့် ဖာသာကိုယ် ကရင်တစ်မျိုးသားလုံး ကြီးပွားတိုးတက်ဖို့ ကမာ္ဘ့အလယ်မှာ မျက်နှာလှဖို့ ဦးစား‌ပေး‌ဆောင်ရွက်ပါလို့ ‌ပြောချင် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၄၅ကြိမ်‌မြောက် ကျင်းပသည့် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှုသင်တန်းဆင်းပွဲသည် ပြီးခဲ့သည့်နှစ်ထက် သင်တန်းသူ သင် တန်းသား လူဦး‌ရေများလာပြီး လာမည့် ၄၆ကြိမ်‌မြောက် ကရင်စာ‌ပေယဉ်‌ကျေးမှုသင်တန်းဆင်းပွဲကို လှိုင်းဘွဲမြို့နယ်၊ ကြာအင်း ရွာတွင် ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၄၄ကြိမ်‌မြောက် ကရင်စာ‌ပေယဉ်‌ကျေးမှုသင်တန်းဆင်းပွဲကို ဖားအံမြို့နယ် သံလွင်အ‌နောက်ခြမ်းရှိ ကြာအင်း‌ပေါ်‌တော် မူ‌ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။