လက်နက်ကိုင်အဖွဲ့အစည်းအချို့ဟာ သူတို့အကျိုးထက် ကရင်ပြည်သူတွေရဲ့အကျိုးကိုပါ ထည့်သွင်းစဉ်းစားပြီးတော့
ငြိမ်းချမ်းရေးတည်ဆောက်တာဟာ အရေးကြီးတယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မြဲရေးဟာ အရေးကြီးတယ်လို့ ခံယူပြီးတော့ ကြိုးစားဆောင်ရွက်ဖို့ လိုမယ်။
– လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်က လေးနှစ်အတွင်းကို ရောက်လာခဲ့ပြီးဆိုတော့ ဒီနှစ်တွေအတွင်း တိုင်းရင်းသားတွေ ဘာ တွေရခဲ့သလဲ။ ဘာတွေ ဆုံးရှုံးသွားတာရှိလဲဆိုတာ ဆရာ့အနေနဲ ့သုံးသပ်ပေးပါ။
လက်နက်ကိုင်တပ်ဖွဲ့အချို့ကတော့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတာ ရှိပါ တယ်။ ဥပမာအားဖြင့် ကေအဲန်ယူက ၂၀၁၂ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေးနဲ ့ပတ်သက်ပြီးတော့ ပဏာမ သဘောတူ လက်မှတ် ရေးထိုးတာ ရှိတယ်။ ဒါပေမဲ့ ဒီအဆင့်ထက်ကျော်ပြီးတော့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူ ဖို ့ကြိုးစားတာမှာ တော်တော်လေးပဲ အချိန်ကျော်သွားပါတယ်။ သူတို့ မျှော်မှန်းတာတော့ဖြင့် ဒီထက်စောပြီးတော့ ရနိုင်ဖို့ မျှော် မှန်းပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက သူတို့ပြဿနာနဲ့ သူတို့ရှိကြတော့ အခက်အခဲရှိခဲ့ပြီး အခုထက်ထိ လက်မှတ်ရေးထိုးတဲ့အ ဆင့် မရောက်သေးပါဘူး။ ဒီနှစ်ထဲမှာပဲ သူတို့ဖွဲ့ထားတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ပဏာမသဘောမျိုး လက်မှတ်ရေးထိုးခဲ့တော့ လူ တွေတော်တော်လေး အားရကြပါတယ်။ အခု အဆင့်မြင့်အဖွဲ့နဲ့ ပြန်ဆွေးနွေးတဲ့အခါမှာ ကျန်ရှိသေးတဲ့ ပြဿနာတွေ ဖြေရှင်းဆဲ ဖြစ်ပါတယ်။ မကြာခင်တော့ သဘောတူညီချက်ရရှိမယ်လို့ မျှော်လင့်ပါတယ်။
ကေအဲန်ယူအနေနဲ ့ပဏာမ လက်မှတ်ရေးထိုးတဲ့အတွက်ကြောင့် ကရင်ပြည်နယ် အတော်များများမှာ ငြိမ်းချမ်းရေးရတဲ့ သဘော ရှိပါတယ်။ ကရင်ပြည်နယ်တင်မကဘူး။ အရင် ကေအဲန်ယူချုပ်ကိုင်တဲ့နယ်မြေပေါ့လေ။ မွန်ပြည်နယ်၊ ပဲခူး၊ တနသင်္ာရီ တိုင်းဒေသကြီးတွေရှိမယ်။ ဒီနေရာတွေမှာ အတော်လေးကိုပဲ ပစ်ခတ်ရပ်စဲရေးဟာ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့လို အောင်မြင်တာနဲ့အမျှ ကျနော်တို့ကရင်တွေအနေနဲ့ လုပ်ငန်းတစ်ချို့ စတင်လုပ်လို့ ရလာပါတယ်။ ပြန်လည်ထူထောင်ရေးလုပ် ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းတချို့ လက်လှမ်းမှီသလောက်၊ တတ်နိုင်သလောက် လုပ်ကိုင်လို့ ရလာတယ်။ အဲ့ဒါဟာ အပစ်အခတ်ရပ်စဲ ရေးရဲ့ အကျိုးတစ်ခုပဲလို ့မြင်ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ရလာလို့ရှိရင် တိုင်းရင်းသားအားလုံးအတွက် အကျိုးအမြတ် ရလာမယ်လို့ မြင်ပါတယ်။
အထူးသဖြင့် ကျနော်စိတ်ထိခိုက်တာက ကချင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စမှာ ကချင်တိုင်းရင်းသား တော်တော်များများဟာ ဒုက္ခသည်စခန်းမှာရှိကြပြီးတော့ ဆင်းရဲဒုက္ခခံရဆဲဖြစ်ပါတယ်။ ဒါက ကြာရှည်ဖြစ်လာတော့ အတော်လေး စိတ်ဆင်းရဲစရာ ဖြစ်ပါ တယ်။ ဒါကို ကျော်လွန်လာမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့အဆင့်မှာ နိုင်ငံရေးဆွေးနွေးဖို့အဆင့် ရောက်လာပါ မယ်။ ဒါက ပိုအရေးကြီးပါတယ်။ နိုင်ငံရေးသဘောတူညီချက်ရမှ ခိုင်မြဲ၊ တည်မြဲတဲ့ ငြိမ်းချမ်းရေးရလာမှာ ဖြစ်ပါတယ်။ ဆုံးရှုံးမှု တော့ သိပ်မရှိပါဘူး။
အပစ်အခတ်ရပ်စဲရေးဖြစ်လာတဲ့ အချိန်အခါမှာ၊ ဒေသအေးချမ်း သာယာလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေ စတင် လုပ်ကိုင်လာတယ်။ ပြည်နယ်ပြင်ပက စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်ရောက်လုပ်ကိုင်လာကြတယ်။ ကရင်တိုင်းရင်းသားအနေနဲ့ က ဒါတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို ့အရေးကြီးပါတယ်။ မဖြေရှင်းနိုင်ရင် ကရင်မြေတွေကို တခြားသူတွေက ရသွားနိုင်တယ်။ ကရင့်သယံဇာတတချို့ကို ပြင်ပကလူတွေ ရသွားနိုင်တယ်။ အဲ့ဒါက ကရင်အတွက် ဆုံးရှုံးမှုဖြစ်သွားနိုင်တယ်။ အရေးကြီးတာက ကရင်တွေ စွမ်းအားရှိဖို့ လိုပါတယ်။ စွမ်းအားမရှိဘဲနဲ ့ဒီဒဏ်ကြီးကို ခံနိုင်မှာ မဟုတ်ပါဘူး။
– အထူးသဖြင့် ဒီကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တဲ့အ ချက်တွေထဲက ဘာတွေကို ဘယ်လောက်ထိ အကောင်အထည်ဖော်ခဲ့လဲ၊ စိန်ခေါ်မှု၊ အခက်အခဲတွေက ဘာလဲဆိုတာကိုလည်း ပြောပြပေးပါ။
