Home အမြင်သဘောထား နယ်စပ်ရှိ ဒုက္ခသည်များနှင့် ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအ‌ပေါ်အမြင်

နယ်စပ်ရှိ ဒုက္ခသည်များနှင့် ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအ‌ပေါ်အမြင်

1964

၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ရက်မှာ ကျင်းပပြုလုပ်‌တော့မဲ့ မြန်မာနိုင်ငံရဲ့ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအ‌ပေါ် ပြည်တွင်း‌နေ
မဲဆန္ဒရှင်‌တွေလို တိုက်ရိုက် မသက်ဆိုင်‌ပေမဲ့လည်း မိမိ‌ရောက်ရှိရာ အရပ်‌ဒေသက မြန်မာနိုင်ငံသား‌တွေဖြစ်တဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမားများနဲ့ နယ်စပ်ဒုက္ခသည်များရဲ့ အမြင်‌လေးများကို ကရင်သတင်းဋ္ဌာနက စုစည်း‌ဖော်ပြ‌ပေးထားပါတယ်။

‌စော‌အောနက် (ဥက္ကဋ္ဌ ၊ မယ်လဒုက္ခသည်စခန်း‌ကော်မတီ)
All Nice Mae la camp
စခန်းထဲမှာရှိတဲ့ လူထု‌တွေက‌တော့ သူတို့နဲ့ သိပ်မဆိုင်သလိုလို အများအားဖြင့်‌တော့ ရှိ‌နေကြတယ်။ သူတို့က မြန်မာ ပြည်နဲ့လည်း အလှမ်း‌ဝေး‌နေတာ ကြာလှပြီ။ စခန်းထဲမှာပဲ သူတို့ရဲ့‌နေ့စဉ် စားဝတ်‌နေ‌ရေးအတွက် လုပ်‌နေရ‌တော့ သိပ်စိတ်ဝင် စားမှု မရှိကြဘူး ထင်တယ်။ တစ်ချို့လည်း စိတ်ဝင်စားတာ ရှိရင်ရှိမယ်။ ကျ‌နော့်တစ်‌ယောက်အ‌နေနဲ့ဆိုရင်‌တော့ အခုလာမယ့် ‌ရွေး‌ကောက်ပွဲအ‌ပေါ် စိတ်ဝင်စားမှု‌တော့ရှိတယ်။ ဒါ‌ပေမယ့် ကိုယ်နဲ့မဆိုင်သလို‌တော့ ခံစားရတယ်။ မှတ်ပုံတင်မရှိ၊ အိမ်‌ထောင်စု စာရင်းမရှိနဲ့ ကျ‌နော်တို့ကလည်း မြန်မာပြည်သား‌တွေပဲ။ မြန်မာပြည်မှာ ‌မွေးပြီး‌တော့ အဲလိုအခွင့်အ‌ရေးမရတာ‌တော့ တစ်မျိုး ‌တော့ ဖြစ်တာ‌ပေါ့။ ကျ‌နော့်မှာ အဲလိုသက်‌သေတစ်ခုခုရှိရင်‌တော့ မဲ‌ပေးချင်တာ‌ပေါ့။
