Home သတင်း ကွမ်းခြံကုန်းမြို့နယ်၊ ‌ကျေးရွာအစိုးရ‌ကျောင်းများတွင် ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေ သင်ကြားမည်

ကွမ်းခြံကုန်းမြို့နယ်၊ ‌ကျေးရွာအစိုးရ‌ကျောင်းများတွင် ‌ကျောင်းချိန်ပြင်ပ ကရင်စာ‌ပေ သင်ကြားမည်

2406
ဩဂုတ် ၁ဝရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ‌တောကြီးတန်းရှိ တိုက်ကြီး၊ ဇူးကလပ်၊ ‌တော‌ကျောင်း၊ ဝါး‌ကောက်‌တော၊ မန်းက လိပ်၊ ခရမ်း၊ ဆိပ်ကြီး၊ ကမာပါ၊ ‌ညောင်ငူ‌ကျေးရွာများတွင် ပိုးကရင်စာ‌ပေ(ဖလုံး)ကို သင်ကြားနိုင်ရန် ကွမ်းခြံကုန်းမြို့ ပညာ‌ရေး မှူးရုံး၌ ဩဂုတ်လ ၁ဝရက်‌နေ့က ပြုလုပ်သည့် ကရင်စာ‌ပေသင်ကြား‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ဆုံးဖြတ်ခဲ့သည်။

‌တောကြီးတန်းရှိ ကရင်တိုင်းရင်းသားများ ‌နေထိုင်‌သော အဆိုပါရွာ (၉)ရွာမှ အစိုးရ‌ကျောင်းများ၌ ‌ကျောင်းချိန်ပြင်ပ၌ တစ်ရက် လျှင် ၄၅မိနစ်နှင့် တစ်ပတ်သုံးရက် သတ်မှတ်ကာ ပိုးကရင်စာ‌ပေ(ဖလုံး)ကို ဩဂုတ်လ ၁၉ရက်‌နေ့မှစ၍ သင်ကြားသွားမည်ဟု ကွမ်းခြံကုန်းမြို့နယ် စာ‌ပေ၊ ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်းစိုးသိန်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီ‌ဒေသမှာ နန့်၊ စ၊ ‌နော်၊ ‌စော ဆိုရင် ‌မောင်၊ မ နဲ့ အိမ်‌ထောင်စုစာရင်း‌တွေမှာ မှား‌နေတာ‌တွေ အများကြီး ရှိ‌နေတယ်။ ကျ‌နော် တို့‌ဒေသနဲ့ ဧရာဝတီတိုင်းနဲ့စာရင် ဧရာဝတီတိုင်းဘက်က ကရင်လူဦး‌ရေများတယ်။ ‌နောက်ပြီး စာ‌ပေကို စသင်လာတာလည်း ကြာပြီ။ ကျ‌နော်တို့က နာဂစ်မတိုင်ခင်မှာ တတ်သလို သင်ခဲ့ကြတာ။ ကိုယ့်ရွာ‌တွေမှာပဲ။ အခုမှ တစ်မြို့နယ်လုံး ပြန်စနိုင်တာ”ဟု မန်းစိုးသိန်းက ‌ပြောသည်။

ယင်းကဲ့သို့ ‌ကျောင်းပြင်ပသင်ကြား‌ရေးတွင် ‌တောကြီးတန်းအတွင်း ‌ကျောင်း‌ပေါင်း ၂၄‌ကျောင်း၊ အစိုးရဝန်ထမ်း ဆရာ/ဆရာမ ၁၁ဦး၊ ‌ကျောင်းပြင်ပ ဆရာ/ဆရာမ ၁၃ဦးနှင့် သင်ယူမည့်‌ကျောင်းသား၊သူ‌ပေါင်း ၁၂၄၆ဦးရှိပြီး အစိုးရမှ ပုံနှိပ်ထုတ်‌ဝေ‌သော ပိုး ကရင်သင်ပုန်းကြီးကို သင်ကြားမည်ဖြစ်ကာ ဆရာ/ဆရာမတစ်ဦးလျှင် အစိုးရမှ ချီးမြှင့်‌ငွေ ကျပ်သုံး‌သောင်း ရရှိမည်ဖြစ်‌ကြောင်း စာ/ယဉ် တာဝန်ရှိသူများထံမှ သိရသည်။

‌တော‌ကျောင်းရွာ အထက်တန်း‌ကျောင်းတွင် ကရင်စာသင်မည့် ‌ကျောင်းဆရာမတစ်ဦးက “ငယ်ငယ်ထဲက ကရင်စာကို စသင် မယ်ဆို‌တော့ တကယ်‌ကောင်းပါတယ်။ အခုက မသင်ရ‌သေး‌တော့ အခက်အခဲအားလုံး ‌ပြောလို့ မရ‌သေးဘူး။ အချိန်မ‌လောက် တာ‌တွေ ဖြစ်လိမ့်မယ်။ အခု သင်‌နေတဲ့အချိန်‌တွေလည်း မ‌လောက်ဘူး။ သူငယ်တန်းက အရမ်းငယ်ပြီး ‌လေးတန်းက အစိုးရစစ် ဖြစ်ပြန်‌ရော ကရင်စာသင်ခွင့်ရတာ‌တော့ ကြိုဆိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကွမ်းခြံကုန်းမြို့နယ်တွင် ကရင်လူမျိုး သုံး‌သောင်း‌ကျော်ခန့် ‌နေထိုင်လျက်ရှိကာ အများစုမှာ ကရင်စကားကို ယခင်က အားလုံးနီးပါး ‌ပြောဆိုတတ်‌သော်လည်း ယခုအခါ စုစု‌ပေါင်း ၃ဝရာခိုင်နှုန်းခန့်သာ ကရင်စကား‌ပြောတတ်‌ကြောင်း မြို့နယ်စာ ယဉ်၏ ‌ပြောပြချက်အရ သိရသည်။