KIC News
“ပြည်သူမှတဆင့် ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ရမယ့်သဘောပါ။”
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီဥက္ကဌ စောသိန်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
အောက်တိုဘာ ၁၃ရက်၊ ၂၀၁၄ခုနှစ်။
စောသိန်းအောင်သည် ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ လွမ်းညရွာဇာတိဖြစ်ပြီး မွေးသက္ကရာဇ်မှာ ၁၉၄၈ခုနှစ်၊ ဇူလိုင် ၂၃ရက်နေ့ ဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် ဖားအံမြို့ အ.ထ.က (၁)ကျောင်း၌ အထက်တန်းအောင်မြင်ခဲ့ပြီးနောက် မော်လမြိုင်ကောလိပ်တွင် တတိယနှစ်အထိ ပညာသင်ကြားခဲ့ပြီး ကျောင်းထွက်ခဲ့သည်။ ၎င်းနောက်...
ဖမ်းဆီးခံထားရသည့် ဒီကေဘီအေ ၂ဦးနှင့် အရပ်သား ၁ဦးကို အစိုးရစစ်တပ် ပြန်လွှတ်ပေး
အောက်တိုဘာ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အစိုးရစစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဒီကေဘီအေ ၂ဦးနှင့် အရပ်သား ၁ဦးကို အောက်တိုဘာလ ၁၂ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်တွင် ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ကြောင်း ကော့ကရိတ်မြို့ရှိ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစောသရဲနီက ကေအိုင်စီသို့ ပြောသည်။
ဗိုလ်မှူးစောသရဲနီက "မနေ့က ပြန်လွှတ်ပေးလိုက်ပြီး။...
ဖားအံမြို့တွင် KNU ဗဟိုဆက်ဆံရေးရုံး ထပ်မံပြောင်းရွှေ့ဖွင့်လှစ်
အောက်တိုဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၇)ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဗဟိုဆက်ဆံရေးရုံးကို အမှတ်(၉)ရပ်ကွက်၊ ဖားအံကားဂိတ်အသစ် တည်ရှိရာနေရာသို့ ပြောင်းရွှေ့ထားရှိကာ ယနေ့နံနက် ၉နာရီတွင် ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် ကေအဲန်ယူ ဥက္ကဌစောမူတူးစေးဖိုးက "၂၀၁၂ က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတယ်။ အဲဒီလုပ်...
ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး စောကြည်လင်းအား ကေအိုင်စီ သတင်းထောက် စောညွှန့်သောင်းက တွေ့ဆုံမေးမြန်းခြင်း
အောက်တိုဘာ ၁၁ရက်၊ ၂၀၁၄ခုနှစ်။
မေး။ ။ ဖားအံစက်မှုဇုန် ဘယ်အချိန်က စတင်တည်ဆောက်ပါသလဲ။
ဖြေ။ ။ ၂၀၁ဝ ရွေးကောက်ပွဲပြီး အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၁ခုနှစ်၊ ဩဂုတ်လမှာ စတင်တည်ဆောာက်ပါ တယ်။ ဖားအံမြို့နဲ့ ၇မိုင်ဝေးတဲ့ ဖားအံ-လှိုင်းဘွဲကားလမ်းမဘေးမှာရှိတဲ့ အရင်က စက်မှုဝန်ကြီးဌာနက ပိုင်တဲ့ ရာဘာခြံနေရာပေါ့။ အဲဒီနေရာကို တောင်းပြီးတော့ ပထမဦးဆုံး ဖားအံစက်မှုဇုန်အဖြစ်...
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုပါဝင်မှုအခန်းကဏ္ဍ ငြိမ်းဖောင်ဒေးရှင်း ဆွေးနွေး
အောက်တိုဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်၊ နန်းချောင်ဖော့
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပြည်သူလူထု ပါဝင်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာရယူထားသည့် အချက်အ လက်များကို သက်ဆိုင်ရာဒေသခံနှင့် အဖွဲ့အစည်းများအား ပြန်လည်ချပြသည့်အနေဖြင့် ကရင်ပြည်နယ်အခြေစိုက် ငြိမ်းဖောင် ဒေးရှင်းက ဖားအံမြို့ သုမေဓာရာမ ကြားတောရကျောင်းတွင် အောက်တိုဘာလ ၁ဝရက်မှ ၁၁ရက်နေ့အထိ ဆွေးနွေးပွဲတစ်ရပ်...