အခုက‌တော့ သတင်း‌တွေပဲကြည့်ပြီး သုံးသပ်‌ဝေဖန်ရတာ‌ပေါ့။ မြန်မာပြည်မှာ‌တော့ ‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်ပြီး တစ် ခါမှ မဲ‌ပေးဖူးတဲ့ အ‌တွေ့အကြုံမျိုး မရှိ‌သေးဘူး။ ကျ‌နော် မဲ‌ပေးဖူးတာက ဒီဒုက္ခသည်စခန်းက ‌ခေါင်း‌ဆောင်‌တွေ ‌ရွေး‌ကောက်တင် ‌မြှောက်တာပဲ လုပ်ဖူးတယ်။ အခုလာမယ့် ‌ရွေး‌ကောက်ပွဲက‌တော့ သတင်းထဲမှာ ‌တွေ့‌နေရတာ‌တွေ‌လောက်ပဲ သိရတယ်။ ဘယ် လို‌ပေးရမယ်ဆိုတာ ‌သေ‌သေချာချာ မသိဘူး။ ကျ‌နော်ဖြစ်‌စေချင်တာက‌တော့ ‌ရွေး‌ကောက်ပွဲအတွက် တာဝန်ရှိသူ‌တွေက အပြင် ‌ရောက်‌နေတဲ့သူ‌တွေပဲဖြစ်ဖြစ်၊ ကျ‌နော်တို့လို ဒုက္ခသည်စခန်းမှာ ‌နေရတဲ့သူ‌တွေဖြစ်ဖြစ် သူတို့အ‌နေနဲ့လာပြီး ‌ရွေး‌ကောက်ပွဲနဲ့ပတ် သက်ပြီး အချိန်ရမယ်ဆိုရင် ‌ပြောပြ၊ ရှင်းပြတာမျိုး‌တွေလုပ်မယ်ဆိုရင် ပို‌ကောင်းတာ‌ပေါ့။ မ‌ပြောပြလည်း လက်ကမ်းစာ‌စောင်လို မျိုးနဲ့ဆိုရင် ဒီကလူ‌တွေလည်း ‌လေ့လာလို့ရတာ‌ပေါ့။ အခုချိန်အထိ ကျ‌နော်တို့စခန်းမှာ အဲလိုမျိုး ဘာမှမရှိ‌သေးပါဘူး။

‌နော်‌ဘော့‌ညော (ဥက္ကဋ္ဌ၊ အုန်းဖျန်ဒုက္ခသည်စခန်း KWO)
DSC08018
ဒီ‌ရွေး‌ကောက်ပွဲက ကျမအတွက် သိပ်မထူးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်မယ်ဆိုရင်‌တော့ အားလုံးက စိတ်ဝင်စားကြ မှာဖြစ်သလို ကမ္ဘာကလည်း ပိုပြီးစိတ်ဝင်စားမယ်ထင်ပါတယ်။ မဟုတ်ရင်‌တော့ ဒီ‌ရွေး‌ကောက်ပွဲက ဗန်းစကားအရ‌ပြောရင် ‘အင်’ ပဲ ဖြစ်မှာပါ။ ‌ရွေး‌ကောက်ပွဲနဲ့ ပတ်သက်ပြီး‌တော့ ကျမတို့ ဒီမှာ‌နေရတဲ့သူ‌တွေအ‌နေနဲ့‌ပြောရရင် ‌ကျေနပ်မှုမရှိသလို ယုံကြည်မှု လည်း မရှိဘူး‌ပေါ့။ သတင်း‌တွေမှာလည်း ‌တွေ့‌နေရတာက စနစ်တကျ ပြုလုပ်လာခဲ့တာမရှိဘူး။ မဲထည့်ချင်တဲ့သူ‌တွေက‌တော့ မဲမထည့်ရ‌ပေမယ့် မဲ‌ပေးခွင့်ရှိသူ‌တွေကျ‌တော့လည်း ‌ရွေး‌ကောက်ပွဲကို နားမလည်တဲ့သူ‌တွေက များ‌နေတယ်။ မဲကို ဘယ်လို ထည့်ရမယ်ဆိုတာ မသိကြဘူး။ ကျမတို့ ဒုက္ခသည်စခန်းကလူ‌တွေက မှတ်ပုံတင်လည်း မရှိကြဘူး။ တကယ်လို့ ပြန်ထည့်ရရင် ‌တောင်မှ အ‌ခြေအ‌နေ‌တွေက ထူးလာမှာ မဟုတ်ဘူးလို့ ယူဆကြ‌တော့ ဘယ်သူမှလည်း စိတ်ဝင်စားမှု မရှိကြပါဘူး။
