Home တွေ့ဆုံမေးမြန်းခန်း ‌ဒေါက်တာစင်သီယာ‌မောင်နှင့် ၈၈၈၈(ရှစ်‌လေးလုံး) အ‌ရေး‌တော်ပုံကြီး၏ ဖြတ်သန်းမှု အမှတ်တရ

‌ဒေါက်တာစင်သီယာ‌မောင်နှင့် ၈၈၈၈(ရှစ်‌လေးလုံး) အ‌ရေး‌တော်ပုံကြီး၏ ဖြတ်သန်းမှု အမှတ်တရ

1691

မြန်မာနိုင်ငံ၌ ၁၉၈၈ခုနှစ်၊ ဩဂုတ်လ ၈ရက်‌နေ့တွင် ဖြစ်‌ပေါ်ခဲ့သည့် ၈၈၈၈(ရှစ်‌လေးလုံး) လူထုအ‌ရေး‌တော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး လက်ရှိ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေးကို အခမဲ့ ဝန်‌ဆောင်မှု‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းကို စတင်တည်‌ထောင်ခဲ့သူ ကရင်အမျိုးသမီး ‌ဒေါက်တာစင်သီယာ‌မောင်က ကိုယ်တိုင် ဖြတ်သန်းခဲ့ပုံ၊ အမှတ် တရများနှင့် လူထုအ‌ရေး‌တော်ပုံ၏ အ‌ရေးပါမှုများကို ‌ကေအိုင်စီသို့ ‌ပြောဆိုချက်ဖြစ်သည်။

၈‌လေးလုံးပြည်သူ့အ‌ရေး‌တော်ပုံမှာ ပါဝင်ဖြတ်သန်းခဲ့ပုံ
၈‌လေးလုံးမှာ‌တော့ ဒီကရင်ပြည်နယ် အိန္ဒု(ရွာ)မှာပဲ ရှိ‌နေခဲ့တယ်။ အိန္ဒုမှာ ကိုယ်ပိုင်‌ဆေးခန်း‌လေး ဖွင့်ထားတယ်။ အဲ့ဒီအိန္ဒုမှာရှိ တဲ့ ရွာသူရွာသား‌တွေ၊ ‌ကျောင်းသား‌တွေနဲ့အတူ လှုပ်ရှားမှုမှာ‌တော့ ပါခဲ့ပါတယ်။ အဲ့တုန်းက ရွာအ‌နေနဲ့‌တော့ သီးသန့် အစီအစဉ် ‌တွေ မရှိခဲ့ပါဘူး။ အဓိက ရှိတာက‌တော့ ဖားအံမှာပဲ ရှိတာဆို‌တော့ အိန္ဒုမှာရှိတဲ့ သပိတ်အဖွဲ့နဲ့ ဖားအံမှာလည်းပဲ တချို့‌သော ‌ကျောင်းသား‌တွေနဲ့ အဆက်အသွယ်‌တွေ ရှိတဲ့အခါကျ‌တော့ ဖားအံရဲ့ သပိတ်လှုပ်ရှားမှုမှာ သွားပြီး‌တော့ ပူး‌ပေါင်းခဲ့တာ‌ပေါ့။ ပြီး ‌တော့ စစ်အာဏာသိမ်းလိုက်‌တော့ နယ်စပ်ဘက်ကို ‌ရောက်လာတယ်။

၈‌လေးလုံး အ‌ရေး‌တော်ပုံနှင့် အမှတ်ရစရာများ
မှတ်မှတ်ရရအ‌နေနဲ့ ၈လုံး‌လေးပြီး‌တော့ ကျမတို့ နယ်စပ်ဘက်ကို ‌ရောက်လာတဲ့အချိန်မှာပဲ နယ်စပ်မှာရှိတဲ့ တခြား‌သော ‌ဒေသ အသီးသီးကလာတဲ့ ‌ကျောင်းသား‌တွေ၊ ကျန်းမာ‌ရေးဝန်ထမ်း‌တွေ ‌နောက်ပြီး အခြား‌သော သူတို့ရဲ့ professional အလိုက် ‌ရောက်လာတဲ့အဖွဲ့‌တွေနဲ့‌တော့ နယ်စပ်မှာပဲ ဆုံမိကြတာ‌ပေါ့‌နော်။ တစ်ချိန်တည်းမှာပဲ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားကျန်းမာ‌ရေး အဖွဲ့‌တွေနဲ့လည်း ဆရာမတို့ အတူတူ အလုပ်လုပ်ဖြစ်တဲ့အခါကျ‌တော့ ဒီ ၈‌လေးလုံးကပဲ စတင်ပြီး‌တော့ပဲ နယ်စပ် ကျန်းမာ‌ရေး ကိစ္စမှာ ပြည်တွင်းမှာရှိတဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေနဲ့ နယ်စပ်မှာရှိတဲ့ ကျန်းမာ‌ရေးအဖွဲ့နဲ့ စုဆုံမိတယ်။

