Home သတင်း သံ‌တောင်မြို့နယ်တွင် မိုးသက်‌လေပြင်း‌ကြောင့် ‌ကျေးရွာနှင့် ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံး

သံ‌တောင်မြို့နယ်တွင် မိုးသက်‌လေပြင်း‌ကြောင့် ‌ကျေးရွာနှင့် ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံး

1258

‌မေ ၇ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် သံ‌တောင်မြို့နယ် ‌ဘောကလိမြို့နယ်ခွဲအတွင်း၌ ‌မေလ ၅ မှ ၆ ရက်‌နေ့တို့တွင် မိုးသက် ‌လေပြင်းတိုက်ခိုက်မှု‌ကြောင့် ‌ကျေးရွာ ၁၆ ရွာမှ ‌ဒေသခံ အိမ်‌ခြေအချို့နှင့် ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌လေပြင်းတိုက်ခိုက်သည့် ‌ဒေသသည် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေအတွင်းရှိ ကိုး‌ဟော်ဒဲ၊ ‌သေမူဒဲ၊ ‌မော့ခူဒဲ၊ ရှှိုခို့၊ ‌မောတူးဒဲ၊ ဖွီခွီး၊ ပယ်‌ကော်ဒဲ(စပါးကျီ) အပါအဝင် ‌ကျေးရွာ ၁၆ ရွာမှ အိမ်‌ခြေ ၃ဝ ‌ကျော် ပြိုလှဲပျက်စီးသကဲ့သို့ အိမ်‌ခေါင်မိုး အများအပြား လှန်ထွက်ခဲ့ပြီး ‌ဒေသခံများ၏ ဖာလာ၊ ကွမ်း၊ ဒညှင်းခြံနှင့် ကဖီ စသည့် ဥယျာဉ်ခြံ အများအပြားလည်း ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါ ‌ဒေသရှိ ‌ကေအဲန်ယူ ‌တောင်ငူခရိုင် တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောတာစီဖိုးက “အဲဒီ‌ဒေသ‌တွေက ‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေဆို‌တော့ စစ်‌ပြေး‌ရှောင်‌ဒေသ‌တွေပဲ။ ပျက်စီးသွားတာ‌တွေက‌တော့ အိမ်ဆိုရင် ရာခိုင်နှုန်းနဲ့ဆိုရင် ၆ဝ ရာခိုင်နှုန်းထက်ရှိတယ်။ အခုချိန်မှာ စားရင်းအတိအကျရဖို့ လုပ်‌နေတုန်းပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နေအိမ်ပျက်စီးသွားသည့် ‌ဒေသခံများသည် အခြားနီးစပ်သူ ‌ဆွေမျိုးနှင့် အသိမိတ်‌ဆွေ အိမ်များ‌အောက်တွင် ခိုလှုံ‌နေရ‌ကြောင်းနှင့် ဥယျာဉ်ခြံများ ပျက်စီးသွားသည့်အတွက် ‌ရှေးဆက် စားဝတ်‌နေ‌ရေးအ‌ခြေအ‌နေ စိုးရိမ်‌နေရ‌ကြောင်းနှင့် အလှူရှင်များ ရှိပါက လာ‌ရောက်ကူညီ‌စေလို‌ကြောင်းလည်း ယင်း‌ဒေသမှ ကိုး‌ဟော်ဒဲ ‌ကျေးရွာသူ ‌နော်ပ‌စော်ထူးက ‌ပြောသည်။

‌နော်ပ‌စော်ထူးက “ကျမတို့‌နေတဲ့ ‌တောင်‌ပေါ်‌ဒေသမှာ ဒီလိုမိုး‌တွေ ရွာ၊ ‌လေ‌တွေ အရမ်းတိုက်တဲ့အခါကျ‌တော့ ဥယျာဉ်ခြံ‌တွေက အကုန်ပျက်စီးတာ‌ပေါ့။ စားဝတ်‌နေ‌ရေးအတွက်လည်း စိုးရိမ်လာရပါတယ်။ အခုလို ဖြစ်တာကို သူများသိပ်မသိကြဘူး။ ရွာသား‌တွေ က‌တော့ မိုးဒဏ်‌လေဒဏ်ခံရတာ‌ပေါ့”ဟု သူမက ‌ပြောသည်။

သံ‌တောင်မြို့နယ် ‌ဘောကလိမြို့နယ်ခွဲအတွင်းရှိ ‌ဒေသခံများသည် ဥယျာဉ်ခြံဖြင့် အဓိက အသက်‌မွေးဝမ်း ‌ကျောင်းပြုကြပြီး ခြံထွက်သီးနှံများကို သံ‌တောင်မြို့နှင့် နီးစပ်ရာ ‌ကျေးရွာများတွင် သွား‌ရောက်‌ရောင်းချလျှက်ရှိ သည်ဟု သိရသည်။

၎င်း‌ဒေသတွင် ယခင်နှစ်များကလည်း အလားတူ မိုးသက်‌လေပြင်းတိုက်ခိုက်မှုများ ရှိခဲ့‌သော်လည်း ယခုလို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုမျိုး မရှိခဲ့‌ကြောင်း ‌ဒေသခံများက ဆိုသည်။