ဟိုး အရင် ဝန်ကြီးဦး‌အောင်မင်း‌ပြောတာကျ‌တော့ ပြည်ပ‌ရော ပြည်တွင်း‌ရော ဘယ်မှာပဲရှိရှိ မဲထည့်တဲ့အချိန်ကျရင် မဲပြန်လာထည့်ဖို့‌ပေါ့။ မြန်မာနိုင်ငံသားဖြစ်ပြီး မဲ‌ပေးခွင့်ရှိသူ‌တွေ ပြန်ထည့်လို့ရတယ် ‌ပြောတယ်။ ဒါ‌ပေမယ့် စခန်းမှာကျ‌တော့ ဘယ်စခန်းမှ မဲပြန်ထည့်လို့ရတယ်ဆိုတာကို တစ်‌ယောက်မှလည်း မကြားဖူး‌သေးဘူး။ မဲပြန်ထည့်မယ်ဆိုတာ ကြားရသ‌လောက် တစ်‌ယောက်မှ ‌ပြောဆိုသံ မရှိ‌သေးပါဘူး။ ကရင်ပါတီ‌တွေ‌ရော အစိုးရ‌ရော မဲထည့်ဖို့ကို လာပြီး စီစဉ်‌ပေးတာ၊ ‌ပြောဆိုတာ ခုထိ မရှိ‌သေးပါဘူး။
ကိုယ့်ကရင်ပါတီ‌တွေကို ကျမအ‌နေနဲ့ တစ်စုတစ်စည်းတည်း ဖြစ်‌စေချင်တယ်။ ပါတီများ‌နေမယ်။ ပါတီကွဲ‌နေမယ်ဆိုရင် မဲရမယ့်အ‌ခြေအ‌နေရှိမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ဒီ‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်ပြီး ‌သေချာသိရှိနားလည် တဲ့သူ‌တွေ မရှိဘူး။ တခြားနိုင်ငံ‌တွေမှာလို မဲ‌ရွေးတဲ့ နည်းလမ်းအားလုံးကို သိရှိမှသာလျှင် ‌ရွေးချယ်ရမယ့်အပိုင်းမှာ ဘယ်သူ့ကို ‌ရွေးချယ်ရမလဲ။ ဘယ်လိုပုံစံနဲ့ ‌ရွေးချယ်ရမှာလဲ။ ကရင်ပါတီ‌တွေအ‌နေနဲ့‌ရော ဘယ်လိုအ‌ရွေးခံရမယ်ဆိုတာကို ဘယ်လိုပူး‌ပေါင်း ပါဝင်ရမလဲဆိုတာ နည်းလမ်းသိထားရင် ပို‌ကောင်းမယ်ထင်ပါတယ်။ ‌နောက်တစ်ခုက ကရင်ပါတီ‌တွေမှာ ကရင်‌တွေကို ဦးစီးဦး ‌ဆောင်ပြုတဲ့ ကရင်ပါတီ‌တွေရှိသလို အခြား‌သော ကရင်ပါတီ‌တွေ ကျမတို့ ကရင်ပြည်သူ‌တွေနဲ့ တိုင်ပင်‌ဆွေး‌နွေးမှုနဲ့ လုပ်‌ဆောင် သွားတာ‌တွေ မရှိဘူး။ သူတို့‌တွေဟာ တခြား‌သော တိုင်းရင်းသား‌တွေ အဖွဲ့အစည်း‌တွေရဲ့ ‌ကျော‌ထောက်‌နောက်ခံ‌တွေ ပံ့ပိုးမှု‌တွေ ဖြစ်‌နေတဲ့အခါကျ‌တော့ ကရင်ပါတီ‌တွေအားလုံး စုစည်းတိုင်ပင်‌ဆွေး‌နွေးပြီး လုပ်‌ဆောင်သွားမယ်ဆိုရင်‌တော့ ပို‌ကောင်းမယ်လို့ ထင်ပါတယ်။

ကိုမြမင်း‌အောင် (‌ကျောင်းဆရာ၊ ‌ရွှေ့‌ပြောင်းအလုပ်သမား စာသင်‌ကျောင်း)
migrant worker
