Home သတင်း အပစ်ရပ်‌စောင့်ကြည့်‌ရေးတွင် JMC-S နှင့် ‌ဒေသခံအရပ်သားတို့ ပူးတွဲလုပ်‌ဆောင်သွားရန် ‌ဆွေး‌နွေး

အပစ်ရပ်‌စောင့်ကြည့်‌ရေးတွင် JMC-S နှင့် ‌ဒေသခံအရပ်သားတို့ ပူးတွဲလုပ်‌ဆောင်သွားရန် ‌ဆွေး‌နွေး

1938

ဩဂုတ် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ဖားအံမြို့၊ ANGEL LAND ဟိုတယ်၌ ဩဂုတ် ၈ရက်မှ ၁ဝရက်‌နေ့အထိ ပြုလုပ်‌သော အရပ်သားအပစ်ရပ် ‌စောင့်ကြည့်‌လေ့ လာခြင်း မွမ်းမံလမ်းညွှန်သင်တန်းတွင် အပစ်ရပ်‌စောင့်ကြည့်‌ရေးကိစ္စရပ်များကို ပူးတွဲလုပ်‌ဆောင်သွားရန် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC-S)ကိုယ်စားလှယ်များနှင့် ‌ဒေသခံ အရပ်သား တို့ ‌ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် JMC-S ကိုယ်စားလှယ်များက သင်တန်းတက်‌ရောက်သည့် ‌ဒေသခံအရပ်သားများကို အပစ်ရပ် ‌စောင့်ကြည့်‌လေ့လာခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ပြန်လည်မွမ်းမံလမ်းညွှန်မှုများပြုလုပ်ပြီး ယုံကြည်မှုတည်‌ဆောက်ကာ မည်သို့ပူး‌ပေါင်း‌စောင့်ကြည့်သွားမည်ကို အဓိက ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်ဟု ‌လေ့လာ‌စောင့်ကြည့်သူတစ်ဦးဖြစ်သည့် မန်း သိန်း‌ဇော်က ‌ပြောသည်။

“အဓိက ‌ဆွေး‌နွေးဖြစ်ကြတာက ကျ‌နော်တို့ ‌ဒေသခံအရပ်သားတို့နဲ့ ပြည်နယ်အဆင့် အပစ်ရပ်‌စောင့်ကြည့်အဖွဲ့‌တွေ ဘယ် လိုစနစ်တကျဖြစ်‌အောင် ‌စောင့်ကြည့်သွားမလဲ၊ ဘယ်လိုပူး‌ပေါင်းလုပ်သွားကြမလဲဆိုတာ ‌ဆွေး‌နွေးကြတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ဒေသခံအရပ်သား အပစ်ရပ်‌စောင့်ကြည့်‌လေ့လာ‌ရေး‌ကော်မတီအဖွဲ့များကို မြို့နယ်တိုင်း၌ ဖွဲ့စည်းရန်နှင့် ယင်း ‌ကော်မတီများအားလုံး ချိတ်ဆက်နိုင်ရန် ကွန်ရက်တစ်ခုကိုလည်း ဖွဲ့စည်းသွားမည်ဟု မန်းသိန်း‌ဇော်က ထပ်‌လောင်း‌ပြောဆို သည်။
DSC_6319 (JMC_Civilian training)
အရပ်သား‌ဒေသခံများအ‌နေဖြင့် အပစ်ရပ်‌စောင့်ကြည့်‌ရေး‌ကော်မတီ ဖွဲ့စည်းရန်အတွက် ၎င်းတို့ကိုယ်တိုင် လွတ်လပ်စွာ ဖွဲ့ စည်းနိုင်ပြီး အပစ်ရပ်‌စောင့်ကြည့်‌ရေးလုပ်ငန်းစဉ် ‌ဖော်‌ဆောင်ရာ၌ ထိလွယ်ရှလွယ်သည့် အ‌ရေးကိစ္စဖြစ်‌နေသဖြင့် အပစ်အ ခတ် ရပ်စဲ‌ရေး မထိခိုက်မိ‌စေရန် အ‌ပြောအဆို၊ အပြုအမူများ အလွန်သတိထား၍ လုပ်‌ဆောင် ‌နေရသည့်အ‌ရေးအရာ ဖြစ် သည်ဟု JMC-S ကိုယ်စားလှယ် နန်း‌စေးအွာက ‌ပြောသည်။

သူမက “‌ဒေသခံ‌တွေက ဖြစ်ပျက်‌နေတဲ့ သူတို့‌ဒေသ အ‌ခြေအ‌နေကို ကျမတို့ထက် ပိုပြီးသိနိုင်ပါတယ်။ သူတို့အသံ‌တွေကို ကျမတို့ဘက်က နား‌ထောင်‌ပေးရမယ်။ လိုအပ်ရင် သူတို့နဲ့ ပူး‌ပေါင်းလုပ်‌ဆောင်သင့်တဲ့အခါလည်း ပူး‌ပေါင်းရမယ်”ဟု ဆို သည်။

အရပ်သားအပစ်ရပ်‌စောင့်ကြည့်‌လေ့လာခြင်း မွမ်းမံလမ်းညွှန်သင်တန်းကို Karen Development Network (KDN) နှင့် Non-violent Peace force (NP)တို့၏ အစီအစဉ်ဖြင့် လုပ်‌ဆောင်ပြီး သံ‌တောင်၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ် ကြီး စသည့်မြို့နယ်များမှ အရပ်ဘက်‌ဒေသခံများ စုစု‌ပေါင်း ၄၀‌ကျော်ခန့် တက်‌ရောက်ခဲ့ကြသည်။

အလားတူ မွမ်းမံသင်တန်းကို ယခုလ ဩဂုတ် ၁ရက်မှ ၃ရက်‌နေ့တဝက်အထိ ထားဝယ်မြို့ရှိ ခရစ်ယာန်ဘုရား‌ကျောင်းတစ် ခုတွင် ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်သည်။