Home သတင်း အငြိမ်းစား တပ်မ‌တော်သားများကို ‌ကျေးရွာ စည်းကမ်းအတိုင်း‌နေရန် JMC-S ကြပ်မတ်‌ပေးမည်

အငြိမ်းစား တပ်မ‌တော်သားများကို ‌ကျေးရွာ စည်းကမ်းအတိုင်း‌နေရန် JMC-S ကြပ်မတ်‌ပေးမည်

2205

ဧပြီ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ‌ကျေးရွာများတွင် လာ‌ရောက်‌နေထိုင်သည့် အငြိမ်းစား တပ်မ‌တော်သားများကို ဆိုင်ရာ‌ကျေးရွာ စည်းကမ်းအတိုင်း‌နေထိုင်ရန် ကြပ်မတ်‌ပေးမည်ဟု ဧပြီ ၂၆ ရက် တွင် ကြာအင်းကြီးရွာ၊ ဘုရားရှိခိုး‌ကျောင်း၌ ပြုလုပ်သည့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ‌စောင့်ကြည့် ‌ရေး ပူးတွဲ‌ကော်မတီ(JMC-S) နှင့် ‌ဒေသခံများ‌တွေ့ဆုံပွဲတွင် ‌ကော်မတီဥက္ကဌဗိုလ်ချုပ်မျိုးဝင်းက ‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ‌ကျေးရွာများတွင် လာ‌ရောက်‌နေထိုင်သည့် အငြိမ်းစား တပ်မ‌တော်သား အချို့ သည် ထုတ်ပြန်ထားသည့် ‌ကျေးရွာစည်းကမ်းများကိုလိုက်နာမှု မရှိခြင်း‌ကြောင့် အုပ်ချုပ်‌ရေးအခက်အခဲရှိ ‌နေသည့်အ‌ပေါ် ‌ရွှေတိုး-ကြားအင်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး(‌ဒေသအ‌ခေါ်ရွာသူကြီး) ‌နော်အဲစီက ‌တွေ့ ဆုံပွဲတွင် တင်ပြ‌ပြောဆိုမှုအ‌ပေါ် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးလည်းဖြစ်သူ ဗိုလ်ချုပ်မျိုးဝင်းက ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

သူက “အသက် ၆ဝဆယ်ပြည့်လို့ ပင်စင်ယူသွားရင် အရပ်သားပဲ။ ‌မွေးကတည်းက အရပ်သား ‌သေဆုံးခါနီး ချိန်မှာလည်း အရပ်သားပဲ ဖြစ်ပါတယ်။ ‌ကျောင်းမှာ‌နေ ‌ကျောင်းစည်းကမ်း၊ ရုံးမှာ‌နေရင် ရုံးစည်းကမ်း၊ ရပ် ကွက် ‌ကျေးရွာမှာ ‌နေရင် ရပ်ကွက်‌ကျေးရွာ စည်းကမ်းအတိုင်း လိုက်နာ‌နေထိုင်ရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်မှု ညီညွတ်မျှတဖို့ကိစ္စ အင်မတန်အ‌ရေးကြီးပါတယ်။ စည်းကမ်းတကျနဲ့ ‌နေထိုင်ဖို့ကိစ္စမှာ သက်ဆိုင်ရာ အဖွဲ့ အစည်း ‌တွေနဲ့ ‌ပေါင်းစပ်ညှိနှိုင်း ‌ဆောင်ရွက်သွားမယ်” ဟု ‌ပြောသည်။

အဆိုပါ ‌ကျေးရွာများတွင် လာ‌ရောက်အ‌ခြေချ ‌နေထိုင်သည့် တပ်မ‌တော် အငြိမ်းစားများအ‌နေဖြင့် ‌ကျေးရွာ တင် ပြဌာန်းထားသည့် စည်းကမ်းအချို့ကို လိုက်နာမှု မရှိဘဲ အရက်‌ရောင်းချခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို ့ ‌ကြောင့် ‌ကျေးရွာအုပ်ချုပ်‌ရေးရုံးတွင် မကြာခဏဆိုသလို ပြဿနာများ‌ဖြေရှင်း‌ပေး‌နေရသည်ဟု အုပ်ချုပ်‌ရေး မှူး ‌နော်အဲစီက ယခုလို ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ၃၂ တပ်ထွက်၊ ဗျူဟာကထွက်တဲ့ လူ‌တွေ ရွာမှာအ‌ခြေချပြီး လာ‌နေတယ်။ ရွာမှာ အရက်‌ရောင်းခွင့်မ ရှိဘူး။ ၇ ရက်‌နေ့က ရွာသားတစ်‌ယောက် အရက်သွားဝယ်‌တော့ အက်စစ်(‌လောင်မီး)ဖြစ်‌နေတယ်။ ‌ဆေးရုံတင် လိုက်ရတယ်။ ၂၃ ရက်ည‌နေမှာ အရက်မ‌ရောင်းဖို့ ရဲ‌တွေလည်း လာ‌ပြောတယ်။ ဓားထိုး မှုဖြစ်‌တော့ ရှင်းရတယ်၊ ‌ဘေးပတ်ဝန်းကျင် အိမ်‌တွေလည် ဂရုမစိုက်ဘူး။ အရက်‌ရောင်း‌တော့ ပြဿနာ ခဏခဏဖြစ်လို့ လိုက်ရှင်း‌နေရတယ်။ အရက်လိုင်စင်ဆွဲဖို့ အ‌နော်ကို လက်မှတ်ထိုးခိုင်းတယ်။ လူများအကျိုးမဖြစ်တဲ့ဟာ မထိုး ‌ပေးဘူး” ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး‌နော်အဲစီက ‌ပြောသည်။

အဆိုပါ ‌ကျေးရွာများမှာ ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နိုတ‌ကောမြို့နယ်၊ ထိန်းချုပ်မှု‌အောက်တွင်ရှိသလို အစိုးရ အုပ်ချုပ်မှု‌အောက်တွင်လည်းရှိကာ နှစ်ဖက်အုပ်ချုပ်မှု‌ရော‌နှော‌နေ သည့်‌ဒေသဖြစ်ပြီး နှစ်ဖက်ထုတ်ပြန်ထားသည့် ‌ကျေးရွာစည်းကမ်းများအတိုင်း ရွာသူကြီးများက အုပ်ချုပ်‌ရေး လုပ်ငန်းများကို လုပ်‌ဆောင်‌နေခြင်းဖြစ်ကာ မိမိတို့ အုပ်ချုပ်‌ရေးမှူးများအ‌ပေါ် နာလည်မှုရှိရန်လိုအပ်သည်ဟု ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများက ‌ပြောသည်။

ပြည်နယ်အဆင့် JMC-S အ‌နေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌ကျေးရွာ‌ဒေသခံများနှင့် ပထမဆုံးအကြိမ် ‌တွေ့ဆုံပွဲ ပြုလုပ်ခြင်းဖြစ်ကာ အခမ်းအနားသို့ JMC-S ‌ကော်မတီဝင်များ၊ ‌ဒေသတွင်းရှိ အပစ်ရပ်တို်င်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ‌ဒေသခံများအပါအဝင် စုစု‌ပေါင်း ၁၅ဝ ဦးခန့် တက်‌ရောက်ခဲ့သည်။