Home သတင်း မြန်မာ့ရာဘာထုတ်ကုန်များကို နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ထုတ်‌ပေးနိုင်ရန် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ကြိုးပမ်း‌နေ

မြန်မာ့ရာဘာထုတ်ကုန်များကို နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ထုတ်‌ပေးနိုင်ရန် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ကြိုးပမ်း‌နေ

2228

နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

မြန်မာနိုင်ငံအတွင်းရှိ ရာဘာထုတ်ကုန်များမှာ အရည်အ‌သွေးစံချိန်မမီသဖြင့် အခြားရာဘာတင်ပို့သည့်နိုင်ငံများထက် ‌ဈေးနိမ့်ကျ ‌နေမှုကို အစိုးရက သက်ဆိုင်ရာဋ္ဌာနများနှင့်ပူး‌ပေါင်းကာ အရည်အ‌သွေး ထိန်းချုပ်နိုင်ရန် နည်းမျိုးစုံကြိုးစား‌နေပြီး နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ထုတ်‌ပေးနိုင်သည့်အဆင့်ထိ ရရှိရန် ‌ဆောင်ရွက်လျှက်ရှိသည်ဟု မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း၏ အတွင်း‌ရေးမှူး ဦးခိုင်မြင့်က ‌ပြောသည်။

“ရာဘာအရည်အ‌သွေး စံချိန်မမီတဲ့အတွက် ‌ဈေးနိမ့်‌နေရတာ‌ပေါ့။ အသင်းအ‌နေနဲ့ မြန်မာ့စီးပွားကူးသန်း၊ လယ်/ဆည်ဋ္ဌာန‌တွေနဲ့ ပူး‌ပေါင်းပြီး ဂျပန်နိုင်ငံအကူအညီနဲ့ ထူ‌ထောင်ထားတဲ့ ဓာတ်ခွဲခန်းနဲ့ နိုင်ငံတကာ အသိမှတ်ပြုလက်မှတ် ထုတ်‌ပေးနိုင်တဲ့အဆင့် ‌ရောက်ဖို့ ကြိုးစား‌နေတယ်”ဟု ဦးခိုင်မြင့်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ရာဘာထုတ်ကုန် အရည်အ‌သွေးကို ဦးစား‌ပေး‌ဆောင်ရွက်မှသာ အ‌ရေအတွက် တက်လာမည်ဖြစ်‌ကြောင်း၊ ယင်း သို့ရာဘာ အရည်အ‌သွေးမှီထုတ်လုပ်ရန် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအသီးသီးမှ ရာဘာထုတ်လုပ်သူများအသင်းနှင့် အစိုးရ တာဝန်ရှိ ဝန်ကြီးဋ္ဌာနများအားလုံး တက်ညီလက်ညီ လုပ်‌ဆောင်ဖို့လို‌ကြောင်းလည်း ဦးခိုင်မြင့်က ဆက်‌ပြောသည်။

ယခုနှစ် ရာဘာအ‌စေးခြစ်ရာသီတွင် ကမ္ဘာ့ရာဘာ‌ဈေးနှုန်း မြင့်တက်လာသည့်အတွက် ရာဘာ(RSS.3) အမျိုးအစား တစ်‌ပေါင် လျှင် (၇၇၀)ကျပ်အထိ ‌ဈေးတက်ပြီး မြန်မာနိုင်ငံ၌ လက်ရှိ ‌ဒေါ်လာ‌ဈေးတက်လာခြင်း၊ ရာဘာသုံးပစ္စည်း အ‌မြောက်အများ ထုတ်လုပ်သည့်နိုင်ငံ အ‌ရေအတွက်တိုးလာခြင်းအပြင် တရုတ်၊ (EU)၊ အ‌မေရိကန်စီးပွား‌ရေးနှင့် ‌ရေနံ‌ဈေးတက်လာမှု‌ပေါ်တွင် လည်း မူတည်‌ကြောင်း ရာဘာထုတ်ကုန် တာဝန်ရှိသူများက ‌ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ ရာဘာအဝယ်ဒိုင် ‌စောရှု‌မောင်က “ရာဘာ‌ဈေးက တက်လာ‌တော တစ်ရက်ကို ‌ပေါင်တစ်‌သောင်း ‌လောက် အ‌ရောင်းအဝယ်ဖြစ်တယ်။ ရာဘာအထူပြားက လက်ရှိ တစ်‌ပေါင်(၆၃၀)ဝန်းကျင် အလတ်စားက(၇၇၀)အထိ ‌ဈေး ‌ပေါက်တယ်။ ဒီထက်‌ဈေးနည်းနည်းထပ်တက်ရင် ခြံရှင်‌ရော၊ ဝယ်‌ရောင်းသူ‌ရော နှစ်ဦးနှစ်ဖက် ပိုအဆင်‌ပြေတာ‌ပေါ့”ဟု ဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ရွာမှ ရာဘာခြံရှင် ဦးအနိုင်က “ရာဘာအရည်‌သွေးမီ‌အောင် ထုတ်လုပ်ဖို့ နည်းပညာပိုင်းအရ သိပါတယ်။ ဒါ‌ပေမဲ့ ‌ဈေးနှုန်းက ‌တောက်‌လျှောက်ကျထား‌တော့ စိုက်ပျိုးကုန်ကျထားတဲ့ စရိတ်နဲ့ စု‌ဆောင်း‌ငွေ မရှိတဲ့အခါကျ ‌တော့ အရည်အ‌သွေးမီ ထုတ်လုပ်နိုင်ဖို့ ရာဘာကြိတ်စက်‌ရော၊ အ‌ဆောက်အအုံ‌ရော၊ နိုင်ငံတကာက သုံး‌နေတဲ့အက်စစ်‌တွေ လည်း မဝယ်သုံးနိုင်ဘူး။ အစိုးရ တာဝန်ရှိသူ ‌တွေအ‌နေနဲ့ ‌ငွေ‌ကြေးအကူအညီ‌ပေးဖို့‌တောင်းဆိုချင်ပါတယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင် ရာဘာစိုက်ပျိုးဧကစုစု‌ပေါင်းမှာ တစ်သန်း‌ခြောက်သိန်းနီးပါးရှိပြီး ထုတ် လုပ်နိုင်မှု ဧက (၆)သိန်းသာရှိသည့်အတွက် တစ်နှစ်လျှင် ရာဘာထွက်ကုန်ကြမ်း တန်ချိန် (၁၇၀၀၀)ဝန်းကျင်ကို နိုင်ငံခြားသို့ တင်ပို့နိုင်ခဲ့ရာ (၇၀%)ရာခိုင်နှုန်းကို အဓိက တရုတ်နိုင်ငံသို့ တင်ပို့‌နေကြပြီး မ‌လေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဗီယက်နမ်နှင့် စကင်္ာပူနိုင်ငံများသို့လည်း တင်ပို့လျှက်ရှိသည်ဟု မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ‌ပြောသည်။

မြန်မာနိုင်ငံ၏ ရာဘာထုတ်ကုန်များ အရည်အ‌သွေးနှင့် ‌ဈေးနှုန်းတည်ငြိမ်‌ရေးကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် ပထမဦးဆုံး(Central Market)တစ်ခုကို လက်ရှိ စတင် အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေပြီဖြစ်‌ကြောင်း သိရှိရသည်။