Home သတင်း ‌ကေအဲန်ယူ တပ်မဟာ ၄ တပ်ဖွဲ့ နှင့် တပ်မ‌တော်အကြား ပစ်ခတ်မှုကိစ္စအား JMC-S အစည်းအ‌ဝေးတွင် ‌ဆွေး ‌နွေးသွားမည်

‌ကေအဲန်ယူ တပ်မဟာ ၄ တပ်ဖွဲ့ နှင့် တပ်မ‌တော်အကြား ပစ်ခတ်မှုကိစ္စအား JMC-S အစည်းအ‌ဝေးတွင် ‌ဆွေး ‌နွေးသွားမည်

1970

ဧပြီ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ တနသင်္ာရီမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး -KNU နယ်‌မြေအတွင်း ဧပြီ ၂၂ ရက်‌နေ့က ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မ‌တော်နှင့် KNU လက်‌အောက်ခံတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုအ ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ဧပြီ ၂၈ရက်‌နေ့တွင် ကျင်းပမည့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-S အစည်းအ‌ဝေးတွင် နှစ်ဖက်ညှိနှိုင်း ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း KNU ဘိတ်-ထားဝယ် ခရိုင်ဘက်က ‌ပြောသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး JMC-S ဒုဥက္ကဌဖြစ်သူ ‌ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်‌ကော်မတီဝင် ပဒို‌စောဘီးလယ်က “အခုက‌တော့အားလုံး ‌အေး‌ဆေး ဖြစ်သွားပါပြီ။ စဖြစ်တာက‌တော့ အချင်းချင်း လူမှားတဲ့ပုံစံလို့‌တော့ ယုံကြည် ရပါတယ်။ ဒါ‌တွေကို လာမယ့် ၂၈ ရက်‌နေ့မှာလုပ်မယ့် JMC-S အစည်းအ‌ဝေးမှာ ဘယ်လိုဖြစ်ကြလဲဆိုတာ တင်ပြပြီး‌ဆွေး ‌နွေးသွားမှာဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်‌နေ့ နံနက် ၁ဝ နာရီခန့်အချိန်က တနသင်္ာရီမြို့နယ်အတွင်းရှိ KNU လက်‌အောက် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ရင်း ၁၁ နယ်‌မြေ၊ သဲဖြူရွာ‌ဟောင်းအနီးတွင် KNLA တပ်ရင်း ၁၁၊ တပ်ခွဲ ၃ မှ တပ်ဖွဲ့ဝင်များနှင့် မြန်မာ့ တပ်မ‌တော် ‌ခြေလျင်တပ်ရင်း-ခလရ ၂၆၅ တပ်ဖွဲ့ဝင်များအကြား နှစ်ဖက်အပြန်အလှန် မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ သဲဖြူ‌ဟောင်းရွာအနီး နယ်‌မြေခံမဟုတ်သူများမှ လာ‌ရောက်ပြီး ‌တောင်ယာခုတ်ထွင်ရှင်းလင်းကာ အခိုင်အမာရွာတည်မည်ကို စိုးရိမ်သည့် ‌ဒေသခံရွာသားများ၏ သတင်း ‌ပေးပို့မှု‌ကြောင့် တပ်မ‌တော်ဘက်မှသွား‌ရောက်စစ်‌ဆေးရာမှ နားလည်မှုလွဲမှားပြီး ယခုလိုပစ် ခတ်မှုဖြစ်ပွား ခဲ့ရခြင်းဖြစ်သည်ဟု KNU၊ တပ်မ‌တော်တို့နှင့် နီးစပ်သူတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

ပစ်ခတ်မှုဖြစ်ပွားရာတွင် နှစ်ဖက်ထိခိုက် ဒဏ်ရာရရှိမှုများရှိ‌ကြောင်း သိရှိရ‌သော်လည်း ယင်းကိစ္စအ‌ပေါ် KNU ဘိတ်-ထားဝယ်မှ ငြင်းဆိုမှုများရှိသလို ပစ်ခတ်မှုဖြစ်ပွားရသည့်အ‌ကြောင်းရင်းများနှင့်ပတ်သက်ပြီး JMC-S ဒုဥက္ကဌဖြစ်သူ ပဒို‌စောဘီးလယ်မှ အခင်းဖြစ်ပွားသည့်‌နေရာများသို့ သွား‌ရောက်ကာ စုံစမ်းစစ်‌ဆေး မှုများပြု လုပ်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA ကို KNU မှ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌အောက် တိုဘာလ ၁၅ ရက်‌နေ့က လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း ဘိတ်-ထားဝယ်ခရိုင် KNU နှင့် တပ်မ‌တော် တို့ နှစ်ဖက်ဆက်ဆံ‌ရေးအ‌ခြေအ‌နေမှာ တင်းမာမှုအချို့ရှိခဲ့‌သော်လည်း ယခုလိုအပြန် အလှန် ပစ်ခတ်မှုမျိုး မရှိ‌ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများက ‌ပြောသည်။