Home သတင်း ထုိုင်း-မြန်မာနယ်စပ်ရှိ ‌ကော်သဘ‌လေး‌ရွှေ့‌ပြောင်း‌ကျောင်း ပြည်တွင်းသုို့ ပြန်လည်အ‌ခြေစုိုက်မည်

ထုိုင်း-မြန်မာနယ်စပ်ရှိ ‌ကော်သဘ‌လေး‌ရွှေ့‌ပြောင်း‌ကျောင်း ပြည်တွင်းသုို့ ပြန်လည်အ‌ခြေစုိုက်မည်

1972

‌ကော်သဘ‌လေး‌ကျောင်း ဒါရိုက်တာ ‌စောထွန်းဝင်း

မတ် ၁ရက်၊ ၂၀၁၆ခုုနှစ်။ ‌စောသိန်းမြင့်

ထုိုင်း-မြန်မာနယ်စပ် တာ့ခ်ခရုိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်၊ တုိုထ‌ကျေးရွာ၌ ၁ဝနှစ်နီးပါးကြာ ဖွင့်လှစ် ထား‌သော Kaw Tha Blay Learning Center အထက်တန်းလွန်‌ကျောင်းကိုု ယခုုနှစ်တွင် ပြည်တွင်းသုို့ ပြန်လည်အ‌ခြေစုိုက် ဖွင့်လှစ်မည်ဟုု ‌ဖေ‌ဖော်ဝါရီ ၂၈ရက်‌နေ့က ကျင်းပခဲ့‌သော (၁၀) ကြိမ်‌မြောက် ‌ကျောင်းဆင်းပွဲတွင် ‌ကျောင်းဒါရုိုက်တာဖြစ်သူ ‌စောထွန်းဝင်းက ‌ပြောသည်။

၎င်းက “အခုု ‌ကေအဲန်ယူ အစုိုးရနဲ့ မြန်မာအစုိုးရတုို့ ငြိမ်းချမ်း‌ရေးလုုပ်‌ဆောင်‌နေပြီဖြစ်ပါတယ်။ ဒီမှာ ရပ်တည်တာလည်း အခက်အခဲအများကြီးရှိတယ်။ ဒါ‌ကြောင့် ကျ‌နော်တုို့ ပြန်‌နေထုိုင်သင့်ပြီ။ ပညာ‌ရေးတုိုးတက်မှ နုိုင်ငံကိုု တုိုးတက်‌အောင် လုုပ်‌ဆောင်နုိုင်မှာဖြစ်တဲ့အတွက် ဒီရည်ရွယ်ချက်ကိုု အ‌ခြေခံပြီး ‌ကျောင်းပြန်ဖွင့်လှစ်ဖုို့ စီစဉ်တာဖြစ်တယ်”ဟုု ‌ကေအုိုင်စီသုို့ ‌ပြောသည်။

စာသင်‌ကျောင်းကိုု ‌ကေအဲန်ယူ ဖာပွန်ခရုိုင်၊ ဒွဲလုိုးမြို့နယ်ရှိ စခန်းကြီးအနီးအနားတဝိုက်တွင် ဖွင့်လှစ်ရန် လွန်ခဲ့သည့် လအနည်းက သက်ဆုိုင်ရာ နယ်ခံတာဝန်ရှိသူများနှင့် သွား‌ရောက်‌တွေ့ဆုုံခဲ့ပြီးဖြစ်၍ ယခုုနှစ် ‌မေလ အ‌စောပုိုင်းတွင် စတင်အ‌ကောင်အထည်‌ဖော် လုုပ်‌ဆောင်သွားနုိုင်မည်ဟုု ‌စောထွန်းဝင်းက ဆက်‌ပြောသည်။

