KIC News
ကေအဲန်ယူ ကျန်းမာရေးဋ္ဌာနမှ ကျေးလက်အုပ်စု ကျန်းမာရေးဗဟိုဋ္ဌာန ဖွင့်လှစ်
ဒီဇင်ဘာ ၇ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံဋ္ဌာန တစ်ခုဖြစ်သော ကော်သူးလေကျန်းမာ ရေးနှင့်ကယ်ဆယ်ရေးဋ္ဌာန (KDHW)မှ ဦးစီးဦးဆောင်ကာ ကျေးလက်အုပ်စုကျန်းမာရေးဗဟိုဋ္ဌာန (Village Tract Health Center ) တစ်ခုကို ဒီဇင်ဘာ ၅ရက်နေ့က ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ထီးကဟောကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။...
ခလယ်-တံခွန်တိုင် တိုက်နယ်အထက်တန်းကျောင်းဘောလုံးကွင်း ပြန်ထားရှိရေး ကူညီပေးရန် ဒေသခံများလိုလား
ဒီဇင်ဘာ ၇ ရက်၊ ၂၀၁၅ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် တိုက်နယ်အထက်တန်းကျောင်း၌ ဘောလုံးကွင်း မရှိတော့သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘောလုံးကွင်း ပြန်လည်ထား ရှိရေးအတွက် ကူညီ ပေးစေလိုသည်ဟု ကျောင်းအုပ်ဆရာကြီး ဦးမြင့်ထွန်းက ယခုလဆန်းပိုင်းတွင် ကေအိုင်စီသို...
ဒေါက်တာ စင်သီယာမောင်၏ ၅၆နှစ်မြောက် မွေးနေ့ပွဲသို့ အသိမိတ်ဆွေ အလွှာပေါင်းစုံ တက်ရောက်ဂုဏ်ပြု
ဒီဇင်ဘာ ၇ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်၏ ၅၆နှစ်မြောက် မွေးနေ့အခမ်းအနားကို ဒီဇင်ဘာလ ၆ရက်နေ့က မယ်တော် ဆေးခန်းဝင်းအတွင်း၌ ကျင်းပခဲ့ရာ အသိမိတ်ဆွေ အလွှာပေါင်းစုံ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
နံနက် ၉နာရီမှ နေ့လည်၁၂နာရီအထိကျင်းပသည့် ယင်းမွေးနေ့ပွဲအခမ်းအနားသို့ မယ်တော်ဆေးခန်း...
နယ်လှည့်ကျောပိုးအိတ်အဖွဲ့ သားဖွားခြင်း ရက်တိုသင်တန်း ဖွင့်လှစ်သင်ကြား
ဒီဇင်ဘာ ၆ရက်၊ ၂၀၁၅ခုနှစ်။ ကဆောဝါး
နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့ BPHWT မှ မိခင်နှင့် ကလေးကျန်းမာရေး အသိပညာပေးအစီအစဉ်ဖြင့် ပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ခြင်းနှင့် သားဖွားခြင်းဆိုင်ရာ အသိပညာပေး ရက်တိုသင်တန်းတစ်ခုကို ကော့ ကရိတ်မြို့နယ်၊ နောင်ကိုင်းကျေးရွာအုပ်စု၊ နောင်ကိုင်းရွာတွင် နိုဝင်ဘာလ ၃ဝရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါရက်တိုသင်တန်းကို...
(၁၆)ကြိမ်တိုင်မြောက် အရိယာဘာသာဝင် ကရင်လူမျိုးများ ဖလုံဝဲရှာနှစ်သစ်ကူးပွဲ ကျင်းပ
ဒီဇင်ဘာ ၅ရက်၊ ၂၀၁၅ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် အရိယာဘာသာဝင် ကရင်လူမျိုးအများစုကသာ ကျင်းပပြုလုပ်သည့် (၁၆)ကြိမ် မြောက် ဖလုံဝဲရှာနှစ်သစ်ကူးရိုးရာပွဲတော်တစ်ခုကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဒိုင်လွတ်ကျေးရွာရှိ ကရင်အရိ ယာဘာသာဝင် ဘုရားရှိခိုးကျောင်းဝင်းတွင် ဒီဇင်ဘာလ ၅ရက် (ယနေ့)က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါပွဲတော်နှင့် ပတ်သက်၍ ဆရာတော်ဖိုးလုံရင်ဖေါ်က “ကရင်ဆိုတာ...
