KIC News
ကော့ကရိတ်မြို့နယ်အတွင်း ဒီကေဘီအေနှင့် အစိုးရတပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား
အောက်တိုဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကောင်းမှုရွာအနီးတွင် ယနေ့နံနက် ၁ဝနာရီမှစ၍ ၁၁နာရီခွဲအထိ ဒီမိုကရေစီအ ကျိုးပြုကရင့်တပ်မတော်(ဒီကေဘီအေ) ကလို့ထူးဝါးဗျူဟာမှ တပ်ဖွဲ့ဝင်များနှင့် မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် (စကခ-၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှု ဖြစ်ပွားနေသည်ဟု ဒီကေဘီအေ ကော့ကရိတ်ဆက်ဆံရေးရုံးက ပြောသည်။
ဒီကေဘီအေ ကော့ကရိတ်ဆက်ဆံရေးတာဝန်ခံ...
အစိုးရစစ်တပ် လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုကြောင့် ဒေသခံများထိတ်လန့်
အောက်တိုဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ပဲခူးတိုင်း ထန်းတပင်မြို့နယ်အတွင်းရှိ သဖန်းချောင်းဒေသ၌ အောက်တိုဘာလ ၆ရက်နေ့မှစ၍ ယမန်နေ့အထိ အစိုးရစစ်တပ် တပ်မ(၉၉)မှ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု အနီးဝန်းကျင်ရှိ ရွာသားများ ၏ ပြောပြချက်အရ သိရသည်။
အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက “ဒီလို အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ ကာလမှာ...
တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ၂၈ကြိမ်မြောက် KNU စစ်ဘက်ဆိုင်ရာ ဆေးသင်တန်းပြီးစီး
အောက်တိုဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုစစ်ဌာနချုပ် (သေ ဘေထာ့)တွင် ခြောက်လကြာ ဖွင့်လှစ်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ၂၈ကြိမ်မြောက် KNU စစ်ဘက်ဆိုင်ရာ ဆေး သင်တန်းဆင်းပွဲ အခမ်းအနားတစ်ရပ်ကို ၎င်းသင်တန်းနေရာတွင် ယမန်နေ့က ကျင်းပပြီးစီးခဲ့သည်။
အဆိုပါ စစ်ဘက်ဆိုင်ရာ...
မြဝတီမြို့တွင်း ကရင်အလံ လွှင့်ထူထားမှုများကို အစိုးရအာဏာပိုင်များ တားမြစ်
အောက်တိုဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ် မြဝတီမြို့အတွင်း မသက်ဆိုင်သည့် နေရာများတွင် ကရင်အမျိုးသားအလံ လွှင့်ထူထားမှုများ မပြုလုပ်ဘဲ လိုက်လံဖြုတ်သိမ်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးများကို သက်ဆိုင်ရာ မြန်မာအစိုးရ အာဏာပိုင်များက ညွှန်ကြားမှုပြုလုပ် လျှက်ရှိကြောင်း သိရသည်။
လက်ရှိ မြဝတီမြို့အခြေစိုက် အစိုးရတပ် အမှတ်(၂၇၅) ခြေလျင်တပ်ရင်း (ရှေ့တန်းရုံး)မှ တပ်ရင်းမှူးကိုယ်တိုင်...
ဖမ်းဆီးထောင်ချခံရသည့် ဒီကေဘီအေဒုဗိုလ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်
အောက်တိုဘာ ၇ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြအကျဉ်းထောင်တွင် ထောင်ဒဏ် ၂နှစ် ချမှတ်ခြင်းခံရသည့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အခြေစိုက် ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် (ဒီကေဘီအေ)ဌာနချုပ် လက်အောက်ခံ အထူးစစ်ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ်စော မြစောသည် မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား...
KNU တပ်မဟာ(၇) လေးကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲပြီးစီး
အောက်တိုဘာ ၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင် လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၇)က လေးကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲတစ်ရပ်ကို ၎င်းတို့၏ တပ်မဟာ ဌာနချုပ်နေရာတွင် ယနေ့ ကျင်းပပြီးစီးခဲ့သည်။
တပ်ရင်းများအလိုက်ရှိ တပ်သားများ၏ အခြေခံ အရည်အသွေးပြည့်ဝစေရန် ရည်ရွယ်၍ KNLA တပ်သား...
လှိုင်းဘွဲမြို့နယ် စီဖိုးခီးရွာတွင် ပထမဦးအကြိမ် ကမ္ဘာ့ဆရာများနေ့ ကျင်းပခဲ့
အောက်တိုဘာ ၇ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ ကရင်ပညာရေးဌာန(KED) ၏ ဒေသဆိုင်ရာ ပညာရေးတာဝန်ခံများ က ဦးဆောင်၍ (ကေအဲန်ယူ)ထိန်းချုပ်ရာနယ်မြေ တပ်မဟာ(၇) စီဖိုးခီးရွာတွင် အောက်တိုဘာ ၅ရက်နေ့က ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ပထမဦးဆုုံးအကြိမ် ပြုလုပ်ကျင်းပခဲ့ရာ လူပရိဿတ်ပေါင်း ၂၀ဝနီးပါး တက်ရောက်ခဲ့ကြသည်။
“ကျနော်တို့က ကျောင်းဆရာလုပ်တာကြာပြီး...
ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပူးပေါင်းဆောင်ရွက်ရန် ကရင်လွှတ်တော်ကိုယ်စားလှယ်များနှင့် KUPC ပြောဆို
အောက်တိုဘာ ၆ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
မြန်မာနိုင်ငံရှိ ပါတီပေါင်းစုံမှ ကရင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသား စည်းလုံးရေးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးကော်မတီ(KUPC)တို့သည် အောက်တိုဘာလ ၄ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ Royal graceဟိုတယ် ၌ တွေ့ဆုံခဲ့ကြပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းဆောင်ရွက်ကြရန် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုပူးတွဲထုတ်ပြန်ချက်တွင် လုပ်ဆောင်နေဆဲငြိမ်းချမ်းရေး ဆက်လက်...
ဖားအံမြို့အနီး လှိုင်းပုံရွာတွင် သေနတ်ဒဏ်ရာဖြင့် လူသေလောင်းတစ်လောင်း တွေ့ရှိ
အောက်တိုဘာ ၅ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့အနီးရှိ လှာကဒေါင်ကျေးရွာအုပ်စု လှိုင်းပုံရွာ၌ ယနေ့နံနံက် ၆နာရီတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံး နေသည့် အသက် ၃ဝ ဝန်းကျင်အရွယ်ရှိ လူငယ်တစ်ဦး၏ အလောင်းတစ်လောင်းကို ရွာခံများက တွေ့ရှိခဲ့သည်။
လှိုင်းပုံရွာရှိ ကုန်းတံတားတစ်ခုအပေါ်၌ အဆိုပါသေဆုံးသွားသူသည် ARMY စာလုံးပါသည့် စစ်ရောင်အကျင်္ီ...
KNU ဘိတ်-ထားဝယ်ခရိုင်တွင် နီပွန်ဖောင်ဒေးရှင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးအပ်
အောက်တိုဘာ ၅ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း
တနသင်္ာရီတိုင်းဒေသကြီးရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း ရေဖြူမြို့နယ်၊ ကျေးဇူးတော်ရွာတွင် The Nippon Foundation (နီပွန်ဖောင်ဒေးရှင်း)က ဆန်အိတ်နှင့် အခြား ပစ္စည်းများကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၃ ရက်နေ့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အိမ်ထောင်စု (၆၄)စုရှိပြီး...















