Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် ပြန်လည်သုံးသပ်ရန် ကရင်လူမှုအဖွဲ့များ KNU ထံ ‌မေတ္တာရပ်ခံ

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် ပြန်လည်သုံးသပ်ရန် ကရင်လူမှုအဖွဲ့များ KNU ထံ ‌မေတ္တာရပ်ခံ

1717

‌မေ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ဖားအံခရိုင် ‌လေးဝါးစခန်းတွင် ကျင်းပပြီးစီးခဲ့သည့် ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲ တက်‌ရောက်လာသည့် ပြည်တွင်းပြည်ပနှင့် နယ်စပ် ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကရင်အမျိုးသားအစည်းအရုံး KNU ထံသို့ ‌မေလ ၈ရက်‌နေ့က ‌မေတ္တာရပ်ခံသည့် အိတ်ဖွင့်‌ပေးစာတစ်‌စောင် ‌ပေးပို့ခဲ့‌ကြောင်း သိရသည်။

ယင်းစာကို နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်လာသည့် လူမှုအဖွဲ့အစည်း ၂၀‌ကျော်မှ ကိုယ်စားလှယ် ၈၉ဦးက လက်မှတ်‌ရေးထိုးကာ လက်ရှိ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ‌ဖော်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် နည်းဗျူဟာ များအ‌ပေါ် ပြန်လည်သုံးသပ်‌ပေးရန် ‌တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

Karen Affair Committee (KAC) အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်ပြီး ‌ကေအဲန်ယူ ရဲ့ မဟာဗျူဟာက ‌ကောင်းတယ်လို့ ကျ‌နော်တို့ယူဆတယ်။ ဒါ‌ပေမယ့် နည်းဗျူဟာက အားနည်းတယ်။ ဘာလို့လဲဆို‌တော့ ပွင့်လင်းမြင်သာမှု မရှိသ လို ထိ‌ရောက်မှုလည်း နည်းတယ်လို့ ယူဆတဲ့အတွက် ပြန်လည်သုံးသပ်ပြီး ပြင်သင့်ရင် ပြင်‌ပေးပါလို့ ‌တောင်းဆိုခြင်းဖြစ်ပါတယ် “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC_8035
‌ကေအဲန်ယူသည် မြန်မာအစိုးရနှင့် ၂၀၁၂ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲခဲ့ပြီး‌နောက်ပိုင်း အစိုးရတပ်မှ ‌ကေအဲန်ယူ ထိန်း ချုပ်နယ်‌မြေအတွင်း တပ်အင်အားတိုးချဲ့မှုများ၊ စခန်းအခိုင်အမာ တည်‌ဆောက်ခြင်းနှင့် လက်နက်ကြီးများတပ်ဆင်ထားခြင်း၊ အစိုးရအုပ်ချုပ်‌ရေးများ ချဲ့ထွင်လာခြင်း၊ code of conduct နှင့် တပ်‌နေရာချထား‌ရေး မပါဝင်ဘဲ NCA လက်မှတ်‌ရေးထိုးရန် ပြင် ဆင်ခြင်း စသည့်အချက်များကို တက်‌ရောက်လာသည့် ကရင်လူမှုအဖွဲ့အစည်းများက ‌ထောက်ပြကာ ‌တောင်းဆိုကြခြင်း ဖြစ် သည်။

ယင်းသို့ ‌မေတ္တာရပ်ခံ ‌တောင်းဆိုမှုများအ‌ပေါ် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “အခုလို တင်ပြလာ တဲ့အခါ မူ‌ကြောင့်လား၊ လူ‌ကြောင့်လား။ လက်ရှိသွား‌နေတဲ့ မူ‌ဘောင်အ‌ပေါ်မှာ ဘယ်‌လောက်ကွဲလွဲမှု‌တွေ ရှိ‌နေလဲဆိုတာကို တစ်ဦးတစ်‌ယောက်တည်းမဟုတ်ဘဲ ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ အ‌လေးအနက်ထားပြီး အပြန်အလှန် သုံးသပ်‌ဆွေး‌နွေးသွားရမှာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

၎င်းအပြင် ပွင့်လင်းမြင်သာမှုမရှိ‌သော စီးပွား‌ရေးလုပ်ငန်းများ ဝင်‌ရောက်လာခြင်းနှင့် ‌ဒေသခံများ၏ ‌မြေယာဆုံးရှုံးမှုဖြစ်‌ပေါ်ခြင်း၊ လူထု၏ ‌မြေယာပြဿနာများအ‌ပေါ် တာဝန်ယူနိုင်မှု ကင်းမဲ့‌နေ‌သေးခြင်း၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ် အမျိုးသမီးများ၏ ပါဝင်မှု ကို ‌ဖော်‌ဆောင်မှုမပြုနိုင်‌သေးခြင်း စသည့်အချက်များကိုလည်း ပြန်လည်သုံးသပ်‌ပေးရန် အဆိုပါ အိတ်ဖွင့်‌ပေးစာထဲတွင် လူမှုအ ဖွဲ့အစည်းများက ‌တောင်းဆိုခဲ့ကြ‌ကြောင်း သိရသည်။