KIC News
အပြန်အလှန်နားလည်မှုရှိရန် ထားဝယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် KNU ဘိတ်-ထားဝယ်ခရိုင် တွေ့ဆုံ
အောက်တိုဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင်က အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ အကူအညီပေး လုပ် ဆောင်နေမှုများနှင့် မိမိတို့ KNU ၏ သဘောထားများကို အပြန်အလှန် ပိုမိုနားလည်လာစေရန် ရည်ရွယ်၍ ထားဝယ်အခြေစိုက် ကရင်လူထုအခြေပြုအဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့များနှင့် အောက်တိုဘာလ ၁ရက်နေ့က...
ဥပဒေရေးရာ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကရင်ဥပဒေပညာရှင်အဖွဲ့ စတင်ဖွဲ့စည်း
အောက်တိုဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ကရင်လူထုနှင့် တိုင်းရင်းသား နိုင်ငံသားအားလုံးကို ဥပဒေရားရာအကျိုးပြု ကိစ္စရပ်များကူညီပေးရန် ရည်ရွယ်၍ ကရင်ဥပဒေ ပညာရှင်များအဖွဲ့(Kayin Legal Association)ကို စက်တင်ဘာလကုန်ပိုင်းက ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း အဖွဲ့အတွင်းရေးမှူး အထက်တန်းရှေ့နေ စောဂျက်ကော့ထူးက ပြောသည်။
“အခုလို KLA ဖွဲ့လိုက်ရတဲ့ ရည်ရွယ်ချက်က တရားဥပဒေစိုးမိုးရေး၊...
မြဝတီမြို့ရေလယ်ကျွန်းတွင် လက်နက်ခဲယမ်းများနှင့် လူ ၃ဦးကို ဖမ်းဆီးရမိ
အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
မြဝတီမြို့ အမှတ် ၂ရပ်ကွက်၊ ရေလယ်ကျွန်းနံဘေးရှိ (ငြိမ်းချမ်းအောင်ဘုန်းကြီးကျောင်းတိုက်)အနီး ရွှေကျွန်းတွင် ယမန်နေ့က မြို့နယ်လုံခြုံရေး တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေ ရှင်းလင်းရာ လက်နက်ခဲယမ်းအချို့နှင့်အတူ လူ ၃ဦးကို ဖမ်းဆီးရမိသည်ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
အဆိုပါကျွန်းကို နယ်မြေခံ အစိုးရစစ်တပ်၊ နယ်ခြားစောင့်တပ်၊...
ပြည်နယ်အစိုးရက ဖားအံစက်မှုဇုန်ရှိ လယ်ယာမြေပိုင်ရှင်များအား နစ်နာကြေး စီစဉ်ပေးမည်ဟုဆို
အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံစက်မှုဇုန်တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ၏ ပိုင်ရှင်လယ်သမားများ နစ်နာမှုမရှိ စေရန် ပြည်နယ်အစိုးရအနေဖြင့် စီစဉ်လုပ်ဆောင်ပေးမည်ဟု ကရင်ပြည်နယ် စက်မှုနှင့်လျှပ်စစ်စွမ်းအင်ဝန်ကြီး စောကြည်လင်း က ကေအိုင်စီသို့ ပြောသည်။
“စက်မှုဇုန်မှာ ပါဝင်သွားတဲ့ လယ်ယာမြေတွေအတွက် ပြန်စဉ်းစားပေးရမယ်။ လယ်မြေတွေကို စက်မှုဇုန်တည်ဆောက်ဖို့ အကွက်တွေကွက်ပြီး...
ပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေးတွင် ယဉ်ကျေးမှုဥပဒေမူကြမ်း အဆိုတင်သွင်းမည်
အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၌ လာမည့် ပြည်နယ်လွှတ်တော် ပထမအကြိမ် ဒဿမပုံမှန်အစည်းအဝေးအတွင်း ကရင်ပြည်နယ်ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေမူကြမ်းကို တင်သွင်းသွားမည်ဟု ပြည်နယ်လွှတ်တော်အမတ် စောမင်းအောင်လင်းက အောက်တိုဘာ ၁ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင်လည်းကောင်း၊ ဟိုတယ်မိုတယ်အဆောက်အဦးများ ဆောက်လုပ်ရာတွင်လည်းကောင်း၊ စက်ရုံအလုပ်ရုံများ တည်ဆောက်ရာတွင်...