စိန်ခေါ်မှုတွေကတော့ အပစ်အခတ်ရပ်စဲရေး တည်မြဲရေးပေါ့၊ ခက်တာက တစ်ချို့ကရင်ဒေသတွေမှာ ကေအဲန်ယူတင် မဟုတ်ဘဲနဲ ့တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိတယ်။ မနေ့တနေ့ကလည်း ကော့ကရိတ်နဲ့ မြဝတီကြားမှာ ပဋိပက္ခ ဖြစ်တယ်လို့ ကြားသိရတယ်။ မဖြစ်သင့်တဲ့အကြောင်းကိစ္စပေါ့နော်။ လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်း တိုက်ခိုက်တာ သူတို့တစ်ကဏ္ဍ။ ဒါပေမဲ့ ပြည်သူလူထုကို ထိခိုက်တာတော့ ဆိုးဝါးတယ်လို့ ထင်ပါတယ်။ အရေးကြီးတာက လက်နက်ကိုင်အဖွဲ့ အစည်းအချို့ဟာ သူတို့အကျိုးထက် ကရင်ပြည်သူတွေရဲ့အကျိုးကိုပါ ထည့်သွင်းစဉ်းစားပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက် တာဟာ အရေးကြီးတယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မြဲရေးဟာ အရေးကြီးတယ်လို့ ခံယူပြီးတော့ ကြိုးစားဆောင်ရွက်ဖို့ လိုမယ် လို့ ထင်ပါတယ်။
– အစိုးရအဖွဲ့ တာဝန်ရှိသူတွေကတော့ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ပြောကြတယ်လေ။ ဒါပေမဲ့ ကာချုပ်နဲ ့ တပ်မတော်ဘက်က တော့ အလျှော့မပေးချင်ဘူးဆိုတော့ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်နိုင်မလဲ။
ဒါကတော့ ကာကွယ်ရေးရှုထောင့်ကနေ ကြည့်လိုက်မယ်ဆိုရင် လိုအပ်ချက်တွေ ရှိတာပေါ့။ လိုက်လျောမှုရှိနိုင်တဲ့အ ပိုင်းတွေ လိုက်လျောမှုမလုပ်နိုင်တဲ့ အပိုင်းတွေရှိတယ်။ ဒါက တစ်နိုင်ငံလုံးဆိုင်ရာ ကာကွယ်ရေးရှုထောင့်ကနေ ကြည့်မယ်ဆိုလို့ ရှိရင်တော့ သူတို့ရပ်တည်မှုဟာ နားလည်နိုင်တာပေါ့လေ။ ကိုယ့်ရှုထောင့်က ကြည့်ရင်တော့ ကိုယ်လိုချင်တဲ့အတိုင်း မဖြစ်လာ ဘူး။ ကိုယ့်ဆန္ဒအတိုင်း မဖြစ်လာဘူးဆိုပြီးတော့ ခံနေလို့တော့ မဖြစ်ဘူး။ အမှန်ကတော့ တတ်နိုင်သလောက် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ဖို့ လိုပါတယ်။ အဓိကကတော့ အပစ်အခတ်ရပ်စဲရေးပါ။ အပစ်ရပ်မှ အခြားလုပ်ငန်းတွေဆက်ပြီး လုပ်ဆောင်လို့ ရမှာပါ။
– ဒီလိုပဲ ပြည်တွင်းစစ်သမိုင်းမှာ တစ်ခါမှမရှိဘူးတဲ့ လက်နက်ကြီး၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး တိုင်းရင်းသားတွေနဲ့ တိုက်ခိုက် ခဲ့တာလည်း ဒီလေးနှစ်အတွင်း ဖြစ်ခဲ့တယ်။ ဒီတော့ ငြိမ်းချမ်းရေးအလားအလာက ဘယ်လိုဖြစ်နိုင်မလဲ။
