Home ထိပ်တန်းသတင်း ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေးဖြင့် လည်ပတ်ရန်ကန့်ကွက်မှု နိုင်ငံ‌ရေးကစားလိုသူများ ဆွ‌ပေးခြင်းဟု ပြည်နယ်ဝန်ကြီးချုပ်‌ပြော

ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေးဖြင့် လည်ပတ်ရန်ကန့်ကွက်မှု နိုင်ငံ‌ရေးကစားလိုသူများ ဆွ‌ပေးခြင်းဟု ပြည်နယ်ဝန်ကြီးချုပ်‌ပြော

1743

နိုဝင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ဖားအံမြို့နယ်ရှိ မြိုင်က‌လေးတန် ၄၀၀ဝဘိလပ်‌မြေစက်ရုံကို ‌ကျောက်မီး‌သွေးဖြင့် ပြန်လည်အသုံးပြုမည့် ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုများ ဒုက္ခ‌ရောက်မည်ဟု ကန့်ကွက်‌ပြောဆိုမှုမှာ နိုင်ငံ‌ရေးကစားလိုသူများက ဆွ‌ပေးခြင်းသာဖြစ်သည်ဟု နိုဝင်ဘာ ၄ရက်‌နေ့တွင် လှာကာရွာလယ်ဓမ္မာရုံတွင် ပြုလုပ်သည့် ‌ဒေသခံလူထုများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ၌ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောဆိုခဲ့သည်။

“ဒီကိစ္စကို နိုင်ငံ‌ရေးကစားချင်ကြတဲ့သူ‌တွေက လူထု‌တွေကို ဟိုဆွဒီဆွခြင်းသာဖြစ်တယ်။ လူထု‌တွေ ‌သေကုန်မယ်။ ဒုက္ခိတဖြစ် ကုန်မယ်။ ဒုက္ခ‌ရောက်ကုန်မယ်။ အဲလိုဖြစ်ခဲ့ရင် ကျမက လုပ်ပါ့မလား။ ကျမတို့က ဖြစ်လာတဲ့ အ‌ခြေအ‌နေတစ်ခုကိုကြည့်ပြီး လုပ်သင့်မလုပ်သင့်ဆိုတာကြည့်ပြီး စဉ်းစားဆုံးဖြတ်သွားမယ်”ဟု ဝန်ကြီးချုပ်က ‌ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း အသုံးပြုခဲ့သည့် မီးရထားများနှင့် သ‌ဘောင်္များမှာ ‌ကျောက်မီး‌သွေးဖြင့် အသုံးပြုခဲ့သလို လက်ရှိအ ချိန်ထိ အခြား‌သော ချမ်းသာသည့်နိုင်ငံများတွင်လည်း ‌ကျောက်မီး‌သွေးကို အသုံးပြု‌နေဆဲဖြစ်‌ကြောင်းလည်း ဝန်ကြီးချုပ်က ထပ်မံ ‌ပြောဆိုသည်။

၎င်းကိစ္စအ‌ပေါ် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးလည်းဖြစ်၊ စက်မှုလက်မှုနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ‌ဟောင်းဖြစ်ခဲ့သူ ‌စောကြည်လင်းက “နိုင်ငံ‌ရေးနဲ့ ဒီစက်ရုံက တခြားစီပါ။ ဘာမှမဆိုင်ဘူးလို့ ကျ‌နော်တို့ အဲလိုပဲမြင်ပါတယ်။ အကယ်၍ နိုင်ငံ‌ရေးသမား‌တွေက လုပ်‌ဆောင်တာ‌တောင်မှ လူထုအတွက် ကန့်ကွက်‌ပေးတယ်လို့ပဲ မြင်တယ်။ မဲရဖို့အတွက် ကိစ္စနဲ့ မဖြစ်နိုင်ဘူးလို့မြင်တယ်။ အဲဒါနဲ့ပဲ မဲမရနိုင်ပါဘူး။ ကျ‌နော်တို့ပါတီကလည်း ဒီ‌ကျောက်မီး‌သွေးကိစ္စကို ကန့်ကွက်ပါတယ်။” ဟု ‌ပြောသည်။

မြိုင်က‌လေးဘိလပ်‌မြေစက်ရုံကို လာ‌ရောက်တည်‌ဆောက်စဉ်တွင် ‌ကျောက်မီး‌သွေးဖြင့် မည်သည့်အခါမျှ လုပ်‌ဆောင်မည်မ ဟုတ်‌ကြောင်း လွန်ခဲ့သည့် ‌ခေတ်အဆက်ဆက်မှ အစိုးရတာဝန်ရှိသူများက ‌ဒေသခံလူထုအား ကတိကဝတ်‌ပေးခဲ့သည်ဟု ‌ဒေသခံများက ‌ပြောဆိုကြသည်။

ထိုဘိလပ်‌မြေစက်ရုံတို့၏ ‌ခေါင်းတိုင်မှ ထွက်ရှိလာသည့် အမှုန်အမွှားများအား ‌နေ့စဉ်နှင့်အမျှ ‌ဒေသခံလူထုက ရှူရှိုက်‌နေကြရ၍ အလွန်ဒုက္ခ‌ရောက်ခဲ့ကြရပြီး စက်ရုံ‌ကြောင့် လက်ရှိ ပြဿနာရပ်များကို မ‌ဖြေရှင်းနိုင်သ၍ ‌ကျောက်မီး‌သွေးဖြင့် ပြန်လည်အသုံးပြု မည့် ကိစ္စရပ်အား ဆက်လက် ကန့်ကွက်သွားမည်ဟု ဇရပ်ဖြူဆရာ‌တော် အရှင်ဣန္ဒာစာရက မိန့်ကြားခဲ့သည်။

