Home Authors Posts by KIC News

KIC News

21782 POSTS 0 COMMENTS

မဲ‌ဆောက်မှလာသည့် ဂက်စ်ကားများ မြဝတီမြို့တွင် တားဆီးခံခဲ့ရ

ဇွန် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ (‌ကေအိုင်စီ) ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့မှတဆင့် နယ်စပ်ဂိတ်ကို ဖြတ်‌ကျော်ပြီး မြဝတီမြို့သို့ တရားဝင် ‌ရောက်ရှိလာသည့် ဂက်စ်ကား ၄စီးကို ဇွန်လ ၁၄ရက်(ယမန်‌နေ့) နံနက်ပိုင်းက မြဝတီမြို့ ဘုရင့်‌နောင်‌ဈေး‌ရှေ့တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက တားဆီးခဲ့ သည်ဟု သိရသည်။ ထို‌နေ့ နံနက် ၈နာရီခွဲတွင် ဂက်စ်ကားများကို...

ရိက္ခာသယ်ယူမှုကို ဟန့်တားစစ်‌ဆေးခြင်းမလုပ်ရန် တပ်မ‌တော်အား ‌ကျေးရွာ ၃၀‌ကျော်မှ ‌ဒေသခံများ ဆန္ဒထုတ်‌ဖော်

ဇွန် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့သ‌ဝေါနယ်‌မြေတွင်း ‌ဒေသခံရွာသားများ၏ စားနပ်ရိက္ခာသယ်ယူမှုများကို ဟန့်တားစစ်‌ဆေးခြင်း မလုပ်ရန် ကလူး‌ထော၊ မဲ့ပရူနှင့် သကွီးကလား‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာ‌ပေါင်း ၃ဝ ‌ကျော်မှ ‌ဒေသခံများ စု‌ပေါင်း၍ အစိုးရတပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ် (BGF)တို့အား ဇွန် ၁၄ရက်‌နေ့က လမ်း‌လျှောက်ဆန္ဒထုတ်‌ဖော်ခဲ့သည်။ အစိုးရတပ်မ‌တော်...

တက္ကသိုလ်ဝင်ခွင့် စာ‌မေးပွဲ‌အောင်ချက်‌လျော့နည်းလာသည့် ကရင်ပြည်နယ် ပညာ‌ရေးကို စွမ်း‌ဆောင်ရည် မြှင့်တင်သွားမည်ဟုဆို

ဇွန် ၁၅ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောညွန့်‌သောင်း မြန်မာနိုင်ငံ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာ‌မေးပွဲအတွက် ဇွန် ၁၁ ရက်‌နေ့က ထုတ်ပြန်သည့် ‌အောင်ချက်အရ ကရင်ပြည်နယ်တွင် ၂၇.၁၅ ရာခိုင်နှုန်းဖြင့် ‌အောင်မြင်ခဲ့ခြင်းမှာ ယခင်နှစ်ကထက် ‌အောင်ချက် ‌လျော့နည်းလာသည့်အတွက် ပညာ‌ရေးကို မြှင့်တင်သွားမည်ဟု ကရင်ပြည်နယ်...

‌ဘောကထာ့စီမံကိန်း အကြိုစမ်းသပ်ကာလ ဗဟို‌ကော်မတီဖွဲ့စည်းမှု အရပ်ဖက်အဖွဲ့ လက်မခံ၍ မဖြစ်‌မြောက်ခဲ့

ဇွန် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး ‌ဘောကထာ့‌ရေအားလျှပ်စစ်စီမံကိန်း အကြိုစမ်းသပ်ကာလအတွင်း အ‌ထောက်အကူပြုနိုင်‌ရေးအတွက် သူး‌လေကုမ္ပဏီမှ ဗဟို‌ကော်မတီ(Main Committee) ဖွဲ့စည်းရန် စီစဉ်မှုကို တာဝန်မယူနိုင်‌ကြောင်း စီမံကိန်း‌ဒေသခံ ကိုယ်စားပြုအရပ်ဖက်အ ဖွဲ့များက ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်ရှိ သူး‌လေကုမ္ပဏီရုံးတွင် ဇွန်လ ၁၃ရက်‌နေ့က ပြုလုပ်သည့် အစည်းအ‌ဝေး၌ ‌ပြောဆိုခဲ့သည်။ “သူတို့က ဗဟို‌ကော်မတီ...

‌ကော့ကရိတ် ‌လောင်းကိုင်‌ကျေးရွာအဝင် တံတား ၃စင်းကို အမြန်ပြန်‌ဆောက်‌ပေးရန် ‌ဒေသခံများလိုလား

ဇွန် ၁၄ ရက်၊၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌လောင်းကိုင်‌ကျေးရွာနှင့် ‌တောင်ကြာအင်း‌ကျေးရွာတို့ကို ဆက်သွယ် ထားသည့် တံတားငယ် ၃ စင်းကို မြို့နယ်‌ဆောက်လုပ်‌ရေး ဦးစီးဌာနမှ ယခုနှစ် မတ်လ၌ သွား‌ရောက်ပြိုဖျက်ခဲ့ ပြီး‌နောက် အသစ်ပြန်တည်‌ဆောက်‌ပေး‌သော်လည်း ယခုထိ မပြီး‌သေးသည့်အတွက် အမြန်တည်‌ဆောက်‌ပေး လိုသည်ဟု...