တိုက်ပွဲပြင်းထန်လာတာ ဒီ ၈၈ခုနှစ်နောက်ပိုင်းမှာ ဖြစ်တယ်။ ပြင်းထန်လာတဲ့အကြောင်းကလည်း တပ်မတော်ဟာ ပိုပြီးတော့ အင်အားတောင့်တင်းလာပြီး ပြည်ပက လက်နက်ကြီးတွေ၊ လက်နက်သစ်တွေ၊ လက်နက်ဆန်းတွေ တပ်ဆင်လာ တယ်။ ကြည့်မယ်ဆိုရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တလျှောက်လုံး ကေအဲန်ယူဟာ တော်တော်လေး ခိုင်ခိုင်မာမာ ရပ်တည်လာ နိုင်ခဲ့တယ်။ ဒါပေမဲ့ ၁၉၈၈ခုနှစ်နောက်ပိုင်းမှာ တပ်မတော်က အင်အားတောင့်တင်းလာပြီးတော့ လက်နက်ကြီးတွေ၊ လက်နက် ဆန်းတွေ အသုံးပြုလာတဲ့အခါမှာ ကေအဲန်ယူဟာလည်း ဒါကြီးကိုမခံနိုင်ဘဲ တစ်ချို့နေရာတွေ လက်လွတ်ဆုံးရှုံးသွားရပါတယ်။
စစ်ဆိုတဲ့ဟာက ကိုယ့်ရှိတဲ့လက်နက် ကိုယ်သုံးဖို ့ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလည်း သူ့ရှိတဲ့လက်နက် သူသုံးမှာပဲ။ စစ်တပ်ကလည်း သူ့ရှိတဲ့လက်နက်သူသုံးမှာပဲ။ ပြန်ကြည့်မယ်ဆိုရင် ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ တစ်ဖက်က အမေရိကန်နဲ့၊ ဂျပန်နဲ့ နောက်ဆုံးကျန်တဲ့အခါမှာ အမေရိကန်က သူ့စစ်သားသေဆုံးမှုနည်းရအောင်လို ့ အနုမြူဗုံး တောင်မှ သုံးလိုက်တယ်။ ဒါတော်တော်လေးကြီးမားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သူတို့ဘာသာသူတို့ တွက်ချက်ပြီးတော့သုံးမှ ဆုံး ရှုံးမှုနည်းမယ် ဆိုပြီးတော့ တွက်ပြီးလုပ်တယ်။ စစ်ဆိုတာကတော့ ဒီပုံစံပါပဲ။ ကိုယ့်ရှိတဲ့အင်အားကိုယ်သုံးရမှာပဲ။ ဒါက သွားပြီး တော့ ဝေဖန်လို့ မရဘူး။
အဓိကကတော့ ယုံကြည်စိတ်ချမှုဆိုတာ စွန့်စားမှုပဲ။ ကေအဲန်ယူက စွန့်စားပြီးတော့ လက်မှတ်ရေးထိုးတာပဲ။ တခြားအ ဖွဲ့တွေလည်း ဒီအတိုင်းပဲ စွန့်စားရမှာပဲ။ သံသယစိတ်နဲ့နေလို့ကတော့ တစ်သက်လုံး အပစ်အခတ်ရပ်စဲရေးက ဖြစ်ပေါ်လာတော့ မှာ မဟုတ်ဘူး။ သံသယစိတ်တော့ ရှိတယ်။ ဒါပေမဲ့ ကျော်လွန်ပြီးတော့ လုပ်ရမယ်။ ဒါမှပြည်သူတွေအတွက် အကျိုးရှိမယ်။ ဒီစိတ်ဓါတ်နဲ့သွားဖို့ လိုတယ်။
– လက်ရှိ အစိုးရက သူ့သက်တမ်းမကုန်ခင် ပြောရရင် လာမဲ့ ၈လအတွင်း NCA ကို အပြီးသတ်ချင်နေတယ်။ ဒါက မကြာခင်လုပ် သွားမဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်တယ်လို့ ဆရာ ထင်ပါသလား။ မဟုတ်ဘူးဆို ဘာကြောင့်ပါလဲ။
ရွေးကောက်ပွဲနဲ ့သက်ဆိုင်မှုအပိုင်းကတော့ လာမဲ့ ၂၀၁၆ခုနှစ်ကျလို့ရှိရင်တော့ နိုင်ငံရေးအခင်းအကျင်းဟာ ပြောင်းလဲ သွားမယ်။ ပြောင်းလဲသွားရင် စိတ်နေသဘောထားဟာ ပြောင်းလဲသွားစရာအကြောင်း ရှိတယ်။ ခုခေတ်ကာလအတွင်း၊ ခုရက် ပိုင်းအတွင်းမှာ ချုပ်ဆိုလို့မရရင် ဟိုဘက်မှာဆက်သွားလို့ ပိုပြီးတော့ရှည်သွားနိုင်တယ်။ ဒါက ကျနော်ပြောသလိုပဲ ပထမအဆင့် လေးပဲ။ အရေးကြီးတာ နိုင်ငံရေးဆွေးနွေးဖို ့အဆင့်ရောက်ဖို့ လိုတယ်။ နိုင်ငံရေးဆွေးနွေးနိုင်ဖို့ ဒီအဆင့် ကျော်လွန်ဖို့ အရေးကြီး ပါတယ်။
