Home သတင်း ‌ဘောကထစီမံကိန်း ‌လေ့လာမှုအစီခံစာအတွက် MOU ထိုးခြင်းသာဖြစ်ဟု KNU ထုတ်ပြန်‌ပြောဆို

‌ဘောကထစီမံကိန်း ‌လေ့လာမှုအစီခံစာအတွက် MOU ထိုးခြင်းသာဖြစ်ဟု KNU ထုတ်ပြန်‌ပြောဆို

1770
‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ‌ညောင်‌လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်‌မြေအတွင်းရှိသည့် ‌ဘောကထ ‌ရေအားလျှပ်စစ်စီမံ ကိန်းအတွက် လက်မှတ်‌ရေးထိုးခြင်းမှာ “ဖြစ်‌မြောက်နိုင်စွမ်း အကြိုစူးစမ်း ‌လေ့လာမှု အစီခံစာရရှိ‌ရေးအတွက် နားလည်မှု စာချွန် လွှာ MOU” ‌ရေးထိုးခြင်းသာဖြစ်‌ကြောင်း ‌ဖေ‌ဖော်ဝါရီလ ၂၆ရက်‌နေ့တွင် KNU က ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၁၈ရက်‌နေ့ ‌နေပြည်‌တော်တွင် လျှပ်စစ်စွမ်းအားစီမံ‌ရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦး‌အေးဆန်းနှင့် သူး‌လေကုမ္ပဏီလီမိတက်မှ ဥက္ကဌ ‌စောတာဒိုမှူးတို့ (MOU) ‌ရေးထိုးပြီး‌နောက် ‌ဝေဖန်မှုများ ထွက်‌ပေါ်လာသည့်အတွက် ယခုလို သ‌ဘောထား ထုတ်ပြန်ခြင်းဖြစ်‌ကြောင်း KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ယခုလို ‌ပြောသည်။

“အခု လက်မှတ်‌ရေးထိုးတာက စီမံကိန်းနဲ့ပတ်သက်ပြီး ‌လေ့လာဆန်းစစ်မှုအတွက်ပဲ အစိုးရနဲ့ နှစ်ဦးနှစ်ဖက် သ‌ဘောတူတယ်ဆို ပြီး နားလည်မှု စာချွန်လွှာ‌ရေးထိုးခြင်းဖြစ်ပါတယ်။ လုပ်ငန်းအ‌ကောင်အထည်‌ဖော်ဖို့အတွက် သ‌ဘောတူညီချက် လက်မှတ်ထိုး တာ မဟုတ်ပါဘူး။ ‌နောက်ပြီး အချို့‌သောသူ‌တွေ သတင်းဌာန‌တွေရဲ့ ‌ရေးသားမှု၊ ထင်မြင်မှုက ကျ‌နော်တို့ တကယ့်အ‌ခြေအ‌နေ နဲ့ လွဲ‌ချော်‌နေတဲ့အတွက် ရှင်းလင်းရခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

MOU လက်မှတ်‌ရေးထိုးရာတွင် စီမံကိန်းဖြစ်နိုင်‌ချေ စမ်းသပ်မှု အစီရင်ခံစာပြုစု‌ရေးအတွက် ‌ဒေသခံများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ပိုင် ခွင့်နှင့် အကျိုးစီးပွား မျှ‌ဝေခံစားပိုင်ခွင့်၊ လူ့အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်မှုနှင့် သဘာဝပတ်ဝန်းကျင်တို့ ထိခိုက်နိုင်မှုရှိမရှိ ကို ၂၄လကြာ နိုင်ငံတကာအဆင့်မှီ စမ်းသပ်‌လေ့လာမှု ပြုလုပ်သွားမည်ဟုလည်း ‌ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ယင်းသို့ ‌လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး‌နောက် ရရှိလာသည့် စီမံကိန်းနှင့်ပတ်သက်သည့် အစီရင်ခံစာကို အစိုးရထံ ပြန်လည် တင်ပြပြီး သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှသာလျှင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆက်လက် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင် သွားရမည်ဖြစ်သည်။

ထို့အပြင် ၎င်းစီမံကိန်းမှာ ပြည်သူလူထု၏ အကျိုးစီးပွားကို အဓိကရည်ရွယ်ပြီး လုပ်‌ဆောင်မည်ဖြစ်သလို စီမံကိန်းဖြစ်‌မြောက်‌ရေး မှာ ငြိမ်းချမ်း‌ရေးနှင့် အပြန်အလှန် သက်ဆိုင်‌နေသည့်အတွက် လူထုထိခိုက်မည့်လုပ်ရပ်ကို KNU အ‌နေဖြင့် လုပ်‌ဆောင် မည်မဟုတ်‌ကြောင်း ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

