Home သတင်း ‌ကျောင်းသားကွန်ရက်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း‌ရေး‌နေ့ ပရိဿတ် ၅၀၀‌ကျော် ပူး‌ပေါင်း

‌ကျောင်းသားကွန်ရက်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း‌ရေး‌နေ့ ပရိဿတ် ၅၀၀‌ကျော် ပူး‌ပေါင်း

1577

စက်တင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ကရင်‌ကျောင်းသားကွန်ယက်အဖွဲ့(KSNG)က ကမကထပြုကာ စက်တင်ဘာ ၂၁ရက်‌နေ့၌ ကျ ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထီးဝါ့ဘ‌လော‌ကျေးရွာတွင် ယ‌နေ့ ကျင်းပ ပြုလုပ်ခဲ့ရာ ‌ကျေးရွာ ၅ရွာမှ ‌ဒေသခံပြည်သူ ၅၀၀‌ကျော် တက်‌ရောက်ခဲ့သည်။

(Partnership for Peace, Dignity for All)‌ခေါင်းစဉ်ဖြင့် ပြုလုပ်ကျင်းပသည့် ၎င်းအခမ်းအနားသို့ ကရင်နိုင်ငံ‌ရေးပါတီအချို့မှ ကိုယ်စားလှယ်များ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်း၊ မြဝတီခရိုင်ရဲတပ်ဖွဲ့၊ မြဝတီမြို့နယ် သံဃာ့နာယက၊ ထီးဝါ့ဘ‌လော၊ ထီး ‌လော်သီ၊ ပ‌နောကျဲခံ၊ ‌ပေါ‌ဘောခို့၊ ‌ကျော်ခို့ စသည့်‌ကျေးရွာ(၅)မှ ရပ်မိရပ်ဖများနှင့် ‌ကျေးရွာသူရွာသားများ တက်‌ရောက်ခဲ့ကြခြင်း ဖြစ်သည်။

KSNG အတွင်း‌ရေးမှူး ‌စော‌လေးပွဲက “ဒီ‌နေရာက လက်နက်ကိုင်အဖွဲ့‌တွေများတဲ့အတွက် ရှုတ်‌ထွေးမှုလည်း များတယ်။ ဒါ‌ကြောင့် ဒီမှာ ငြိမ်းချမ်း‌ရေး‌နေ့ လာလုပ်‌ပေးခြင်းအားဖြင့် ငြိမ်းချမ်း‌ရေးလမ်းကို လာခင်း‌ပေးတဲ့သ‌ဘော ဖြစ်တယ်။ ငြိမ်းချမ်း‌ရေးဆိုတာ အ ‌ရေးကြီးတယ်။ လူသား‌တွေအားလုံး ငြိမ်းချမ်းမှုကို လိုလားကြတယ်။ ဒါ‌ကြောင့် ငြိမ်းချမ်း‌ရေးရဖို့ အားလုံးပူး‌ပေါင်းလုပ်‌ဆောင်သင့် တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့နံနက် ၆နာရီတွင် စတင်ကျင်းပသည့် ယင်းအခမ်းအနားတွင် ငြိမ်းချမ်း‌ရေး‌နေ့အမှတ်တရ ငှက်လွှတ်ခြင်း၊ သဘာပတိများ မှ မိန့်ခွန်း‌ပြောကြားခြင်း၊ ငြိမ်းချမ်း‌ရေး‌နေ့ ဖြစ်‌ပေါ်လာပုံအကျဉ်း‌ပြောပြခြင်း၊ ဂုဏ်ပြုလက်မှတ်များ ‌ပေးအပ်ခြင်းတို့အပြင် ကရင်ရိုး ရာယဉ်‌ကျေးမှု‌ဖော်ထုတ်မှုပြိုင်၊ ကရင်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို ‌ဖော်ညွှန်း သည့် ဇာတ်လမ်းတိုတို့ဖြင့် တင်ဆက်ခဲ့ကြသည်။

ယင်းအခမ်းအနား တက်‌ရောက်သူ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (KSDDP)မှ မြဝတီမြို့နယ်ဥက္ကဋ္ဌ ‌စော ဘတိုးက “ကရင်ပြည်နယ် မငြိမ်းချမ်းလို့ရှိရင် ဘာမှ ပြည့်စုံမှုမရှိဘူး။ ပဋိပက္ခ‌တွေ ငြိမ်းချမ်းမှသာလျှင် ငြိမ်းချမ်းမယ်။ သူ့ကို မယုံ၊ ငါ့ကိုမယုံဘူးဆိုရင် ဘယ်‌တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ အ‌ကြောင်းက‌တော့ အတ္တ၊ မာန်မာန‌တွေ ရှိလို့ရှိရင် ဘယ်‌တော့မှ ငြိမ်းချမ်းမှာမဟုတ်‌တော့ဘူး။ လက်နက်နဲ့တိုက်မယ်ဆိုရင် ဘယ်‌တော့မှ မငြိမ်းချမ်း‌တော့ဘူး။”ဟု ‌ပြောသည်။

ယ‌နေ့ အခမ်းအနားမတိုင်ခင် KSNG ဦးစီးပြီး ‌ကျေးရွာ ၅ရွာမှ ရွာသူရွာသား ၅၀၀‌ကျော်ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ နှင့်ပတ်သက်သည့် သင်တန်းတစ်ခုကို ပြုလုပ်‌ပေးခဲ့သလို ငြိမ်းချမ်း‌ရေး‌နေ့အခမ်းအနား ဖြစ်‌မြောက်‌ရေးအတွက် ကရင်နိုင်ငံ‌ရေး ပါတီအချို့မှ ‌ထောက်ပံ့ကူ‌ပေးမှုများရှိသည်ဟု သိရသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို ၁၉၈၂ခုနှစ်၊ စက်တင်ဘာ ၂၁ရက်‌နေ့တွင် စတင်သတ်မှတ်ခဲ့ပြီး KSNG အ‌နေဖြင့် ၎င်း‌နေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများ အပါအဝင် ပြုလုပ်ကျင်းပခဲ့ရာ ယခုအချိန်ထိ ‌လေးကြိမ်‌မြောက်သွားပြီ ဖြစ်သည်။ ထို့အတူ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က KSNG မှ ဦးစီး၍ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားကို ကရင်ပြည် နယ် မြဝတီမြို့နယ်အတွင်းရှိ ထီးမူးထာ့‌ကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။

KSNG သည် ပြည်တွင်းပြည်ပရှိ ကရင်‌ကျောင်းသားများအကြား ချိတ်ဆက်၍ အမြင်ဗဟုသုတများ ဖလှယ်ရန်၊ ကရင်ရိုးရာယဉ် ‌ကျေးမှုများကို ‌ဖော်ထုတ်ရန်၊ ကရင်‌ကျောင်းသားလူငယ်များ၏ ပညာ‌ရေးကို မြှင့်တင်‌ပေးရန် ရည်ရွယ်ပြီး ၁၉၉၆ခုနှစ်၌ ထိုင်း-မြန် မာနယ်စပ် မယ်လဒုက္ခသည်စခန်း၌ ဖွဲ့စည်းခဲ့ပြီး လူမှု‌ရေး၊ ပညာ‌ရေးနှင့် ရိုးရာယဉ်‌ကျေးမှု ‌ဖော်ထုတ်‌ရေးတို့ကို အဖွဲ့ဝင် ၁ဝဖွဲ့ဖြင့် လုပ်‌ဆောင်လျှက်ရှိသည်။