Home ထိပ်တန်းသတင်း ‌တောင်ကိုရီးယား KYO အဖွဲ့ ကရင်အမျိုးသားအာဇာနည်‌နေ့ ကြိုတင်ကျင်းပ

‌တောင်ကိုရီးယား KYO အဖွဲ့ ကရင်အမျိုးသားအာဇာနည်‌နေ့ ကြိုတင်ကျင်းပ

1938
ဩဂုတ် ၇ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ဩဂုတ်လ ၁၂ ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၆နှစ်‌မြောက် ကရင်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနားကို ကရင်လူငယ်အ စည်းအရုံး-KYO (ကိုရီးယား)က ဦး‌ဆောင်ပြီး ရက်အနည်းငယ်‌စောကာ ‌တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့‌တော်ရှိ KYO ရုံး၌ ယ‌နေ့ (ဩဂုတ် ၇ရက်)တွင် ကျင်းပခဲ့ကြသည်ဟု KYO(ကိုရီးယား) အတွင်း‌ရေးမှူး ‌စောထွန်းထွန်းက ‌ပြောသည်။

“ဒီမှာက ရက်အတိအကျ လုပ်လို့မရ‌တော့ လူအများ အားမယ့်‌နေ့ကို ‌ရွေးရတာဖြစ်ပါတယ်။ အဓိကက ‌တော့ အာဇာနည်‌နေ့အ ‌ကြောင်းနဲ့ ကရင်အာဇာနည်‌တွေရဲ့အ‌ကြောင်းကို ‌နောက်လူငယ်‌တွေ မ‌မေ့‌ပျောက်‌အောင်၊ သိ‌အောင် ရည်ရွယ်ပါတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပသည့် အာဇာနည်‌နေ့အခမ်းအနားသို့ ကိုရီးယားနိုင်ငံတွင် ‌ရောက်ရှိ‌နေကြသည့် ကရင်လူ ငယ် ၄ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြပြီး ကရင်အာဇာနည်‌ခေါင်း‌ဆောင်များအား အ‌လေးပြုခြင်းအပြင် အာဇာနည်‌နေ့နှင့် ပတ် သက်သည့် အ‌ကြောင်းအရာများကို ‌ဆွေး‌နွေး‌ပြောဆိုခဲ့ကြသည်ဟု သိရသည်။

ကရင်လူငယ်အစည်းအရုံး KYO (ကိုရီးယား) ကို ၂၀၀၉ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁ဝခုနှစ်မှစတင်၍ ကရင့်ရိုးရာလက်ချည် ပွဲအခမ်းအနားနှင့် နှစ်စဉ် ပူးတွဲကျင်းပခဲ့ကြ‌သော်လည်း ယခုနှစ်တွင်မူ ကရင်အာဇာနည်‌နေ့အခမ်းအနားကို သီးသန့်စီ ကျင်းပနိုင် ခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသား ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်တစ်ဦးဖြစ်ခဲ့သည့် ‌ကေအဲန်ယူ ဥက္ကဋ္ဌ ‌စောဘဦးကြီးနှင့် သူ၏ ရဲ‌ဘော်ရဲဘက်များ ကျဆုံးခဲ့သည့် ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့ကို အစွဲပြု၍ ကရင့်အာဇာနည်‌နေ့အဖြစ် ‌ကေအဲန်ယူက စတင် သတ်မှတ်လာ ခဲ့ခြင်းဖြစ်သည်။