Home သတင်း KNU/KNLA-PC၏ ဋ္ဌာနချုပ်ရုံးထိုင်မှူး၊ ဗိုလ်မှူးကြီး‌စောဂျိုးဇက် ကွယ်လွန်

KNU/KNLA-PC၏ ဋ္ဌာနချုပ်ရုံးထိုင်မှူး၊ ဗိုလ်မှူးကြီး‌စောဂျိုးဇက် ကွယ်လွန်

4019

နိုဝင်ဘာ ၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA-PC၏ ဋ္ဌာနချုပ်ရုံးထိုင်မှူးဖြစ်သူ ဗိုလ်မှူးကြီး‌စောဂျိုးဇက်(၆၂)နှစ်သည် နိုဝင်ဘာလ ၄ရက်‌နေ့ (ယ‌နေ့) နံနက် ၇နာရီခွဲခန့်တွင် ၎င်းတို့ဋ္ဌာနချုပ်တည်ရှိရာ ထို့‌ကော်ကိုး‌ကျေးရွာရှိ ၎င်း၏ ‌နေအိမ်၌ လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးကြီး ‌စောဂျိုးဇက်၏ ညီမဖြစ်သူ ‌နော်မာဂရက်က “အရင်က နှလုံး‌ရောဂါရှိ‌နေ‌ပေမဲ့လည်း ကျန်းကျန်း မာမာပဲရှိ‌နေတာ။ အဖူးထင်‌မောင်အိမ်သွားပြီး‌တော့ စကား‌ပြောဆို‌ဆွေး‌နွေးတာ ‌ကောင်း‌ကောင်းမွန်မွန်ပဲရှိ‌သေး တာ။ အိမ်ပြန်လာ‌တော့ သူ‌ခေါင်းမူးတယ်ဆိုပြီး‌ပြောတယ်။ သူများကသူတို့ ဆွဲမထူထား‌ပေမယ့် လဲကျသွား‌တော့ သတိ‌မေ့သွားပြီး အသက်ပါ ပါသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူးကြီး ‌စောဂျိုးဇက်သည် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ‌ချောင်းဖျားဇာတိဖြစ်ပြီး KNU/KNLA-PCက နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးရယူသည့် အချိန်မှစ၍ ရုံးထိုင်မှူးအဖြစ် တာဝန်ထမ်း‌ဆောင်လာခဲ့ရာ ကွယ်လွန် အ ချိန်ထိဖြစ်သည်။

၎င်း၏ လုပ်‌ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ KNU/KNLA -PCမှ ဗို်လ်မှူးကြီး ‌စောဩဘာက “သူက အဖွဲ့အစည်း က ‌ပေးအပ်တဲ့တာဝန်ကို ‌ကျေ‌ကျေပွန်ပွန် ထမ်းရွက်နိုင်သူပါ။ ‌ခေါင်း‌ဆောင်‌တွေကိုလည်း ‌လေးစားတဲ့သူပါ။ ‌နောက်ပြီး စိတ်ရင်း‌ကောင်းသူလည်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
ဗိုလ်မှူးကြီး ‌စောဂျိုးဇက်သည် အိမ်‌ထောင်မရှိသူတစ်ဦးဖြစ်ပြီး သူကွယ်လွန်ချိန်တွင် ညီမတစ်ဦးကျန်ရစ်ခဲ့သည်။ ၎င်း၏ ဈာပနအခမ်းအနားကို နိုဝင်ဘာလ ၆ရက်‌နေ့၊ မွန်းလွဲ ၁နာရီတွင် ထို့‌ကော်ကိုး ဋ္ဌာနချုပ်၌ ပြုလုပ်သွားမည်ဟု သိရသည်။

KNU/KNLA–PCကို ဗိုလ်ချုပ်ထင်‌မောင်ဦး‌ဆောင်၍ ပြီးခဲ့သည့်၂၀၀၇ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး-KNUမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် လက်မှတ်ထိုးထားခြင်းမရှိဘဲ ငြိမ်းချမ်း‌ရေးယူခဲ့သည်။ လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို လက်မှတ်‌ရေးထိုးထား‌သော အဖွဲ့ဖြစ်သည်။