ကေအဲန်ယူတပ် KNLA နှင့် အစိုးရစစ်တပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား
အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)၊ မုန်းမြို့နယ် မောနဲလမ်း၌ ယမန်နေ့နံနက် ၁၁နာရီခွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာအစိုးရစစ်တပ် တို့အကြား ပစ်ခတ်မှုတစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၀)လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၅၉၈)မှ အင်အား ၂၀ကျော် လှုပ်...
စစ်ဘေးခံမိသားစုများအား တန်ဖိုးနည်းအိမ်ရာများတွင် နေရာချထားပေးပြီး
စက်တင်ဘာ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) နယ်မြေအတွင်း ဆောက်လုပ်ပြီးစီးခဲ့သော တန်ဖိုးနည်းအိမ်ရာအလုံး (၁၅၀) တွင် စစ်ဘေးကြောင့် အိမ်ခြေမဲ့နေသည့် မိသားစုများကို စက်တင်ဘာလအတွင်း စတင် နေရာချထားပေးပြီးဖြစ်ကြောင်း ထိုဒေ သ၏ ဖွံ့ဖြိုးရေးနှင့် ပြန်လည် နေရာချထားရေးတာဝန်ခံ ဗိုလ်မှူးစောရန်နိုင်က ကေအိုင်စီသို့...
ပစ်ခတ်ခံရ၍ ကော့ကရိတ်-ဖားအံ ပြည့်အားမာန်လိုင်းကားမှ ခရီးသည်တစ်ဦးဒဏ်ရာရ
စက်တင်ဘာ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ် ကော့ကရိတ်မှ ဖားအံမြို့သို့ ပြေးဆွဲသော ပြည့်အားမာန်ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီးသည် စက်တင် ဘာ ၂၉ရက်နေ့၊ မွန်းလွဲ ၁နာရီခွဲအချိန်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်စု၏ ပစ်ခတ်မှုကြောင့် ခရီးသည်တစ်ဦး ဒဏ် ရာရရှိသွားခဲ့ကြောင်း သိရသည်။
“ကျနော်ကား ပစ်ခံရတာကတော့ သာမညအလွန်...
နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်များရေးဆွဲရေး ပိုရှုတ်ထွေးလာနိုင်ဟု NCCT ပြောဆို
စက်တင်ဘာ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးသည့်တိုင်အောင် နိုင်ငံရေးဆွေးနွေးပွဲအတွက် လုပ်ဆောင်ချက် မူဘောင်များ (Technical Framework)ရေးဆွဲသည့်အခါ ရှုတ်ထွေးလာနိုင်ဖွယ်ရှိသည့်အတွက် ယခုထက် ပိုမိုဆွေးနွေးရဦးမည် ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ဒုတိယအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက စက် တင်ဘာ ၂၇ရက်နေ့တွင်...
အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးသင်တန်းကို KNU ဦးစီးပြုလုပ်ခဲ့
စက်တင်ဘာ ၂၉ရက်၊၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်ကာလနှင့် အပစ်အခတ်ရပ်စဲရေး ကာလအတွင်း စောင့်ကြည့်လေ့လာနိုင်ရေးအတွက် အထောက်အကူပြုသင်တန်းတစ်ရပ်ကို ထိုင်း-မြန် မာနယ်စပ်တစ်နေရာတွင် ယနေ့ ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၆ရက်နေ့မှ ၂၉ရက်နေ့အထိ အဂင်္လန်နိုင်ငံ အခြေစိုက် အစိုးရမဟုတ်သည့်အဖွဲ့(NGO) အဖွဲ့...