ယခုုသွား‌ရောက်ဖွင့်လှစ်မည့်‌ကျောင်း၏ ‌ကျောင်းဝင်းအတွင်း စာသင်‌ကျောင်း အ‌ဆောက်အဦး၊ ‌ဘောလုုံးကွင်း၊ စုိုက်ပျိုး‌ရေး‌နေရာတုို့ ပါဝင်မည်ဖြစ်သလုို ‌ကျောင်းသူ‌ကျောင်းသား ရာဂဏန်းမျှ လက်ခံရန် ရာထား‌ကြောင်း၊ နုိုင်ငံ‌ရေး၊ စီးပွား‌ရေး အဂင်္လိပ်၊ သချင်္ာ၊ အ‌ခြေခံ ကွန်ပျူတာစသည့် ဘာသာရပ်များကိုု ထည့်သွင်းကာ ကရင်ပညာ‌ရေးဋ္ဌာန၏ လမ်းညွှန်မှုဖြင့် သင်ကြားပုို့ချသွား မည်ဖြစ်‌ကြောင်း ယင်း‌ကျောင်းတာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

၁ဝ ကြိမ်‌မြောက် ‌ကော်သဘ‌လေး‌ကျောင်းဆင်းပွဲ

၁ဝ ကြိမ်‌မြောက် ‌ကော်သဘ‌လေး‌ကျောင်းဆင်းပွဲ


ထိုကိစ္စအ‌ပေါ် ကရင်ပညာ‌ရေးဋ္ဌာန(KED) တာဝန်ခံ ပဒုို‌စောလား‌စေးက “ကြား‌တော့ကြားပါတယ်။ ဒါက သူ့အစီအစဉ်နဲ့ သူ စီစဉ်တာပါ။ ကျ‌နော်တုို့နဲ့ တုိုင်ပင်ပြီး‌တော့ လုုပ်‌ဆောင်တာ‌တော့ မဟုုတ်ပါဘူး။ ဒါက‌တော့ မူတ‌ရော်(ဖာပွန်)ခရုိုင်နဲ့ တုိုင်ပင်ရမယ်။ ကျ‌နော်တုို့ အ‌နေနဲ့က‌တော့ ဘာမှ ‌ပြောစရာ မရှိပါဘူး”ဟု ‌ကေအုိုင်စီသုို့ ‌ပြောသည်။

ပြည်တွင်းနှင့် နယ်စပ်ဒုုက္ခသည်စခန်းရှိ အထက်တန်း‌ကျောင်း ပညာ‌အောင်မြင်သွား‌သော ‌ကျောင်းသူ‌ကျောင်းသားများ ဆက်လက်ပညာသင်ကြားနုိုင်ရန် ‌ကော်သဘ‌လေး‌ကျောင်းကိုု က‌နေဒါနုိုင်ငံ အ‌ခြေစုိုက် Project Umbrella Burma (PUB)‌ထောက်ပံ့မှုဖြင့် ၂၀၀၆ခုုနှစ်က ‌ကေအဲန်ယူ တပ်မဟာ ၇နယ်‌မြေတွင် စတင်ဖွင့်လှစ်ခဲ့ပြီး လုုံခြုံ‌ရေးအ‌ခြေအ‌နေအရ ၂၀၀၇ခုုနှစ်တွင် ထုိုင်းဘက်ခြမ်းသုို့ ‌ပြောင်း‌ရွှေ့သွားခြင်းဖြစ်သည်။

ယခုုနှစ် ထုိုင်းနယ်စပ်တွင် ‌နောက်ဆုုံးနှစ်အဖြစ် ၁ဝကြိမ်‌မြောက် ‌ကျောင်းဆင်းပွဲကိုု နယ်စပ်ဒုုက္ခသည်စခန်းနှင့် ‌ကေအဲန်ယူ ခရုိုင်၊ တပ်မဟာ(၇)ခုုမှ ‌ကျောင်းသူ ‌ကျောင်းသား ၂၅ဦး တက်‌ရောက်‌အောင်မြင်ခဲ့သည်။