၈‌လေးလုံး အ‌ရေး‌တော်ပုံ၏ အ‌ရေးပါခဲ့ပုံ
ပြည်တွင်းထဲမှာရှိတဲ့ ‌ကျောင်းသားလူထု‌တွေနဲ့ ဒီနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်း‌တွေနဲ့ ဒါက ပထမဦးဆုံး တိုင်းရင်း သားအ‌ရေးနဲ့ ဒီမိုက‌ရေစီ‌ရေး ‌ဆောင်ရွက်သူ‌တွေ ပထမဦးဆုံး စုစည်းမိတယ်။ အပြန်အလှန် အ‌တွေးအ‌ခေါ်‌တွေ ဖလှယ်တာတို့ လုပ်ငန်း‌တွေ စု‌ပေါင်းပြီး‌တော့ ‌ဆောင်ရွက်တာ‌တွေ စပြီး‌တော့ ‌ဆောင်ရွက်နိုင်တာဖြစ်တဲ့အတွက်‌ကြောင့် လူထု‌တွေကြားထဲမှာ လည်း ဒီလိုပူး‌ပေါင်း‌ဆောင်ရွက်မှုက‌နေ ကျန်းမာ‌ရေးနယ်ပယ်မှာဖြစ်ဖြစ်၊ ပညာ‌ရေးနယ်ပယ်မှာဖြစ်ဖြစ် ပိုပြီး‌တော့ ဆက်စပ် ‌ဆောင်ရွက်မှု‌တွေ များလာတယ်။ အထူးသဖြင့် ဒါနဲ့ပတ်သက်ပြီး‌တော့ပဲ ‌နောက်ဆက်တွဲမှာ ကျမတို့ မယ်‌တော်‌ဆေးခန်းဖြစ်‌စေ၊ မြန်မာနိုင်ငံ‌ဆေးပညာအသင်းဖြစ်‌စေ၊ အမျိုးသားကျန်းမာ‌ရေးနဲ့ ပညာ‌ရေး‌ကော်မတီ စသဖြင့်‌ပေါ့။ တိုင်းရင်းသားကြားထဲမှာ‌ကော ပြည်တွင်းနဲ့ နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်း‌တွေအကြား ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေ ယုံကြည်မှု‌တွေ၊ နားလည်မှု‌တွေ ပိုပြီး‌တော့ ရရှိ ‌စေတယ်။

(၂၈)နှစ်‌မြောက် ရှစ်‌လေးလုံအ‌ရေး‌တော်ပုံ နှစ်ပတ်လည်‌နေ့အတွက် ‌ပြောချင်‌သော အမှတ်တရစကား
ဒီ(၂၈)ပြည့်နှစ်ကို ‌ရောက်လာတဲ့နှစ်ပတ်လည်‌နေ့မှာ ဒီနယ်စပ်ကို‌ရောက်လာတဲ့ ပြည်တွင်းထဲက လူ‌တွေအ‌နေနဲ့‌ပြောရရင် စပြီး ‌တော့ ကျမတို့‌ရောက်လာကတည်းကလည်း အထူးသဖြင့်‌တော့ ပြည်သူလူထု‌တွေအတွက် လိုအပ်‌နေတဲ့ အ‌ခြေခံလူမှုဘဝ လုံခြုံ မှုပိုင်းဆိုင်ရာဖြစ်‌စေ၊ တရားမျှတမှုပိုင်းဆိုင်ရာဖြစ်‌စေ ‌နောက်ပြီး‌တော့ ငြိမ်းချမ်း‌ရေးဖြစ်‌စေ အဲ့ဒီအ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့ နယ် စပ်ကို ‌ရောက်လာကြတဲ့အ‌ပေါ်မှာ (၂၈)နှစ်ပြည့်ပြီး‌ပေမယ့်လို့ ကျမတို့ လက်ရှိကာလအထိကို ဆက်ပြီး‌တော့ ဖြတ်သန်းဖို့က အများကြီး လိုအပ်ပါ‌သေးတယ်။ အထူးသဖြင့်‌တော့ လူထု‌တွေအတွက် လူမှုဘဝလုံခြုံ‌ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်း‌ရေးဆိုတာ ကို ပြည်တွင်းက‌ကော၊ နယ်စပ်မှာ‌ကော ကျမတို့ အားလုံးက‌နေပြီး‌တော့ ဒီအ‌ပေါ်မှာ အ‌လေးအနက်ထားပြီး ပူး‌ပေါင်း‌ဆောင်ရွက် နိုင်တဲ့ အ‌ခြေအ‌နေ‌တွေ၊ ပူး‌ပေါင်း‌ဆောင်ရွက်ရမယ့် ကိစ္စရပ်‌တွေကို အမြဲမျက်‌ခြေမပြတ်ဘဲ တစိုက်မတ်မတ် ‌ဆောင်ရွက်သွားဖို့ လိုတယ်။