ကျ‌နော်တို့ဟာ မြန်မာနိုင်ငံသားစစ်စစ်‌တွေဖြစ်ပြီး အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ရွှေ့‌ပြောင်း‌ဒေသကို ‌ရောက်‌နေ‌ပေမယ့် ဒီ‌ရွေး‌ကောက်ပွဲက ကျ‌နော်တို့အတွက် အင်မတန်မှ အ‌ရေးပါတယ်လို့ ထင်တယ်။ ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ(migrant worker)အ‌နေနဲ့က မိမိရဲ့ မိသားစုဝမ်း‌ရေးအတွက် အဓိက ‌ရောက်လာကြသူ‌တွေဖြစ်တဲ့အတွက် မိသားစု စားဝတ်‌ရေး လုံးပမ်း ‌နေရတဲ့အတွက် ဒီနိုင်ငံ‌ရေးပိုင်း‌တွေမှာ စိတ်ဝင်စားမှုရှိ‌ပေမယ့်လည်း အားနည်းတာ ‌တွေ့ရတယ်။ ၂၀၁ဝက ကျ‌နော်တို့ မြဝတီမှာ မဲရုံတို့‌တွေ သွား‌လေ့လာခဲ့တယ်။ ကျ‌နော်တို့က ‌ရွှေ့‌ပြောင်း‌ဒေသကို ‌ရောက်‌နေတဲ့သူ‌တွေ ဖြစ်တဲ့အတွက် ကိုယ်တိုင် မဲ‌ပေးချင် ‌ပေမယ့် မ‌ပေးခဲ့ရဘူး။ သို့‌သော်လည်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက အကြီးအကဲ‌တွေက နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU)ကို လက်မှတ်ထိုးပြီး‌တော့ ကျ‌နော်တို့ကို အခွန်အခ‌တွေယူပြီး အလုပ်လုပ်ပိုင်ခွင့် (Work Permit)‌တွေ၊ ပြည်ဝင်ခွင့်(Visa)‌တွေကို လုပ်‌ပေးတယ်။ MOU လက်မှတ်‌တွေ လုပ်ပိုင်ခွင့်လက်မှတ်‌တွေ ကိုင်‌ဆောင်ထားတဲ့ မြန်မာပြည်သား‌တွေက မဲ‌ပေးကို‌ပေးရမယ် လို့ ယုံကြည်‌ပေမယ့် ကျ‌နော်တို့ မဲမ‌ပေးခဲ့ရဘူး။ သူတို့ရဲ့ ကန့်သတ်ချုပ်ချယ်မှု‌တွေ ရှိတယ်။ ပြည်တွင်းမှာလည်း မဲမသမာမှု‌တွေ၊ စစ်မှန်တဲ့ အိမ်‌ထောင်စု‌တွေလည်း ကျန်ခဲ့တာကို ကျ‌နော်တို့ ‌လေ့လာ‌တွေ့ရှိထားတယ်။ ပြီးခဲ့တဲ့ ‌ရွေး‌ကောက်ပွဲကို‌တော့ မျှတခဲ့ တယ်လို့ ကျ‌နော်တို့ မယူဆခဲ့ဘူး။
ကျ‌နော်တို့က ကိုယ့်နိုင်ငံရဲ့ အ‌ပြောင်းအလဲအတွက် မဲ‌ပေးချင်တယ်။ အခု မြဝတီမှာရှိတဲ့ NLD တာဝန်ရှိသူ‌တွေကို လှမ်း ညှိထားတယ်။ ကျ‌နော်တို့ MOU ကိုင်ထားတဲ့သူ‌တွေမှာ မှတ်ပုံတင်ကိုင်ထားတဲ့သူလည်း ရှိတယ်။ အိမ်‌ထောင်စုရှိတဲ့သူလည်း ရှိ တယ်။ မရှိတဲ့သူ‌တွေလည်း မရှိကြဘူး။ ဒီအ‌ပေါ်မှာ ဘယ်လိုလုပ်‌ပေးမလဲဆိုတာ ကျ‌နော်တို့က သူတို့အ‌ဖြေကို ‌စောင့်‌နေတယ်။ ဒီ ၂၀၁၅ မှာ လက်ရှိ်အုပ်ချုပ်‌နေတဲ့ အစိုးရရယ်၊ နိုင်ငံ‌ရေးယှဉ်ပြိုင်မဲ့ပါတီကြီး‌တွေက သူတို့‌ပြောတဲ့အတိုင်း မျှတတဲ့ ‌ရွေး‌ကောက် ပွဲကြီးဖြစ်‌အောင် လုပ်မယ်ဆိုရင်‌တော့ ကျ‌နော်တို့နိုင်ငံဟာ အတိုင်းထက်အလွန် တကယ်အုပ်ချုပ်နိုင်မယ့် ပါတီတက်လာမယ်လို့ ကျ‌နော်ထင်တယ်။ ကျ‌နော်တို့နိုင်ငံကို ကမ္ဘာ့နိုင်ငံ‌တွေကပါ ‌စောင့်ကြည့်‌နေတဲ့ အ‌နေအထားမှာ ဒီနိုင်ငံ၊ ဒီပြည်သူ‌တွေရဲ့ တိုးတက် ရာတိုးတက်‌ကြောင်းကို ဘယ်ပါတီက လုပ်နိုင်သလဲ၊ လုပ်နိုင်တဲ့ပါတီက တက်လာဖို့ပဲ ကျ‌နော်တို့ ‌မျှော်လင့်တယ်။
ကျ‌နော့်သီးခြားအမြင်အရ ကျ‌နော်တို့မြန်မာပြည်က ပြည်သူ‌တွေအားလုံး ပညာ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး‌တွေမှာ မွန်း ကြပ်‌နေခဲ့တာကြာပြီ။ အာဏာရှင်စနစ်‌အောက်မှာ နှစ် ၅၀‌ကျော်ကို ‌နေခဲ့ပြီးပြီ။ အခုတိုးတက်လာပြီးလို့‌ပြောတဲ့ စကားအတိုင်း ကျ‌နော်က‌တော့ တိုးတက်‌စေချင်တယ်၊ ‌ပြောင်းလဲ‌စေချင်တယ်၊ ပြုပြင်‌စေချင်တယ်။ လူထုဘဝကို အ‌ခြေပြုတဲ့နိုင်ငံတစ်ခုမှာ လူထုဟာ လွတ်လပ်စွာ ကိုယ့်ရဲ့ကိုယ်ကျိုး‌ရော၊ တိုင်းပြည်အကျိုး‌ရော၊ လူမှု‌ရေးအကျိုးအားလုံးကို လွတ်လွတ်လပ်လပ် ‌ဆောင် ရွက်နိုင်တဲ့ အခွင့်အ‌ရေးကို ရ‌စေချင်တယ်။

‌စော‌ဘောဖိုး (ဥက္ကဋ္ဌ၊ မယ်ရာမိုစခန်း‌ကော်မတီ)
၂၀၀၈ ဖွဲ့စည်းပုံရဲ့ အစိတ်အပိုင်းအကုန်လုံးက စစ်တပ်ကို ဦးစား‌ပေးထားတယ်။ စစ်တပ် ဘယ်‌လောက်ရာခိုင်နှုန်း၊ အရပ်သား ဘယ်‌လောက်ရာခိုင်နှုန်း ပါဝင်ရမယ်။ ဖွဲ့စည်းပုံအရ စစ်တပ်ရဲ့အာဏာက အားလုံးအထက်မှာရှိ‌နေပြီး ပြည်သူက ‌အောက်မှာပဲ။ ၁၉၉ဝတုန်းက ‌ရွေး‌ကောက်ပွဲကို စစ်အစိုးရက ‌အောင်ဆန်းစုကြည် မရ‌လောက်ဘူးထင်ခဲ့‌ပေမယ့် ‌အောင်ဆန်းစု ကြည် အပြတ်အသတ် နိုင်တဲ့အခါကျ‌တော့ မဲရလဒ်အတိုင်း မလုပ်ဘူး။ ခုလည်း ရလဒ်အတိုင်း မကွယ်ဝှက်ထားဘဲ ရှင်းရှင်း လင်းလင်း တင်ပြပြီး လိုက်နာ‌စေချင်တယ်။ မဲဆိုတာ အ‌ရေးကြီးတဲ့အရာ ဖြစ်တယ်။ လူတစ်‌ယောက်ရဲ့ မဲတစ်ပြားဟာ အနိုင်ရ‌စေ သလို အရှုံးလည်း ဖြစ်‌စေပါတယ်။ လူအများ စု‌ပေါင်းပြီး တစ်‌ယောက်တစ်မဲက‌နေပြီး‌တော့ အ‌ကောင်အထည်‌တွေကို ‌ပေါ်လာ‌စေ ပါတယ်။ မဲ‌ကော်မရှင်ဖြစ်တဲ့ မဲ‌တွေကို စီမံတဲ့သူ‌တွေက