Home သတင်း လူငယ်များ လက်ဆင့်ကမ်းတာဝန်များကို ညီညွှတ်မှုဖြင့် လုပ်‌ဆောင်ကြရန် အာဇာနည်‌နေ့တွင် ကရင်စစ်ဦးစီးချုပ် တိုက်တွန်း

လူငယ်များ လက်ဆင့်ကမ်းတာဝန်များကို ညီညွှတ်မှုဖြင့် လုပ်‌ဆောင်ကြရန် အာဇာနည်‌နေ့တွင် ကရင်စစ်ဦးစီးချုပ် တိုက်တွန်း

2356

ဩဂုတ် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင့်အာဇာနည်‌ခေါင်း‌ဆောင်ကြီးများ၏ ရည်မှန်းချက်ပြည့်‌မြောက်‌အောင်မြင်သည့်အထိ လူငယ်များအ‌နေဖြင့် လက်ဆင့်ကမ်း တာဝန်များကို ညီညီညွတ်ညွတ်ဖြင့် လုပ်‌ဆောင်သွားကြရန် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ‌ကေအဲန်ယူ၊ တပ်မဟာ(၇)ဋ္ဌာနချုပ်တွင် ဗဟိုအဆင့်အဖြစ် ယ‌နေ့ကျင်းပပြုလုပ်သည့် ၆၆နှစ်‌မြောက် ကရင့်အမျိုးသားအာဇာနည်‌နေ့တွင် တိုက်တွန်း‌ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “ကရင်လူငယ်‌တွေအ‌နေနဲ့ အသက်‌ပေးလှူသွားတဲ့ ‌ခေါင်း‌ဆောင်‌တွေအတွက် အာဇာနည်‌နေ့လုပ်ရုံနဲ့ မပြီးဘူး။ သူတို့ဖြစ်‌စေချင်တဲ့ ရည်မှန်းချက်‌တွေဖြစ်တဲ့ ကျွန်ဘဝက လွတ်‌မြောက်‌အောင်၊ တန်းတူညီမျှတဲ့ အခွင့်အ‌ရေးရ‌အောင် ညီညီညွတ်ညွတ်နဲ့ လုပ်‌ဆောင်သွားကြဖို့ ‌ပြောကြားလိုပါတယ်”ဟု ‌ပြောသည်။

၎င်းအပြင် မိမိတို့အ‌နေဖြင့် လက်ရှိနိုင်ငံ‌ရေး အ‌ခြေအ‌နေများကို ‌စောင့်ကြည့်‌လေ့လာ‌နေရဆဲဖြစ်ပြီး စစ်မှန်သည့် အပစ်အခတ် ရပ်စဲ‌ရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးရသည့်အထိ နိုင်ငံ‌ရေးပြဿနာများကို နိုင်ငံ‌ရေးနည်းဖြင့်သာ ‌ဖြေရှင်းနိုင်ရန် ကြိုးပမ်းလုပ် ‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ဆက်‌ပြောသည်။
DSC_0111
ယ‌နေ့ကျင်းပသည့် အာဇာနည်‌နေ့အခမ်းအနားသို့ လူတစ်‌ထောင်နီးပါး တက်‌ရောက်ခဲ့ကြပြီး ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ မိန့်ခွန်းနှင့် ကရင်အမျိုးသမီး၊ ကရင်လူငယ်အဖွဲ့များ၊ မဟာမိတ်အဖွဲ့အစည်းများမှ ‌ပေးပို့လာသည့်သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ စစ်သည်အမျိုးသမီးများပါဝင်‌သော စစ်‌ရေးပြ အခမ်းအနားဖြင့် ချီတက်အ‌လေးပြုခြင်း၊ ကျဆုံးသွားခဲ့သည့် အာဇာ နည်များအတွက် ဘာသာ‌ရေးများဖြင့် ဆု‌တောင်းခြင်း အစီအစဉ်များပါ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတက်‌ရောက်လာသူ ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့မှ ‌စောထွန်းဦးက “ကျ‌နော်တို့လည်း ငယ်ငယ်က ခဏခဏ‌ပြေးခဲ့ရ တယ်။ အသက်စွန့်သွားရတဲ့သူ‌တွေက လခလည်းမရှိ၊ ဖြစ်သလိုပဲ‌နေပြီး ကျ‌နော်တို့ကို ကာကွယ်ခဲ့ရတာဖြစ်ပါတယ်။ သူတို့သာ မရှိခဲ့ရင် ကျ‌နော်တို့လည်း အခုလို ‌နေရမှာမဟုတ်ဘူး။ အဲဒီ‌ကျေးဇူး‌တွေကို မ‌မေ့ပါဘူး”ဟု ‌ပြောသည်။

ကရင့်‌ခေါင်း‌ဆောင် ‌စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်း‌ကေတို့ ကျဆုံးခဲ့သည့် ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့ကို ကရင်အာဇာ နည်‌နေ့အဖြစ် ‌ကေအဲန်ယူက သတ်မှတ်ခဲ့ပြီး ကရင့်‌တော်လှန်‌ရေးတစ်‌လျှောက် အသက်‌ပေးသွားခဲ့ကြသူများအား ဂုဏ်ပြုသည့် အ‌နေဖြင့် အာဇာနည်‌နေ့အခမ်းအနားကို ‌တော်လှန်‌ရေးနယ်‌မြေများနှင့် ပြည်ပ‌ရောက် ကရင်များကလည်း အသီးသီး ကျင်းပလာ ခဲ့သည်။