Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2043

ကရင်ပါတီများ အမျိုးသားအကျိုးအတွက် စုစည်းညီညွှတ်ဖို့လို

တိုင်းရင်းသားများ စု‌ပေါင်း‌နေထိုင်ပြီး ဖက်ဒရယ်ဒီမိုက‌ရေစီစနစ် တည်‌ထောင်ရမည့် မြန်မာနိုင်ငံတွင် နိုင်ငံ‌ရေးပါတီများမှာ မရှိမ ဖြစ် လိုအပ်သည်။ ယင်းတို့တွင် တိုင်းရင်းသားမျိုးနွယ်စုများကို အ‌ခြေခံသည့် ပါတီများလည်း ပါဝင်‌နေမှသာ တိုင်းရင်းသားမျိုး နွယ်စုအလိုက် ‌ဒေသဖွံ့ဖြိုး‌ရေးနှင့် အ‌ထွေ‌ထွေ‌သော အမျိုးသား‌ရေးတို့ကို နားလည်သိရှိ လုပ်‌ဆောင်နိုင်မည်ဖြစ်သည်။ ထို့အ တွက် ကရင်ပါတီများ ဖွဲ့စည်းတည်‌ထောင်ခဲ့ကြသည်မှာ နိုင်ငံ‌ရေးသဘာဝပင်ဖြစ်သည်။

ကရင်နိုင်ငံ‌ရေးပါတီများ၏ အ‌ခြေအ‌နေကို ပြန်ကြည့်မည်ဆိုပါက ၁၉၈၈ လူထုအ‌ရေး‌တော်ပုံကြီးပြီး‌နောက် ၉ဝ ‌ရွေး‌ကောက်ပွဲ တွင် ကရင်ပါတီများတည်‌ထောင်ကာ ‌ရွေး‌ကောက်ပွဲဝင်ခဲ့ဖူး‌သော်လည်း ‌အောင်မြင်မှုမရခဲ့သလို အချို့ပါတီများ ဖျက်သိမ်းလိုက် ရသည်။ ထိုစဉ်က ပြည်‌ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်ပါတီသာ တရားဝင် ဆက်လက် ရပ်တည်ခဲ့‌သော်လည်း ဒီမိုက‌ရေ စီအ‌ရေး၊ အာဏာရှင်ဆန့်ကျင်‌ရေးနှင့် အမျိုးသား‌ရေးအတွက် မလှုပ်ရှားခဲ့သလို စည်းရုံး‌ရေးအားနည်းပြီး၂၀၁ဝ ‌ရွေး‌ကောက်ပွဲ တွင် ကိုယ်စားလှယ် ၃ဦး ဝင်မပြိုင်နိုင်ဖြစ်ကာ ဖျက်သိမ်းခံလိုက်ရပြီး သမိုင်းမလှ ဖြစ်ခဲ့ရသည်။

၂၀၁ဝပြည့်နှစ်တွင် နိုင်ငံ‌ရေးပါတီများ တည်‌ထောင်ခွင့် ရရှိသည့်အခါ ကရင်ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါ တီ၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီတို့ ‌ပေါ်ထွက်လာသလို ရန်ကုန်တိုင်း‌ဒေသကြီးတွင် ကရင်ပြည်သူ့ပါ တီတို ့တည်‌ထောင်ခဲ့သည်။ ၎င်း‌နောက် ကရင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်‌သော ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီတို့ကို ကရင်ပြည်နယ်တွင် ထပ်မံ ထူ‌ထောင်ခဲ့သလို ရန်ကုန်မြို့တွင်လည်း ကရင်အမျိုးသားပါတီကို ထပ်မံ တည်‌ထောင်ခဲ့ ရာ လက်ရှိ ကရင်ပါတီ ၆ခုအထိ ရှိလာခဲ့သည်။