– တလောက နိုင်ငံရေးပါတီ ၅၇ပါတီက နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲပြီး ထုတ်ပြန်တယ်။ ဒီနေရာမှာ အစိုးရ၊ စစ်တပ်၊ တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့၊ နိုင်ငံရေးပါတီတွေက အချိုးကျပါရမယ်ဆိုပြီး ပြောလာတယ်။ ဒါက အလုပ်ဖြစ်နိုင်ပါ့မလား။ နိုင်ငံရေး ဆွေးနွေးပွဲက အရင် အမျိုးသားညီလာခံလို ဖြစ်သွားမလား ဆရာ သုံးသပ်ပေးပါဦး။
အမျိုးသားညီလာခံတုန်းက တစ်ထောင်ကျော်ရှိတယ်။ လူများလွန်းအားကြီးတယ်။ အခုလည်းပဲ တစ်ထောင်နီးပါးရှိမဲ့ အနေအထားဖြစ်လာတယ်။ တစ်ဖက်က အားလုံးပါဝင်မှုက တော်တော်လေး အရေးကြီးတယ်။ တိုင်းရင်းသားကိစ္စတင်မကဘူး၊ ပြည်ထောင်စုကိစ္စဆိုတော့ လူပေါင်းစုံက စိတ်ပါဝင်စားကြတယ်။ နိုင်ငံရေးပါတီတွေကရော၊ အရပ်ဘက်အဖွဲ့အစည်းတွေကရော အခြားအစုအဖွဲ့အမျိုးမျိုးကရော ပါဝင်ဆွေးနွေးချင်ကြတယ်။ ဒီလောက် လူများများကြီး ပါဝင်ဆွေးနွေးပြီး အောင်အောင်မြင်မြင် လုပ်ဖို့ဆိုတာ မလွယ်ဘူး။ လူတိုင်းကို ပြောခွင့်ပေးမယ်။ လူတိုင်းကလည်းပဲ ရှည်ရှည်ပြောမယ်ဆိုရင် သိပ်မလွယ်လှဘူး။ ဥပမာ ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ ့ပတ်သက်ပြီးတော့ ဆွေးနွေးချင်သူတွေ အများကြီး။ နာယကကြီးက တစ်ယောက် ၁ဝမိနစ်ပဲ ပြောခွင့်ပေးတယ်။ အဲ့လိုမျိုး ဖြစ်သွားနိုင်တယ်။ လူများလွန်းတာ့ အချိန်နည်းရင် ကျေကျေလည်လည် ဆွေးနွေးလို့ ရမှာမဟုတ်ဘူး။ အားလုံးကို ညီတူညီမျှ အခွင့်အရေးပေးလည်း ဆွေးနွေးလို့ မရဘူး။ ဖြစ်နိုင်ရင်တော့ ဒီဆွေးနွေးပွဲ ဟာ ကျစ်ကျစ်လစ်လစ်ဖြစ်ဖို့ ကျနော် ဆန္ဒရှိပါတယ်။
– နိုင်ငံရေးဆွေးနွေးပွဲရလဒ်က ဖက်ဒရယ်အပေါ်မှာ အခြေခံနေကြပေမဲ့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ နှစ်ဖက် နားလည်တဲ့ ဖက် ဒရယ်ပုံစံက ကွာခြားမှုအပေါ် ဆရာ့အမြင်က ဘယ်လိုရှိသလဲ။ စစ်မှန်တဲ့ ဖက်ဒရယ် ဖြစ်ပါ့ဦးမလား။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံက ဖက်ဒရယ်ပုံစံဆိုတာ ဆရာ့အနေနဲ့ လက်ခံပါသလား။