ကော့ကရိတ်-မြဝတီကားလမ်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ခရီးသည် ၄ဦးသေ၊ ၉ဦး ဒဏ်ရာရ
အောက်တိုဘာ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်-မြဝတီကားလမ်း အလယ်ဘိုတဲ၌ ယနေ့ နေ့လည် ၁၁နာရီကျော်တွင် လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ခရီးသည် ၄ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ ကော့ကရိတ်မြို့နယ်ရှိ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက “မြဝတီ တောင်ပေါ်ကားလမ်းမှာ...
တန်းတူရည်တူ မထားလိုသည့် သဘောထားနဲ့ မူဝါဒတွေ ကင်းစင်ဖို့လိုသည်
မောင်ကျော်စွာ
(၂၀၁၄ခုနှစ်၊ အောက်တိုဘာ ၁ဝရက်)
ယခုအခါ တစ်ပြည်လုံး တိုက်ခိုက်မှုရပ်စဲရေး ဆိုသည့်ကိစ္စသည် ရှေ့ဆက်မတက်နိုင်ဘဲ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများသာ ဖြစ်ပွားလာနေခဲ့သည်။
ယင်းသို့ ထိုးစစ်ဆင်လာမှုများသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ (UNFC)အား ထိုးနှက်ပုတ်ခတ်ထား သည့် “ကာချုပ်၏ မိန့်ခွန်း”၏ နောက်ဆက်တွဲအဖြစ် ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာသည့် စစ်ပွဲများလည်းဖြစ်နေသည်၊ ကြို တင်ပြင်ဆင်ထားသည့်...
အနောက်ပိုးကရင် စာသင်ကြားရေး နည်းပြသင်တန်း ပန်းတနော်စာယဉ် ပထမအကြိမ် ဖွင့်လှစ်
အောက်တိုဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများ၌ အနောက်ပိုးကရင်စာ ပို့ချပေးသည့် ဆရာ၊ ဆရာမများအတွက် သင်ကြားရေး အထောက်အကူပြု နည်းပြသင်တန်းကို မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးစီး ၍ ပန်းတနော်မြို့ရှိ ကရင်ယဉ်ကျေးမှုပြတိုက်၌ အောက်တိုဘာလ ၁ဝရက်နေ့က ပထမအကြိမ် ဖွင့်လှစ်လိုက်သည်။
အဆိုပါသင်တန်းကို အနောက်ပိုးကရင်စာပေ...
ဒီကေဘီအေ ၂ဦးနှင့် အရပ်သား ၁ဦးကို အစိုးရစစ်တပ် ဖမ်းဆီး
အောက်တိုဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ ရွာတန်းရှည်မှ တစ်မိုင်ကုန်း(ကမိုင်ကုန်း)သို့ သွားနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ) တပ်သား ၂ဦးနှင့် ရွာတန်းရှည်ရွာသား ၁ဦးတို့ကို မြန်မာအစိုးရ စစ်တပ်က ယမန်နေ့ ည ၈နာရီ အချိန်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။
လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့်...
မြန်မာအစိုးရနည်းဗျူဟာကြောင့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ပိုမိုကြီးထွားလာဟု KWAT ဆို
အောက်တိုဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
မြန်မာအစိုးရစစ်တပ်သည် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နှင့် ပဋိပက္ခ ပြန်လည် ဖြစ်ပေါ်လာသည့်နောက်ပိုင်းတွင် ကချင်ဒေသ၌ ဘိန်းနှင့် စိတ်ကြွဆေး စသည့် မူးယစ်ဆေးဝါးပြဿနာ ပိုမိုကြီးထွားစေလာသည့် အခြေအနေများကို သိရှိနိုင်ရန် "အသံတိတ်ထိုးစစ်"အမည်ရှိ အစီရင်ခံစာသစ်ကို ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)က အောက်တိုဘာ ၈ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းအစီရင်ခံစာသစ်တွင်...