စိတ်ဓာတ်သန့်ရှင်းရတယ်။ မှန်ကန်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ ‌ဒေထဲက ဘယ်ပုဒ်မ၊ ဘယ်ပုဒ်မ‌တွေကိုမှ မပြင်ဘူးဆိုရင် ဒီ‌ရွေး‌ကောက်ပွဲဟာ သင့်တင့်မှန်ကန်တဲ့ ‌ရွေး‌ကောက်ပွဲဖြစ်မှာ မဟုတ် ဘူး။ ‌ရွေး‌ကောက်ပွဲကို မှန်ကန်မျှတတဲ့ အများလက်ခံတဲ့ ‌ရွေး‌ကောက်ပွဲ ဖြစ်ချင်တယ်။
၂၀၁၅ ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်းမှာ မိန်းမပဲဖြစ်ဖြစ်၊ ဆင်းရဲသည်၊ ချမ်းသာသည်ဖြစ်‌စေ ဖြစ်‌စေချင်တာက အသင့်‌တော် ဆုံး နိုင်ငံ‌ခေါင်း‌ဆောင်ပဲ ဖြစ်ရမယ်။ မဲ‌ကော်မရှင် ဘယ်နှစ်‌ယောက်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်‌တွေ ပါရမယ်။ လွှတ် ‌တော်ထဲမှာလည်း ရာခိုင်နှုန်း ဘယ်‌လောက်ပါသင့်သလဲ။ အမျိုးသမီးရာခိုင်နှုန်း မျှမျှတတ ပါရမယ်။ အားလုံးပါမှဖြစ်မယ်။ မြန်မာ ပြည်ရဲ့ ငြိမ်းချမ်း‌ရေးကို အမှန်တကယ် လိုအပ်တယ်လို့ သံန္ဒိဋ္ဌာန်ချထားတဲ့၊ လူမျိုးစုတိုင်းရင်းသား‌တွေကို မခွဲခြားဘဲ မဟာလူမျိုး ကြီးဝါဒကို မကိုင်စွဲတဲ့ ဗမာပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ် မြန်မာပြည်သားအားလုံးရဲ့ လိုအပ်ချက်၊ သ‌ဘောထား‌တွေကို လိုက်နာတဲ့ သူကို လိုချင်တယ်။
ဒုက္ခသည်ထဲမှာ‌နေတဲ့ ကျ‌နော်တို့ပြည်သူ‌တွေက နိုင်ငံ‌ရေးနားမလည်ဘူး။ ထိုင်းနိုင်ငံထဲမှာ ဒုက္ခသည်အဖြစ် ရှိ‌နေတာ ပါ။ ‌ရွေး‌ကောက်ပွဲက ကျ‌နော်တို့ တိုင်းသူပြည်သား‌တွေအတွက် အ‌ရေးကြီးတယ်။ မှန်မှန်ကန်ကန် သွားမသွားဆိုတာ နိုင်ငံအစိုး ရရဲ့ လက်ထဲမှာပဲ ရှိတယ်။ အစိုးရဟာ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ဖြစ်‌မြောက်ဖို့ ရခိုင်၊ ကချင်တို့၊ ဝတို့မှာ တိုက်ပွဲ‌တွေ ဘယ်လိုရှိ ‌နေပါ‌စေ။ သူလုပ်ချင်တာ သူလုပ်မှာပဲ။ ကျ‌နော်က‌တော့ ပြည်တွင်းအ‌ခြေအ‌နေကို ‌မျှော်လင့်တယ်။ ‌နောက်ဆုံး ဒီတစ်နိုင်ငံလုံးရဲ့ ‌ရွေး‌ကောက်ပွဲဟာ နိုင်ငံတစ်နိုင်ငံရဲ့ ငြိမ်းချမ်း‌ရေးကို‌ဖော်‌ဆောင်ဖို့ အာမခံချက်‌တွေရှိတာကို လိုချင်ပါတယ်။