မူအားဖြင့်တော့ ဖက်ဒရယ်ကို လက်ခံတယ်။ အခု ဖက်ဒရယ်ပုံစံ မကျတာက တစ်ဖက်က တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေရဲ့ ရရှိတဲ့အခွင့်အရေး၊ အခွင့်အာဏာတွေဟာ နည်းသေးတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေ ပြင်ဆင် မယ်ဆိုတော့ ဇယား (၂)နဲ့ (၅) ပြင်တယ်။ ပြင်တဲ့နေရာမှာ သူက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အာဏာလွှဲတာ မဟုတ် ဘူး။ သူက ဘယ်လောက်ပဲပေးမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ဘောင်အတွင်းမှာသာ သူတို့က လုပ် ဆောင်လို့ ရတယ်။ အမှန်မှာက ဖက်ဒရယ်စနစ်မှာတော့ ပြည်ထောင်စုဆောင်ရွက်နိုင်တဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေ ဆောင် ရွက်နို်င်တဲ့ အကွင်းအကွက်ရှိတယ်။ အခြေခံဥပဒေထဲမှာ သတ်သတ်မှတ်မှတ် ရေးဆွဲသွားရမှာဖြစ်တယ်။ ဒါက လွယ်လွယ်ကူကူ နဲ့ ဖြစ်လာမှာလည်း မဟုတ်ဘူး။
အမျိုးသားညီလာခံဟာ ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်လို့ ဒီလောက်ပြီးတာ။ အခု ဒီတိုင်းရင်းသားပေါင်းစုံနဲ့ ပြန် ပြီးတော့ ပြည်ထောင်စုဆွေးနွေးပွဲလုပ်လို့ရှိရင် သုံးလေးနှစ်တောင်မှ ပြီးချင်မှပြီးမယ်။ အရေးကြီးတဲ့ကိစ္စ စတင် ဆွေးနွေးမယ်။ ဖြေရှင်းဖို့ ကလည်း မလွယ်ဘူး။ လူမျိုးပေါင်းစုံက အတွေးအခေါ်ပေါင်းစုံရှိတယ်။ တိုင်းရင်းသားအချင်းချင်းကလည်း တူကြတာမဟုတ်ဘူး။ ကရင်ဆိုရင် ပြည်နယ်ကိစ္စနဲ ့မပြီးဆုံးဘူး။ ပြည်နယ်ပြင်ပမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ အရေးကိစ္စပါ ပါလာတယ်။ ဆွေးနွေးပွဲ ဟာ တော်တော်လေး ကြန့်ကြာနိုင်တယ်။ အခု ဖွဲ့စည်းပုံကတော့ဖြင့် ဖက်ဒရယ်ပုံစံ ပုံဖော်ချင်ရင် ဖော်လို့ရသွားနိုင်ပါတယ်။
– နောက်ဆုံးအနေနဲ့ ထာဝရ ငြိမ်းချမ်းရေးရဖို့ အားလုံးအတွက် ဆရာ့ရဲ့ အကြံပြုချက်က ဘာများဖြစ်မလဲ။
ထာဝရ ငြိမ်းချမ်းရေးဆိုတာတော့ မလွယ်ပါဘူး။ ပြောလို့တော့ လွယ်တာပေါ့၊ ဒါပေမဲ ့လုပ်ဆောင်ရမဲ့အပိုင်းက မလွယ် ဘူး။ ထာဝရငြိမ်းချမ်းရေးဆိုတာ အားလုံးပါဝင်တဲ့၊ အားလုံးဆန္ဒရှိပြီးတော့ အားလုံးကြိုးစားလုပ်ကိုင်မှ ဖြစ်လာမဲ့ကိစ္စဖြစ်ပါတယ်။ အစိုးရတွေ၊ လက်နက်ကိုင်တွေ၊ တပ်တွေနဲ ့မပြီးဘူး။ ပြည်သူလူထုအားလုံးက ပါဝင်ပြီးတော့ ဒီငြိမ်းချမ်းရေးဟာ မရှိမဖြစ် ဆောင်ရွက်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့၊ ဆန္ဒနဲ့ ဆောင်ရွက်မှ ဖြစ်လာမှာ ဖြစ်ပါတယ်။