အကြီးစားဖွံ့ဖြိုးရေးစီမံကိန်း၏ နောက်ဆက်တွဲပြဿနာကို ပြည်နယ်အစိုးရသစ် အဓိကကြုံတွေ့နိုင်
ဒီဇင်ဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
၂၀၁၅ရွေးကောက်ပွဲအပြီး အသစ်တက်လာမည့် ကရင်ပြည်နယ်မှ အစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များသည် ပြည်နယ်အ တွင်းရှိ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကြီးများနှင့် ၎င်း၏ နောက်ဆက်တွဲပြဿနာများကို အဓိက ကြုံတွေ့သွားရနိုင်သည်ဟု ပြည်နယ်အခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်းတာဝန်ခံများက ပြောဆိုသည်။
ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာက “အစိုးရဖြစ်လာမဲ့ အမတ်တွေအနေနဲ့ သူတို့အဓိက...
အမည်မသိလက်နက်ကိုင်အဖွဲ့ ကျောင်းပိုင်မြေအတွင်း ခွင့်ပြုချက်မဲ့ မတရား လုပ်ဆောင်
ဒီဇင်ဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပိန္နဲတောင်တောရကျောင်းပိုင်မြေအတွင်း အမည်မသိလက်နက်ကိုင် အဖွဲ့အစည်းတစ် ခုမှ တပ်ဖွဲ့ဝင်များသည် မည်သည့်သံဃာတော်ကိုမျှ လျှောက်တင်ခွင့်တောင်ခြင်း မပြုဘဲ ကျောင်းပိုင်ပစ္စည်းအချို့ကို ယူငင်ခြင်း စသည့် မသင့်လျော်သော လုပ်ရပ်များကို အကြိမ်ကြိမ် ပြုလုပ်လျှက်ရှိသည်ဟု ကျောင်းထိုင်ဆရာတော်က မြွက်ကြားသည်။
“ဒီတစ်ခေါက် ဝါကျွတ်ပြီးတာနဲ့ သူတို့တက်လာတဲ့အချိန်မှာ...
ကော့ကရိတ်မြို့နယ် ကျေးရွာအုပ်စုများတွင် BPHWTမှ ကျန်းမာရေး အသိပညာပေးမှုများ စတင်ပြုလုပ်
ဒီဇင်ဘာ ၄ ရက်၊၂၀၁၅ ခုနှစ်။ ကဆောဝါး
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့BPHWT မှ ကော့ကရိတ်မြို ့နယ် နောင်ကိုင်းကျေး ရွာအုပ်စုအတွင်းရှိကျောင်းများနှင့် ရပ်ရွာတွင်းနေ ကလေးသူငယ်များ အား တကိုယ်ရည်ကျန်းမာရေး အသိပညာပေးခြင်း ၊ သန်ချဆေးတိုက်ကျွေးခြင်း၊ တကိုယ်ရည်သန့် ရှင်းရေး လက်တွေ့ လုပ်ဆောင်ပေး ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလ...
ထိုင်းနိုင်ငံ ကျန်းမာရေးဋ္ဌာနဝန်ကြီး နယ်စပ်ကျန်းမာရေးအတွက် မယ်တော်ဆေးခန်း သွားရောက်လေ့လာ
ဒီဇင်ဘာ ၃ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ကျန်းမာရေးဋ္ဌာနဝန်ကြီး ဒေါက်တာပီယပ်စကွန် စကိုစတ်တရားထွန် (Dr. Piyasakon Sakolsattayatorn) ဦး ဆောင်သော ကျန်းမာရေးအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးကို အခမဲ့ ဝန် ဆောင်မှုပေးနေသော မယ်တော်ဆေးခန်းသို့ ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်လေ့လာခဲ့သည်။
ထိုင်းကျန်းမာရေးဝန်ကြီး ဒေါက်တာ...
ယာဉ်မတော်တဆမှုများကြောင့် ခြေတုလက်တု တပ်ဆင်ရသူများလာ
ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၅ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ တဝန်သံကျေးရွာ၌ ဖွင့်လှစ်ထားသည့် ဖားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနသို ့ ယခုနောက်ပိုင်း ယာဉ်မတော်တဆမှုများကြောင့် ခြေတုလက်တု လာရောက်တပ်ဆင်သူ များလာ သည်ဟု ယင်းဌာန၏မန်နေဂျာ ဒေါ်ကျော့သီတာအောင်က ကေအိုင်စီသို့ ယနေ့...














