KIC News
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ကေအဲန်ယူ အပြည့်အဝထောက်ခံ
မတ်လ ၅ရက်၊ ၂၀၁၅ ခုနှစ်။ စောခါးစူးညား
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးက မြန်မာနိုင်ငံကျောင်းသားအဖွဲ့ ၃ဖွဲ့ ပါဝင်သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ မြန်မာအစိုးရထံသို့ တောင်းဆိုထားသည့် “အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”ကို အပြည့်အဝထောက်ခံကြောင်း ယနေ့ မတ်လ ၅ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။
ပညာရေးဥပဒေကြမ်းနှင့်ပတ်သက်၍...
မုလအိတောင်ထိပ်သို့ ကားလမ်းဖောက်လုပ်မည်ကို ကေအဲန်ယူနှင့် ဒေသခံများကန့်ကွက်
မတ်လ ၅ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မုလအိတောင်ထိပ်သို့ ကားလမ်းဖောက်လုပ်မည်ကို သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင် သည့်အတွက် နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နှင့် ဒေသခံလူထုများက မတ်လ ၂ရက်မှ ၃ရက်နေ့အထိ စက္ကဝက်ကျေးရွာ၌ ကျင်းပပြုလုပ်သော သုံးလတစ်ကြိမ် မြို့နယ်အစည်းအဝေးတွင် လက်မှတ်ရေးထိုးကာ ကန့်ကွက်ခဲ့ကြသည်။
ယခုနှစ်...
မြန်မာအစိုးရစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့ဝင်အကြား တင်းမာမှုဖြစ်ပွား
မတ်လ ၅ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
တနသင်္ာရီတိုင်းဒေသကြီး၊ မေတ္တာမြို့နယ်ခွဲရှိ ထီးမိုပွာဒေသတွင် မြန်မာအစိုးရစစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)တပ်ဖွဲ့ဝင်အကြား မတ်လ ၃ရက်နေ့၊ မွန်းလွဲပိုင်းက အချေအတင် စကားများကြရာမှ တင်းမာမှု အနည်းငယ် ဖြစ်ပွားခဲ့ သည်ဟု သိရှိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်(စကခ-၁၉) လက်အောက်ခံ ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ဆန်း ဦးစီးသည့်...
KNLA နှင့် BGF ပစ်ခတ်မှုကို ကရင်လက်နက်ကိုင်ညီညွတ်ရေးကော်မတီက ဖြေရှင်းမည်ဟုဆို
မတ်လ ၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)လက်အောက်ခံ တပ်မဟာ(၆) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၂၂) တပ်ဖွဲ့ဝင်များအကြား ဖေဖော်ဝါရီလကုန်ပိုင်းက ဖြစ် ပွားခဲ့သည့် ပစ်ခတ်မှုမျိုး ထပ်မံ မရှိစေရန် လာမည့်ဧပြီလတွင် ပြုလုပ်သွားမည့် ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ် ရေးကော်မတီ အစည်းအဝေးတွင်...
နောင်လုံအရှေ့ဘက်ခြမ်းတွင် နှစ်ပေါင်း (၃၀)အတွင်း ပအိုဝ်းအမျိုးသားနေ့ ပြန်လည်ကျင်းပ
မတ်လ ၄ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် တပေါင်းလပြည့်နေ့၊ ၂၀၁၅ခုနှစ်၊ မတ်လ ၄ရက်နေ့တွင် ကျရောက်သော (၃၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ကရင်ပြည်နယ်အဆင့်အဖြစ် ဖားအံမြို့နယ် နောင်လုံအရှေ့ခြမ်းရှိ ကျော့ရွာတွင် နှစ် ၃ဝအတွင်း တစ် ခေါက် ပြန်လည်ကျင်းပနိုင်ခဲ့သည်ဟု ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ...
ဆီအုန်းစီမံကိန်းတွင် ခြံမြေပါဝင်မှု စိစစ်ရန် ကေအဲန်ယူနှင့် ဒေသခံများ သဘောတူမှုရရှိ
မတ် ၄ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
တနသင်္ာရီတိုင်းဒေသကြီး တနသင်္ာရီမြို့နယ်၌ Malaysia Stark Prestige Plantation Co.Ltd (MSPP) ကုမ္ပဏီမှ အကောင်အ ထည်ဖော်ဆောင်ရွက်နေသော ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းအတွင်း ရွာသားများ၏ ခြံမြေပါဝင်မှုကို ပြန်လည်စိစစ်သွားရန် ကရင် အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများနှင့် ဒေသခံရွာသားများ ဖေဖော်ဝါရီ...
မြောင်းမြစာယဉ်က ကရင်စာသင်ကြားသူများအတွက် မွမ်းမံသင်တန်း ဖွင့်မည်
မတ်လ ၃ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
ကရင်စာပေ(စကော၊ ပိုး) သင်ကြားနေသည့် ဆရာ၊ ဆရာမများအား မွမ်းမံသင်တန်းတစ်ရပ်ကို မြောင်းမြမြို့ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကာ မတ်လ ၁၆ရက်မှ ၂ဝရက်နေ့အထိ မြောင်းမြမြို့၊ ရေတွင်းကန်ရပ်ကွက်၊ မန်းစောဘုကျမ်း စာသင်ကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး မန်းထွန်းလင်းက ကေအိုင်စီသို...
ကရင်အမျိုးသားညီလာခံ ကျင်းပရန် စတုတ္ထအကြိမ်မြောက် KUPC အစည်းအဝေးတွင် ဆွေးနွေး
မတ်လ ၃ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားညီလာခံနိုင်ရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ မွန်မြတ်သော အိမ်ထောင်စုဘုရားကျောင်း ဝင်း၌ ဖေဖော်ဝါရီလ ၂၇ရက်မှ ၂၈ရက်နေ့အထိ ကျင်းပသော ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
KUPC အဖွဲ့ဝင်တစ်ဦးဖြစ်သူ သိက္ခာတော်ရ ဆရာတော် မက်သယူးအေးက...
ဒေါနအရှေ့ခြမ်းရှိ မူလတန်းစာသင်ကျောင်းသစ် မီးလောင်ခံရ
မတ်လ ၃ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီးကလိုးသော့ကျေးရွာတွင် ဒေါနအရှေ့ဘက်ဒေသအခြေစိုက် ကရင်လူထုအခြေပြုကွန်ရက် (KCBNG)မှ ဦးစီး၍ မကြာမီက ဆောက်လုပ်ပြီးစီးသွားသော မူလတန်းအဆင့် စာသင်ကျောင်းသစ်ကျောင်းတစ်ကျောင်းမှာ ဖေ ဖော်ဝါရီ ၂၆ရက်နေ့က မီးလောင်ခံရကြောင်း သိရသည်။
၎င်းမူလတန်းစာသင်ကျောင်းဆောင်သစ်ကို ဖေဖော်ဝါရီ ၂ဝရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးနောက် မီးလောင်ကျွမ်းခဲ့ ခြင်းဖြစ်ပြီး...
အစိုးရတပ်နှင့် ရင်ဆိုင်တိုက်ပွဲတွင် KNLA တပ်ဖွဲ့ဝင် ၁ဦးသေ ၁ဦးဒဏ်ရာရ
မတ် ၂ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူအုပ်စုတွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် အစိုးရစစ်တပ်တို့ကြား ဖေဖော်ဝါရီ ၂၇ရက်နေ့က ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွားခဲ့ရာ KNLA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
ခို့သောခိုစခန်း အခြေစိုက်...














