Home သတင်း ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲ ‌ကေအဲန်ယူ တပ်မဟာ (၇)တွင် ကျင်းပပြီးစီး

ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲ ‌ကေအဲန်ယူ တပ်မဟာ (၇)တွင် ကျင်းပပြီးစီး

1116

‌မေ ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဖားအံခရိုင်၊ တပ်မဟာ(၇)၌ ‌မေလ ၆ ရက်‌နေ့မှ ပြုလုပ်ကျင်းပခဲ့သည့် ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲကို ယ‌နေ့က ပြီးစီးသွားပြီဖြစ်သည်။

အဆိုပါ နှီး‌နှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းများ၊ ကရင်ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ၊ ကရင်‌ရေးရာ‌ကော်မတီ၊ ကရင်လူငယ်နှင့် ကရင်အမျိုးသမီးများ၊ စသည့်ကရင်အဖွဲ့အစည်း (၂၅)ဖွဲ့နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း ၂၄ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲတွင် တက်‌ရောက်သူ ကိုယ်စားလှယ်များက ‌ကေအဲန်ယူ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ဆိုင်ရာများ သုံးသပ်‌ဆွေး‌နွေးခြင်းနှင့် ကရင်လူမျိုးများ၏ အနာဂတ် တည်‌ဆောက်‌ရေးဆိုင်ရာ ကရင်အမျိုးသား စီမံကိန်းနှင့် ပတ်သက်၍ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွား‌ရေး၊ လုံခြုံ‌ရေး၊ ဓ‌လေ့ထုံးတမ်း နှင့် ယဉ်‌ကျေးမှု၊ မျိုးနွယ်စုဆိုင်ရာ၊ ဒုက္ခသည်များအ‌ရေးများကို အဓိကထား၍ အပြန်အလှန် ‌ဆွေး‌နွေးခဲ့ကြသည် ဟု နှီး‌နှောဖလှယ်ပွဲ ဖြစ်‌မြောက်‌ရေး‌ကော်မတီထံမှ သိရသည်။ (သတင်း ဆက်လက်‌ဖော်ပြပါမည်)