Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

ကရင်ပြည်နယ်ရှိ ‌ဂေဘားမျိုးနွယ်စု ကယားပြည်နယ်ထက် စာ‌ပေယဉ်‌ကျေးမှုဖွံ့ဖြိုးတိုးတက်မှု အားနည်း

ဇွန် ၃ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ ကရင်ပြည်နယ်အတွင်းရှိ ‌ဂေဘားမျိုးနွယ်စုများသည် ကယား(ကရင်နီ)ပြည်နယ်ရှိ ‌ဂေဘားမျိုးနွယ်စုထက် ‌ဂေဘားစာ‌ပေယဉ်‌ကျေးမှုဖွံ့ဖြိုးတိုးတက်မှု အားနည်း‌နေ‌သေး‌ကြောင်း ‌မေ ၃၁ရက်‌နေ့က လွိုင်‌ကော်မြို့၌ ပြုလုပ်သည့် ‌ဂေဘားမျိုးနွယ်စုဆုံစည်းပွဲတွင် ‌ဂေဘားစာ‌ပေယဉ်‌ကျေးမှုအဖွဲ့က ‌ပြောသည်။ ကယားပြည်နယ် လွိုင်‌ကော်မြို့နယ်နှင့် ဒီ‌မောဆိုမြို့နယ်ရှိ ‌ဂေဘားမျိုးနွယ်စုများ၊ ကရင်ပြည်နယ် သံ‌တောင် ကြီးမြို့နယ်မှ ‌ဂေဘားမျိုးနွယ်စုများ အပါအဝင်...

‘ချို့တဲ့လှမ်း‌ဝေး ပညာ‌ရေး’ အမည်ရှိ အစီရင်ခံစာ မွန်အမျိုးသမီးနှင့် က‌လေးအခွင့်အ‌ရေး အစီအစဉ် ထုတ်ပြန်

ဇွန် ၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့် မွန်‌ကျေးလက်‌ဒေသရှိ ပညာ‌ရေးအ‌ခြေအ‌နေများကို ‌ဖော်ညွှန်းထား‌သော ‘ချို့တဲ့လှမ်း‌ဝေး ပညာ‌ရေး’ အမည်ရှိ အစီရင်ခံစာ တစ်‌စောင်ကို မွန်ပြည်လူ့အခွင့်အ‌ရေး ‌ဖောင်‌ဒေးရှင်း(HURFOM)၏ အမျိုးသမီးနှင့် က‌လေးအခွင့် အ‌ရေး အစီအစဉ်(WCRP)က မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ အမှတ်(၉၂) ရှင်‌စောပုလမ်း၊ စု‌ပေါင်းခြံလမ်းသွယ်၊ ‌မော်လမြိုင်ရပ်ကွက်၌ ဇွန်...

မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး တိုင်းရင်းသား‌ခေါင်း‌ဆောင်များ လက်ထဲ၌သာ ရှိဟု ကုလအတွင်း‌ရေးမှူး အကြံ‌ပေးပုဂ္ဂိုလ် ‌ပြော

ဇွန် ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား မြန်မာနိုင်ငံ၏ အနာဂါတ် ငြိမ်းချမ်း‌ရေးရရှိ‌ရေးသည် ‌လော်ခီးလာအစည်းအ‌ဝေးသို့ တက်‌ရောက်သည့် တိုင်းရင်း သားလက်နက်ကိုင်‌တော်လှန်‌ရေးထိပ်သီး‌ခေါင်း‌ဆောင်များ၏ လက်ထဲ၌သာ ရှိသည်ဟု ကုလသမဂ္ဂ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံ‌ပေးပုဂ္ဂိုလ် မစ္စတာ ဗီ‌ဂျေ နမ်ဘီယာ(Mr. Vijay Nambiar)က ဇွန် ၂ရက်‌နေ့တွင်...

‌ဒေါနအ‌ရှေ့ခြမ်းရှိ ‌ကျောင်းဆရာများအတွက် ပထမဦးဆုံးအကြိမ် KED ဖတ်စာအုပ်သင်ကြားမှုဆိုင်ရာ သင်တန်း‌ပေး

ဇွန် ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့် ကရင်ပညာ‌ရေးဋ္ဌာန(KED)မှ ‌ရေးဆွဲထား‌သော ‌ကျောင်းသုံးဖတ်စာအုပ်များကို အသိအမှတ်ပြုခံရရန်နှင့် လွတ်လပ်စွာ သင်ကြားနိုင်ရန် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌ဒေါနအ‌ရှေ့ခြမ်းရှိ ‌ကျောင်းဆရာ/မများအတွက် ပထမဆုံးအကြိမ် KED၏ ဖတ်စာအုပ်သင်းကြားပို့ချမှု သင်တန်းတစ်ခုကို ‌သေ့‌ဘောဘိုးအထက်တန်း‌ကျောင်း၌ ဇွန် ၁ရက်မှ ၆ရက်‌နေ့အထိ ပြုလုပ်‌ပေးလျှက်ရှိသည်။ ‌ဒေါနအ‌ရှေ့ခြမ်း နို့ဖိုး၊...

