Home သတင်း အခွင့်အ‌ရေးများကို ဥပ‌ဒေအရ ကာကွယ်တတ်ရန် ‌တောင်က‌လေး‌တောင် ‌ဒေသခံများကို သင်တန်းပို့ချ

အခွင့်အ‌ရေးများကို ဥပ‌ဒေအရ ကာကွယ်တတ်ရန် ‌တောင်က‌လေး‌တောင် ‌ဒေသခံများကို သင်တန်းပို့ချ

1588

ဩဂုတ် ၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

အခွင့်အ‌ရေးများကို သိရှိနားလည်ပြီး ဥပ‌ဒေနှင့်အညီ ကာကွယ်တတ်ရန် ရည်ရွယ်၍ ဖားအံမြို့နယ် ‌ကော့ရင်းအထက်‌ကျေးရွာ အုပ်စုနှင့် ‌နောင်ကျန်‌ကျေးရွာအုပ်စုရှိ ‌တောင်က‌လေး‌တောင်အနီး ‌ဒေသခံများအတွက် အရပ်ဖက်လူမှုလုပ်ငန်းတွင် ပါဝင်‌ဆောင် ရွက်သူ ၅ဦးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ဥပ‌ဒေနှင့် သတ္တုတွင်းဥပ‌ဒေ အသိပညာ‌ပေးသင်တန်းတစ်ခုကို ဩဂုတ် ၇ ရက်မှ ၈ရက်‌နေ့ထိ ပို့ချ‌ပေးခဲ့သည်။

‌တောင်က‌လေး‌တောင်၌ မိုင်း‌ဖောက်ခွဲပြီး ဆယ်စုနှစ်‌ကျော်ကြာ ထုတ်လုပ်‌နေသည့် ‌ကျောက်ထုတ်လုပ်ငန်းတွင် ပတ်ဝန်းကျင် ထိခိုက်မှုများရှိသဖြင့် ၎င်း‌ဒေသရှိ ‌တောင်ကုန်းရွာနှင့် ‌အောက်‌နောင်ကျန်ရွာ ‌ဒေသခံ ၃၀‌ကျော်အား သီတာ‌အေးလှိုင်ဂူ ဘုန်းကြီး ‌ကျောင်းတွင် တစ်ရက်၊ ‌တောင်ကုန်းရွာဇရပ်တွင် တစ်ရက် စုစု‌ပေါင်း နှစ်ရက်ကြာ အသိပညာ‌ပေးသင်တန်း ပြုလုပ်‌ပေးခဲ့ခြင်းဖြစ် သည်ဟု သင်တန်းတွင် ပါဝင်ပို့ချ‌ပေး‌နေသည့် ‌နော်အဲ့‌ဖောဝါးက ‌ပြောသည်။

“ကျမတို့ ဒီသင်တန်းကို ‌ပေးရတာက ဒီကရွာ‌တွေ နစ်နာခဲ့တဲ့အရာ‌တွေကို မြန်မာနိုင်ငံမှာရှိ‌နေတဲ့ သယံဇာတနဲ့ပတ်သက်တဲ့ ပွင့် လင်းမြင်သာမှု ရှိလား၊ မရှိလားဆိုတာကို ရပိုင်ခွင့် အခွင့်အ‌ရေး‌တွေ၊ ‌နောက် လုပ်ငန်းရှင်‌တွေဟာ အခွန်နဲ့ပတ်သက်တာ‌တွေ တကယ်ပဲ ‌ပေးသလား။ ‌ကျေးရွာဖွံ့ဖြိုးမှု တကယ်ပဲ လုပ်‌ပေးသလား။ အဲဒါ‌တွေ နှိုင်းယှဉ်လို့ရ‌အောင် အဲဒီဥပ‌ဒေနှစ်ခု ‌ပေးခဲ့တာ ဖြစ်ပါတယ်”ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် သင်တန်း၌ ‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်မှုလုပ်ငန်းအ‌ပေါ် အ‌ဖြေရှာ‌ဆောင်ရွက်သွားရန် ‌တောင်ကုန်းရွာ နှင့် ‌အောက်‌နောင်ကျန်ရွာ ‌ဒေသခံများ ၃ဝဦးဖြင့် ဇွန်လ ၁၇ရက်‌နေ့က စု‌ပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ဝင် ၃ဝဦးပါ ‌ကော်မတီကို လည်း ပိုမိုအား‌ကောင်း‌အောင် ရည်ရွယ်၍ ၃ဦး ထပ်မံ ဖြည့်စွက်ဖွဲ့စည်းခဲ့သည်ဟု ‌နော်အဲ့‌ဖောဝါးက ဆက်‌ပြောသည်။

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်း၌ ‌တောင်အ‌ရှေ့ဘက်ခြမ်းတွင် ဦးခင်‌မောင်‌ကျော်နှင့် ‌တောင်အ‌နောက်ဘက်ခြမ်း တွင် ဦးလူခင် ဆိုသူတို့က ဆက်လက် လုပ်ကိုင်လျှက်ရှိပြီး လုပ်ငန်းကာလတစ်‌လျှောက် လယ်‌မြေထိခိုက်မှုအချို့ အပါအဝင် ‌ဒေသခံများအကြား သ‌ဘောထားကွဲလွဲခြင်း၊ လူမှု‌ရေးပြဿနာ အမျိုးမျိုးဖြစ်ပွားခြင်းများ‌ကြောင့် လုပ်ငန်းရပ်တန့်‌ပေးရန် ယခုနှစ်၊ ဇွန်လ ၂၈ရက်‌နေ့၌ ပြုလုပ်ခဲ့သည့် ‌တွေ့ဆုံပွဲတစ်ခုတွင် ‌ဒေသခံများက သ‌ဘော‌ပေးထားခဲ့ကြပြီးလည်း ဖြစ်သည်။

ယခုသင်တန်းကို တက်‌ရောက်သူ ‌တောင်ကုန်းရွာသား ‌စောဇာလီက “ဒီသင်တန်းတက်ခဲ့တာ အမြင်‌တွေ ပွင့်လာတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ(အခန်း ၈)ထဲမှာပါတဲ့ ပုဒ်မ ၃၉ဝအရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး အချက်အလက်‌တွေ ပါတယ်။ လူတစ် ‌ယောက်ရဲ့ အခွင့်အ‌ရေးလည်း ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ပြည်သူလူထု‌တွေ ထိန်းသိမ်းရမယ့် သစ်ပင်၊ ‌တော‌တောင်၊ ‌တောရိုင်းတိရစ္ဆာန် စတာ‌တွေ သိလာရတဲ့အတွက် အများကြီး အကျိုးရှိတယ်”ဟု ‌ပြောသည်။

‌တောင်က‌လေး‌တောင်မှာ ဖားအံ-သထုံကားလမ်းမကြီး အ‌နောက်ဘက် ‌တောင်ကုန်း‌ကျေးရွာအနီးတွင် တည်ရှိပြီး ၎င်း‌ကျောက် ထုတ်လုပ်ငန်းကို ၂၀၀ဝခုနှစ်ဝန်းကျင်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ဖားအံမြို့နယ် ‌တောင်ကုန်း‌ကျေးရွာနှင့် ‌နောင်ကျန်‌ကျေးရွာ ‌ဒေသခံများအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဥပ‌ဒေနှင့် သတ္တုတွင်းဥပ‌ဒေ အသိပညာ‌ပေးသင်တန်းကို ပြုလုပ်သည် မှာ ယခုဆိုလျှင် ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။