Home သတင်း ကြာအင်းဆိပ်ကြီးရှိ ‌ရှောက်နှင့် သံပုရာသီး စိုက်ပျိုး‌တောင်သူများ အသီး‌ရောင်း‌ဈေးမ‌ကောင်း ဖြစ်‌နေ

ကြာအင်းဆိပ်ကြီးရှိ ‌ရှောက်နှင့် သံပုရာသီး စိုက်ပျိုး‌တောင်သူများ အသီး‌ရောင်း‌ဈေးမ‌ကောင်း ဖြစ်‌နေ

2896
‌ရှောက်သီများ (ဓာတ်ပုံ-‌ကေအိုင်စီ)
ဩဂုတ် ၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယခုလ ဩဂုတ်လတွင် ‌ရှောက်နှင့် သံပုရာသီးများမှာ ရာသီ‌ပေါ်အသီးအဖြစ် အများ ဆုံး ‌ပေါ်ထွက်‌နေ‌သော်လည်း ‌ရောင်းချရန် ‌ဈေးနှုန်း‌ကောင်းမရရှိသည့်အတွက် ‌ရှောက်၊ သံပုရာစိုက်ပျိုး‌သော ‌တောင်သူများ အခက်အခဲကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌နွေရာသီက ‌နေအပူချိန်ပူပြင်း၍ ‌ရေခမ်း‌ခြောက်မှုများ‌ကြောင့် အသီး‌သေးငယ်သွားပြီး အထွက်နှုန်း‌လျော့ကျသွားသည့် အပြင် ‌ဈေးနှုန်းမ‌ကောင်းသည့်အတွက် စားဝတ်‌နေ‌ရေးများတွင် အခက်အခဲဖြစ်‌နေရသည်ဟု တ‌ဂေး‌ကျေးရွာမှ ‌ရှောက်၊ သံပုရာ စိုက်‌တောင်သူ ‌စောအဒီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့က ‌ရှောက်၊ သံပုရာပင်‌တွေပဲ အဓိက မှီခို‌နေရတယ်‌ပေါ့‌နော်။ ဒီနှစ်အသီး‌ပေါ်ချိန်မှာ ‌ဈေးနှုန်းလည်း မရှိဘူးဆို ‌တော့ ဒီလို‌ကျောင်းဖွင့်ရာသီမှာ က‌လေး‌တွေကို ‌ထောက်ပံ့မှုမ‌ပေးနိုင်ဘူး။ ဆန်‌ဈေးကလည်း ကြီး‌နေတယ်ဆို‌တော့ စားဝတ်‌နေ ‌ရေး အခက်အခဲ ဖြစ်‌နေရတယ်”ဟု ‌ပြောသည်။

ယခင်နှစ်က ‌ရှောက်သီးတစ်လုံးလျှင် ကျပ်‌ငွေ ၁၀၀‌ကျော်အထိ ဝယ်‌ဈေးရှိရာမှ ယခုနှစ်အသီး‌ပေါ်ချိန်တွင် အသီးလုံး အကြီး အ‌သေး‌ပေါ် မူတည်ပြီး အနည်းဆုံး (၂၅)ကျပ်မှ အများဆုံး (၇၀)ကျပ်ထိသာ ‌ဈေးရ‌ကြောင်းနှင့် သံပုရာသီး‌ဈေးနှုန်းမှာ ယခင် နှစ်က အရွယ်အစား‌ပေါ် မူတည်ပြီး ကျပ်‌ငွေ (၁၀၀)ကျပ်ရှိခဲ့ရာမှ ယခု (၇)ကျပ်မှ အများဆုံး (၁၅)ကျပ်‌ဈေးအထိသာ ‌ပေးဝယ် သည်ဟု အဝယ်ဒိုင်များထံမှ သိရသည်။

“အခု လာ‌ရောင်းတဲ့အသီး‌တွေဆို တအားကြီး ‌သေးငယ်တယ်။ ပယ်ရတာ‌တွေ များတယ်။ ‌နောက်ပြီး သူ့ရာသီချိန်ဖြစ်‌တော့ ‌ဈေး ‌အေးတာ‌ပေါ့‌လေ။ ‌နွေပိုင်း‌လောက်ကျရင် အမြင့်ဆုံး ‌ဈေးပြန်တက်နိုင်မယ်။”ဟု ကြာအင်းဆိပ်ကြီးမြို့ရှိ ‌ရှောက်၊ သံပုရာသီး အဝယ်ဒိုင်သမား ကိုရန်ကုန်သားက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ်က တစ်ရက်လျှင် ဂုန်နီအိတ်‌ရေ အလုံး (၁၀၀)‌ကျော် ‌နေ့စဉ် တင်ပို့‌နေရ‌သော်လည်း ယခုနှစ်မှာ တစ်ရက်လျှင် အိတ်အ လုံး (၆၀)ဝန်းကျင်သာ တင်ပို့နိုင်ပြီး ယခုနှစ်တွင် အသီးအထွက်နည်းသွားသည့်အတွက် အသီးလာ‌ရောက်‌ရောင်းချသူ နည်း သွားသည်ဟုလည်း ကိုရန်ကုန်သားက ဆက်‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ‌နွေရာသီ၏ အပူချိန် ပြင်းထန်မှု‌ကြောင့် ‌ချောင်း‌ရေများ ခမ်း‌ခြောက်သွားကာ အပင်များ တစ်ဝက်နီးပါးခန့် ‌သေဆုံးသည့်အပြင် ယခုနှစ် သီးပွင့်ခါစတွင် အပွင့်‌ကြွေကျခြင်း၊ အသီးမ‌အောင်ခြင်း၊ အသီးလုံး ငယ်သွားခြင်းများ ဖြစ်သည့်အ တွက် အထွက်နှုန်း တစ်ဝက်‌လောက်နီးပါး ‌လျော့ကျခြင်းဖြစ်သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ကြာအင်းကြီး၊ မီး‌လောင်‌ချောင်း၊ ကျခတ်‌ချောင်း၊ တ‌ဂေး၊ သမခ၊ တံတားဦး၊ အလယ်ရွာ၊ အုန်းတစ်ပင်၊ ဂုန်ဘီ၊ နတ်‌ချောင်းဖျား၊ တမလဲနှင့် ကဆတ်‌ကျေးရွာများတွင် ‌ရှောက်၊ သံပုရာများကို အများဆုံးစိုက်ပျိုးကြရာ စိုက်ဧက‌ပေါင်း (၁)‌သောင်းနီးပါးရှိသည်ဟု ခန့်မှန်း‌ပြောဆိုကြပြီး ကြာအင်းဆိပ်ကြီးမြို့နယ်မှ ထွက်ရှိ‌သော ‌ရှောက်၊ သံပုရာသီး အများစုကို ‌မော်လမြိုင်၊ ရန်ကုန်သို့ အဓိက တင်ပို့‌ရောင်းချကြသည်ဟု သိရသည်။