ကရင်ပြည်နယ်တွင် လူဦး‌ရေ ၁၅ သိန်း‌ကျော်ရှိ‌ကြောင်း ထုတ်ပြန်

ဇွန် ၁ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ်က ‌ကောက်ခံသည့် သန်း‌ခေါင်စာရင်းပင်မအစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးရှိ စုစု‌ပေါင်း လူဦး‌ရေမှာ (၅၁,၄၈၆,၂၅၃)ဦးရှိပြီး ထိုအထဲ၌ ကရင်ပြည်နယ်၏ လူဦး‌ရေမှာ (၁,၅၇၄,၀၇၉)ဦး ရှိ‌ကြောင်း ‌မေ ၂၉ရက်‌နေ့က ‌နေပြည်‌တော်တွင် ထုတ်ပြန်ခဲ့သည်။ ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ဖာပွန်၊...

မြဝတီ-‌ကော့ကရိတ်ကားလမ်းသစ်တွင် ကရင်လက်နက်ကိုင်ဂိတ် တဖွဲ့စီအစား ပူး‌ပေါင်းဂိတ်ထားမည်

‌မေ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း ကရင်ပြည်နယ်တွင် ‌ဖောက်လုပ်‌နေ‌သော မြဝတီ-‌ကော့ကရိတ် အာရှအ‌ဝေး‌ပြေး ကားလမ်းတစ်‌လျှောက် အခွန်‌ကောက်ခံ‌နေ သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်ဂိတ်များကို တစ်ဖွဲ့စီ သီးခြားအခွန်‌ကောက်ခံမှု မပြုလုပ်‌စေ‌တော့ဘဲ အဖွဲ့စုံ ပူး‌ပေါင်းထား သည့်ဂိတ်အဖြစ်သာ ထားရှိ‌တော့မည်ဖြစ်‌ကြောင်း ‌မေလ ၂၈ရက်မှ ၂၉ရက်‌နေ့အထိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ ‌တော်...

ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ‌ကျောင်းသားလူငယ်များ၏ ပူး‌ပေါင်းပါဝင်မှုအခန်းကဏ္ဍ အ‌ရေးကြီးဟု SYCB ထုတ်ပြန်

‌မေ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး မြန်မာနိုင်ငံ‌ကျောင်းသားလူငယ်များကွန်ဂရက်-SYCB မှ ကြီးမှူး၍ ရှမ်း(သျှမ်း)ပြည်နယ်၊ လားရှိုးမြို့တွင် ပြုလုပ်‌သော (၇)ကြိမ် ‌မြောက် ‌ဒေသဆိုင်ရာ ‌ကျောင်းသားလူငယ်များ နှီး‌နှောဖလှယ်ပွဲ၌ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုဖြစ်စဉ်တွင် ‌ကျောင်းသားလူငယ်များ၏ ပူ‌ပေါင်းပါဝင်မှုအခန်းကဏ္ဍသည် အလွန်အ‌ရေးကြီး‌ကြောင်း ‌မေလ ၂၇ရက်‌နေ့က ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ...

နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံးမှ UNFC ထံသို့ အချက်(၇)ချက်ပါ အကြံပြုချက်စာ‌ပေးပို့

‌မေ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးစာချုပ်(NCA) လက်မှတ်မ‌ရေးထိုးမီ ထည့်သွင်းစဉ်းစားနိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး-IKO က အချက် (၇)ချက်ပါ အကြံပြုစာ တစ်‌စောင်ကို ညီညွတ်‌သော တိုင်းရင်းသားဖက်ဒရယ်‌ကောင်စီ-UNFC ထံသို့ ‌မေလ ၂၆ရက် ‌နေ့စွဲဖြင့် ‌ပေးပို့ခဲ့သည်။ ၎င်းအကြံပြုချက်စာတွင်...

မှှိုင်းကံ‌ဒေသ ‌မြေလွတ်အတွင်း ကုမ္ပဏီများ ဝင်‌ရောက်လုပ်ခွင့်‌တောင်းသည့်အ‌ပေါ် ‌ဒေသခံများ ကန့်ကွက်

‌မေ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မှှိုင်းကံ‌ဒေသအတွင်းမှာရှိသည့် ‌ဒေသအပိုင် ‌မြေလွတ်သစ်‌တောတွင် ကုမ္ပဏီများမှ နှစ်ရှည်ခံ သီးပင်များစိုက်ပျိုးရန် ဝင်‌ရောက်‌လျှောက်ထားခွင့်ကို မလိုလား‌ကြောင်း ‌ဒေသခံများ ပူး‌ပေါင်း၍ မြို့နယ်‌မြေစာရင်းဦးစီးဋ္ဌာနမှူး ထံသို့ ‌မေလ ၂၇ရက်‌နေ့တွင် ကန့်ကွက်စာ တင်လိုက်‌ကြောင်း သိရသည်။ မှှိုင်းကံ‌ကျေးရွာအုပ်စု ပတုပ်အ‌ရှေ့ကွင်းအတွင်းရှိ‌သော (‌မြေလွတ်/‌မြေရိုင်း)များကို...

အရပ်ဖက်ပါဝင်‌သော အပစ်ခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်မှုသင်တန်း KWEG ဒုတိယအကြိမ်ပြုလုပ်

‌မေ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန် ရည်ရွယ်ချက်၍ အရပ်ဖက်ပါဝင်‌သော အပစ်ခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်မှုသင် တန်းကို ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ ဦး‌ဆောင်ပြီး ‌မေလ ၂၅ ရက်‌နေ့မှ ၃ဝရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ Royal Angel Hotel ၌...
Donate