၎င်းပါတီ ၆ခုအ‌နေဖြင့် အမျိုးသား‌ရေး လုပ်‌ဆောင်ရန် တည်‌ထောင်ခဲ့သည်ဟု ‌ပြောဆိုကြ‌သော်လည်း မိမိတို့၏လုပ်ရပ်များသည် အမှန်တကယ် အမျိုးသား‌ရေးအတွက်ဟုတ်မဟုတ် ပြန်စဉ်းစားသုံးသပ်ရန် လိုသည်။ ကရင်လူထုအ‌နေဖြင့် ယင်းပါတီ ၆ခုတွင် အစိုးရအလိုကျသာ ‌ပြောဆိုလုပ်ကိုင်သည့် ပါတီအများစု ဖြစ်‌နေသည်ဟု မှတ်ချက်ပြုကာ အားကိုးအားထားပြုမှု အားနည်းခဲ့ သည်။ အကျိုးဆက်အ‌နေဖြင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများ အရှုံးရလဒ်သာ ‌ထွေးပိုက်ခဲ့ရသည်ကို ‌တွေ့ရမည်ဖြစ် သည်။

ကရင်လူထုက ကရင်ပါတီ များပြား‌နေခြင်းကို မလိုလားကြဘဲ အမျိုးသား‌ရေးကို အမှန်တကယ် လုပ်‌ဆောင်မည့်ပါတီတစ်ခုကို သာ လိုလား‌ကြောင်း မကြာခဏ ထုတ်‌ဖော်‌ပြောဆို‌လေ့ရှိသည်။ နိုင်ငံ‌ရေးပါတီများသည် လူထုအကျိုးကိုသာ ‌ရှေ့တန်းတင်ရ မည့်သ‌ဘောရှိသည့်အတွက် ကရင်ပါတီများအ‌နေဖြင့် အတိက်ကာလက အားနည်းခဲ့သည်များကို ပြန်သုံးသပ်ကာ စုစည်းညီ ညွတ်ကာ စု‌ပေါင်းလုပ်‌ဆောင်ရန် လိုအပ်‌နေပြီး ဖြစ်သည်။

ယင်းသို့ ပြန်လည်‌ပေါင်းစည်းရန် ၂၀၁၂ကြားဖြတ် ‌ရွေး‌ကောက်ပွဲပြီး‌နောက်ပိုင်း ကရင်ပါတီများအချင်းချင်း ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြ ‌သော်လည်း မ‌အောင်မမြင်ဖြစ်ကာ ၂၀၁၅ ‌ရွေး‌ကောက်ပွဲပြီးမှသာ ပြန်လည်‌ပေါင်းစည်း‌ရေးလုပ်‌ဆောင်မည်ဟု ဆိုခဲ့သည်။ လက် ရှိတွင်လည်း တ‌ကျော့ပြန် ယင်းလုပ်ငန်းစဉ်ကို စတင် လုပ်‌ဆောင်‌နေပြီး ‌ပေါင်းစည်း‌ရေးကို မူအရ လက်ခံထားပြီးဖြစ်ရာ ‌ကောင်း မွန်သည့် ဆုံးဖြတ်ချက်ဟု ဆိုရမည်ဖြစ်သည်။

သို့ဖြစ်‌ပေရာ အမျိုးသား‌ရေး အမှန်တကယ်လုပ်မည်ဆိုပါက ကနဦး ပါတီတစ်ခုတည်းဖြစ်‌ရေးကို ပထမ‌ခြေလှမ်းအ‌နေဖြင့် လုပ် ‌ဆောင်ကာ လူထုလိုလားသည့် ဖက်ဒရယ်ဒီမိုက‌ရေစီအတွက် ဆက်လုပ်‌ဆောင်သွားရမည် ဖြစ်သည်။ ထိုသို့ ဖြစ်‌ရေးအတွက် ကရင်ပါတီ ၆ခုအ‌နေဖြင့် မိမိတို့အတ္တ၊ အကျိုးစီးပွားနှင့် အာဏာရှင်အလိုကျ ရပ်တည်ခဲ့မှုများကို စွန့်လွှတ်ဖို့ လိုမည်ဖြစ်သည်။ မည်သို့ဆို‌စေ အတိက်က ရှိခဲ့ဖူးသည့် သမိုင်း‌ကြောင်း မခိုင်မာသည့် ပါတီများမဖြစ်‌စေ‌ရေး သတိပြုလုပ်‌ဆောင်သွားရန် တိုက် တွန်းလိုက်ရပါသည်။