‌ဘောကထ‌ရေအားလျှပ်စစ်စီမံကိန်းကို Build operation Transfer B.O.T စနစ်ဖြင့် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ရန် စမ်းသပ်‌လေ့လာမှုများ ပြုလုပ်ရာတွင် သူး‌လေကုမ္ပဏီလီမိတက်နှင့်အတူ ‌နော်‌ဝေနိုင်ငံရှိ ကုမ္ပဏီတစ်ခုတို့ ပူး‌ပေါင်းကာ လုပ် ‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

‌ဘောကထ‌ရေအားလျှပ်စစ်စီမံကိန်းသည် ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့၏ အ‌ရှေ့ဘက် (၁၀)မိုင်ခန့်အကွာ KNU ‌ညောင်‌လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်‌မြေ ‌ဘောကထ‌ချောင်း‌ပေါ်တွင် တည်‌ဆောက်မည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက စက်တပ်ဆင်အင်အား (၁၆၀)မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်‌ကြောင်း သိရသည်။

သူး‌လေကုမ္ပဏီအ‌နေဖြင့် ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့တုန်းက ‌ဒေသခံတက်ကြွလှုပ်ရှားသူများနှင့်အပြင် ‌တွေ့ဆုံခဲ့ပြီး စီမံကိန်းကို စမ်းသပ်လုပ်‌ဆောင်မှုအ‌ကြောင်း ‌ပြောဆိုခဲ့‌သော်လည်း MOU ထိုးလိုက်သည့်အ‌ပေါ် သ‌ဘောထား မပါဝင်၍ ‌ဒေသခံများက ‌ကျေနပ်မှုမရှိ‌ကြောင်း၊ ဆက်လက်၍ ‌ဖေ‌ဖော်ဝါရီလ ၂၅ရက်‌နေ့ကလည်း ရန်ကုန်မြို့တွင် ထပ်မံ ‌တွေ့ဆုံညှိနှိုင်းခဲ့‌သေးသည်။

‌ကျောက်ကြီးမြို့နယ်အ‌ခြေစိုက် East Life အရပ်ဖက်အဖွဲ့အစည်းမှ ‌နော်တဘီသားက “‌ဘောကထ ‌ဆောက်မယ် မ‌ဆောက်ဘူး ဆိုတာ ‌ဒေသခံ‌တွေသ‌ဘောထားယူရမယ်လို့ သ‌ဘောတူထားတယ်။ သူတို့‌ပြောတဲ့ အကြိုစမ်းသပ်စစ်‌ဆေးမှု‌တွေမှာ ကျမတို့ ‌ဒေသခံ‌တွေလည်း အတူတကွ ပူး‌ပေါင်းပါဝင်ဖို့ ‌တောင်းထားတယ်။ ကျမတို့‌ဒေသခံ‌တွေကလည်း ပညာရှင်‌တွေ‌ခေါ်ပြီး ကိုယ့် ‌ဒေသကို စူးစမ်းချင်‌လေ့လာချင်တယ်။ ကျမတို့‌ဒေသခံ‌တွေ CSO ‌တွေလုပ်တဲ့ Research နဲ့ သူတို့‌ခေါ်လာတဲ့ ပညာရှင် ‌တွေလုပ်တဲ့ Research က ဘာကွဲပြားမှုရှိမလဲ‌ပေါ့။ ကျမတို့က‌တော့ ရှင်းရှင်း‌ပြောရရင် သူတို့ကို လုံးဝမယုံဘူး”ဟု ဆိုသည်။

‌ဘောကထ‌ရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံ‌တော်စီမံကိန်းအဖြစ် အစိုးရအဆက်ဆက် ကြိုးပမ်းမှုများရှိ‌နေပြီး အပစ်အခတ်ရပ်စဲ ‌ရေးကာလ ‌ကေအဲန်ယူနယ်‌မြေများအတွင်း ဝင်‌ရောက်လာသည့် စီးပွား‌ရေးဆိုင်ရာ စိန်‌ခေါ်မှုများကို ‌ဖြေရှင်းရန် ၁၅ကြိမ်‌မြောက် KNU ကွန်ဂရက်တွင် ဗဟိုနှင့် ခရိုင်‌ခေါင်း‌ဆောင် ၁၄ဦးပါသည့် ဗဟိုစီးပွား‌ရေး‌ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သည်။

ယခု လက်မှတ်‌ရေးထိုးရာတွင်လည်း စီမံကိန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာအဆင့်မှီ အကြိုစမ်းသပ် စစ်‌ဆေးမှု အစီရင်ခံစာရရှိ ‌ရေးမှာ KNU ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ၏ သ‌ဘောတူဆုံးဖြတ်ချက်များအတိုင်း ဗဟိုစီးပွား‌ရေး‌ကော်မတီ၏ အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်မှုတစ်ခုဖြစ်‌ကြောင်း သိရသည်။