ဆရာ‌တော် အရှင်ဣန္ဒာစာရက “‌ကျောက်မီး‌သွေးမ‌ပြောနဲ့အုံး။ လက်ရှိထွက်လာတဲ့ အမှုန်အမွှား‌တွေကိုပဲ မထွက်‌အောင် အရင် လုပ်ပြီး ‌ကျောက်မီး‌သွေးနဲ့သုံးမယ်ဆိုရင် ထွက်လာမယ့် အဆိပ်ဓာတ်‌ငွေ့‌တွေကို ဘယ်လို‌ဖြေရှင်းမလဲ။ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှု ဘယ်‌လောက်ရှိနိုင်သလဲဆိုတာ ဘယ်နှစ်ခါ လူထု‌တွေကို လာ‌ရောက်ရှင်းပြခဲ့ပြီးလဲ။ တာဝန်ယူ၊ တာဝန်ခံမှု ဘယ်‌လောက် ရှိလဲဆိုတာ လူထု‌တွေကို မရှင်းပြနိုင်ခဲ့ဘူး”ဟု မိန့်ကြားသည်။

ယင်းစက်ရုံ‌မြေ‌နေရာအတွက် ယခင်စက်ရုံအာဏာပိုင်များက ‌ဒေသခံလူထု ပိုင်ဆိုင်သည့်‌မြေဧက ၁၄၄၇.၇၂ခန့် သိမ်းယူထားပြီး အခြားအသုံးမပြု‌တော့သည့် ပို‌မြေများတွင် ပြန်လည်ဝင်‌ရောက်လုပ်ကိုင်‌သော ‌ဒေသခံများမှာမူ တရားစွဲဆိုခြင်းခံကြရသည်ဟု ‌ဒေသခံ ‌ဒေါ်လှကြည်က ယခုလို ‌ပြောသည်။

“စက်ရုံလာ‌ဆောက်တုန်းက အမှန်တကယ်စက်ရုံလိုအပ်တဲ့‌မြေက ၈၄၉ဧကပဲ။ ဒါ‌ပေမယ့် စုစု‌ပေါင်းသိမ်း ယူလိုက်တဲ့‌မြေက ၁၄၄၇.၇၂ဧကရှိတယ်။ ကျန်‌မြေ‌တွေကို လူကြီး‌တွေက အကွက်ရိုက် ပြန်‌ရောင်းစားတယ်။ ‌ဈေးတန်းလှည့်ဖွင့်ထားပြီး တနှစ်ကို သိန်းနှစ်ရာ ‌ကောက်ခံတယ်။ လူထု‌တွေက‌တော့ ပြန်လုပ်စားခွင့်မရ တရားလည်း စွဲခံရ‌သေးတယ်။ ‌မြေမရှိ‌တော့ ကျမတို့သား သမီး‌တွေက ထိုင်းနိုင်ငံမှာ ကျွန်သွားခံ‌နေရတယ်”ဟု သူမက ‌ပြောသည်။

ထို‌နေ့‌တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ‌ဒေသခံတို့ အပြန်အလှန် ‌ဆွေး‌နွေး‌ပြောဆိုပြီး‌နောက် သူမအ‌နေဖြင့် ‌နောက်‌နောင် အချိန်များတွင် လိုအပ်လျှင် လာ‌ရောက်‌တွေ့ဆုံဦးမည်ဖြစ်၍ ‌မြေယာကိစ္စရပ်များအတွက် ‌ဒေသခံများ ပြန်လည်ရရှိ နိုင်ရန် ကြိုးစားလုပ်‌ဆောင်‌ပေးသွားမည်ဟု ‌ပြောကြားခဲ့သည်။

တန် ၄၀၀ဝ မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံအား ‌ကျောက်မီး‌သွေးဖြင့် ပြန်လည်အသုံးပြုမည့်ကိစ္စကို ပြီးခဲ့သည့် စက်တင်ဘာ ၃ဝ ရက်‌နေ့က ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ‌ဒေသခံများက စု‌ပေါင်းကန့်ကွက်စာ ‌ပေးပို့ခဲ့ပြီး‌နောက် ပြည်နယ်ဝန်ကြီးချုပ်က ‌ဒေသခံများ အား လာ‌ရောက်‌တွေ့ဆုံခြင်းဖြစ်‌သော်လည်း ပြည်နယ်ဝန်ကြီးချုပ်အ‌နေဖြင့် လာ‌ရောက်ခြင်းမဟုတ်ဘဲ ‌ရွေး‌ကောက်ခံလွှတ်‌တော် ကိုယ်စားလှယ်တစ်ဦးအ‌နေဖြင့် လာ‌ရောက်‌တွေ့ဆုံခြင်းသာဖြစ်‌ကြောင်း သိရသည်။

ယင်း‌တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောသန်းထွဋ်၊ ပြည်သူ့လွှတ်‌တော် ကိုယ် စားလှယ် နန်းသန်းသန်းလွင်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောမိုးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ‌ဒေသအတွင်းရှိ သံဃာ ‌တော်များ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ‌ဒေသခံ ရပ်မိရပ်ဖများ စုစု‌ပေါင်း ၃၀ဝခန့် ပါဝင်တက်‌ရောက်ခဲ့ကြသည်။