Home သတင်း ကွမ်းခြံကုန်းတမြို့နယ်လုံး ပထမဆုံးအကြိမ် ‌နွေရာသီ ကရင်စာသင်တန်းများ ဖွင့်လှစ်မည်

ကွမ်းခြံကုန်းတမြို့နယ်လုံး ပထမဆုံးအကြိမ် ‌နွေရာသီ ကရင်စာသင်တန်းများ ဖွင့်လှစ်မည်

2128

‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ(စာယဉ်)က ဦးစီးကာ ပထမဆုံး အကြိမ် ‌နွေရာသီကရင်စာသင်တန်းများ ဖွင့်လှစ်သွားမည်ဟု မြို့နယ် စာယဉ်‌ကော်မတီမှ တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

ကွမ်းခြံကုန်းတမြို့နယ်လုံး အတိုင်းအတာ ကရင်စာသင်ကြားနိုင်‌ရေးအတွက် မြို့နယ်စာယဉ်မှ သင်ကြား‌ရေး စီမံချက်ကို ယခုနှစ်ဆန်းပိုင်းက အ‌သေးစိတ်‌ရေးဆွဲထားပြီးဖြစ်သလို လာမည့်‌ကျောင်းပိတ်ချိတ် မတ်လမှ ‌မေလအထိ မြို့နယ်အတွင်း ရှိ ကရင်လူမျိုးများ‌နေထိုင်ရာ ရပ်ကွက်၊ ‌ကျေးရွာများတွင် မြို့နယ်အတွင်းရှိ ကရင်စာတတ်‌မြောက်ထားသည့် ဆရာ၊ ဆရာ မများက လိုက်လံသင်ကြား‌ပေးရန် စီစဉ်ထားသည်ဟု မြို့နယ် စာယဉ်ဥက္ကဋ္ဌ မန်းစိုးသိန်းက ‌ပြောသည်။

“အဓိက က‌တော့ လူမျိုးတမျိုးရဲ့အသက်က စာ‌ပေ၊ ယဉ်‌ကျေးမှု၊ ဝတ်စားဆင်ယင်မှုနဲ ့ဓ‌လေ့ထုံးစံ ကျ‌နော်တို့ ‌ခေတ်အ ဆက်ဆက် ဖိုး၊ ဖွား‌တွေက ထိန်းသိမ်းခဲ့တယ်။ ဒါ‌တွေဟာ ကျ‌နော်တို့နဲ့ကျမှ ‌ပျောက်ကွယ်သွားမယ်ဆိုရင် သမိုင်းမှာ တရား ခံ ဖြစ်လိမ့်မယ်။ ဒါ‌ကြောင့် ကျ‌နော်တို ့ဒီက‌နေ ့‌နွေရာသီ ‌ကျောင်းပိတ်ချိန်မှာ ကရင်စာ‌ပေ သင်ကြားနိုင်ဖို့ စီမံချက် ‌ရေးဆွဲ ထားတယ်။ ရိုးရာ၊ ယဉ်‌ကျေးမှု‌တွေကို ထိန်းသိမ်းတဲ့အ‌နေနဲ့ သင်‌ပေးသွားမှာ ဖြစ်တယ်”ဟု မန်းစိုးသိန်းက ‌ပြောသည်။

ထိုသို ့ကွမ်းခြံကုန်းတမြို့နယ်လုံး ‌နွေရာသီကရင်စာသင်ကြား‌ရေး စီမံချက်ကို ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီ ဥက္ကဌ၊ ကရင့်‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်ထံ ‌ဖေ‌ဖေါ်ဝါရီလ ၂၃ရက်‌နေ့တွင် တင်ပြထားပြီး ဖြစ်သ လို တိုင်းစာယဉ်မှလည်း အကူအညီများ‌ပေးသွားရန်ရှိ‌ကြောင်း စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။

ယခုကဲ့သို့ ကွမ်းခြံကုန်းတမြို့နယ်လုံး ‌နွေရာသီကရင်သင်တန်းများ ဖွင့်လှစ်မည့်အ‌ပေါ် ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ် ‌ကျေးရွာမှ ထီမန်ကရင်လူငယ်အဖွဲ့ ဥက္ကဋ္ဌ စ‌အောင်မျိုးခန့်က “စာ/ယဉ်က ဒီလိုလုပ်မယ်ဆို‌တော့ ကြိုဆိုပါတယ်။ ကျ‌နော် တို့ ထီမန်လူငယ် အပါအဝင် စု‌ပေါင်းဖွဲ့ထားတဲ့ ကွမ်းခြံကုန်းကရင်လူငယ်ကလည်း အရင်ကတည်းက တိုက်တွန်းသွားဖို့ အစီအစဉ်ရှိတယ်။ ‌ကျေးရွာအလိုက်လည်း ပူး‌ပေါင်းပါဝင်ကြမှာပါ”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောဆိုသည်။

အဆိုပါမြို့နယ်အတွင်း ကရင်လူမျိုးအများစု‌နေထိုင်သည့် ‌ကျေးရွာများတွင် ‌နွေရာသီ‌ကျောင်းပိတ်ချိန်၌ ကရင်လူငယ်များ ကို မိသားစု စိုက်ပျိုး၊ ‌မွေးမြူ‌ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီလုပ်ကိုင်‌ပေးရမှုများ ရှိသည့်အတွက် လူငယ်များ ကရင်စာ သင်ကြား‌ရေးအပိုင်းတွင် အခက်အခဲအချို့ ရှိနိုင်သည်ဟု စ‌အောင်မျိုးခန့်က ဆက်‌ပြောသည်။

လက်ရှိ ကွမ်းခြံကုန်းမြို့နယ်တွင် ကရင်လူမျိုး သုံး‌သောင်း‌ကျော်ခန် ့‌နေထိုင်လျက်ရှိကာ အများစုမှာ ပိုးကရင်(ဖလုံး) မျိုး နွယ်စုများဖြစ်ကာ ကရင်စကားကို ယခင်က အားလုံးနီးပါး‌ပြောဆိုတတ်‌သော်လည်း ယခုအခါ စုစု‌ပေါင်း ကရင်လူမျိုး၏ ၃ဝ ရာခိုင်နှုန်းခန့်သာ ကရင်စကား‌ပြောဆိုတတ်‌တော့သည့် အ‌ခြေအ‌နေရှိ‌နေ‌ကြောင်း မြို့နယ်စာယဉ်၏ ‌ပြောပြချက်အရ သိရ သည်။