ကရင်လူငယ်များ သမိုင်း‌လေ့လာရန်လိုအပ်‌ကြောင်း ‌ကေအဲန်ယူမြို့နယ်အဆင့်‌ခေါင်း‌ဆောင် ‌ပြောဆို

ဇွန် ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့် ကရင်လူငယ်များအ‌နေဖြင့် ကရင့်အမျိုးသား‌တော်လှန်‌ရေးသမိုင်းနှင့် နုိုင်ငံ‌ရေးလှုပ်ရှားမှု သမိုင်း‌ကြောင်းများကို ပြန်‌လေ့လာရန် လိုအပ်‌နေ‌သေး‌ကြောင်း ဇွန်လ ၉ရက်မှ ၁၁ရက်‌နေ့အထိ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ပိတခါ့‌ကျေးရွာတွင် ပြုလုပ်သည့် ‌ကျောင်း သားလူငယ်များ ‌ဆွေး‌နွေးဖလှယ်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ပိုင်ကျုံမြို့နယ်အတွင်း‌ရေးမှူး ပဒို‌စောဆာ့ ပလဲဒီဝမ်းက ‌ပြောဆိုလိုက်သည်။ ၎င်းက...

ပြည်တွင်းပုန်း‌ရှောင် ဒုက္ခသည်များအတွက် တန်ဖိုးနည်းအိမ်အလုံး ၃၀ဝ ထပ်မံ‌ဆောက်လုပ်‌ပေး

ဇွန်လ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း ပြည်တွင်းပုန်း‌ရှောင်ဒုက္ခသည်များ(IDPs) အတွက် ရည်ရွယ်ပြီး ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင်နယ်‌မြေအတွင်းရှိ ‌နေရာ ၃‌နေရာ တွင် ဂျပန်နိုင်ငံမှ နိပွန်‌ဖောင်‌ဒေးရှင်း အကူအညီဖြင့် ‌ဒေသတွင်းကုမ္မဏီ ၇ခုတို့က ပြီးခဲ့သည့် ဧပြီလမှစ၍ တန်ဖိုးနည်း အိမ်ရာအ လုံး ၃၀ဝကို ထပ်မံ ‌ဆောက်လုပ်‌ပေးလျှက်ရှိ‌ကြောင်း...

‌ဒေသခံပြည်သူ စားနပ်ရိက္ခာသယ်ယူမှုကို အစိုးရတပ်မ‌တော် စစ်‌ဆေးဟန့်တားမှုရှိ‌နေ

ဇွန် ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ အစိုးရတပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ်-BGF ပူး‌ပေါင်းအဖွဲ့ဝင်များသည် လှိုင်းဘွဲမြို့နယ်၊ ကလူး‌ထော၊ မဲ့ပရူနှင့် သကွီးကလား ‌ကျေးရွာအုပ်စုအတွင်း ‌ဒေသခံများက စားနပ်ရိက္ခာ သယ်ယူရာတွင် စစ်‌ဆေးဟန့်တားမှုများ ပြုလုပ်လျှက်ရှိ‌ကြောင်း ‌ဒေသခံများ က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။ ၂၀၁၅ခုနှစ်ကုန်ခါနီးမှစ၍ ယခုအချိန်ထိ ‌ဒေသခံများ စားသုံးရန် ဝယ်ယူသယ်‌ဆောင်လာသည့်...

မြန်မာပြည် တက္ကသိုလ်ဝင်တန်း ပညာ‌ရေးစနစ် ‌ရွှေ့‌ပြောင်း‌ကျောင်းသားများအတွက် စိန်‌ခေါ်မှုဖြစ်

ဇွန် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း ဇွန်လ ၁၁ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ၂၀၁၅-၂၀၁၆ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်စာရင်းတွင် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်အ‌ခြေစိုက်သည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ‌ကျောင်းသား၊ ‌ကျောင်းသူ‌ပေါင်း ၁၇ဦးသာ ‌အောင် မြင်သည့်အတွက် လက်ရှိ တက္ကသိုလ်ဝင်တန်းပညာ‌ရေးစနစ်သည် ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများအတွက် စိန်‌ခေါ်မှု တစ်ရပ်ဖြစ်‌နေ‌ကြောင်း ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းဆရာများအစည်းအရုံး BMTA...

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ၌ တက္ကသိုလ်ဝင် စား‌မေးပွဲ‌အောင်ချက်တိုးလာ

ဇွန် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ မြန်မာနိုင်ငံ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဇွန် ၁၁ရက်‌နေ့၊ ထုတ်ပြန်‌သော တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်စာရင်းအရ ကရင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာ၌ ‌အောင်ချက် ရာခိုင်နှုန်း ‌လျော့ကျ‌သော်လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ယခင်နှစ်ထက် ‌အောင်ချက်တိုးလာသည်ဟု သိရသည်။ ဝင်း‌ရော်‌ဒေ ခလယ်-တံခွန်တိုင်တိုက်နယ်၊ တံခွန်တိုင်စာစစ်ဌာနတွင်...
Donate