Home သတင်း တပ်သိမ်း လယ်၊ ခြံ ‌မြေများ ပြန်‌ပေးရန် ကြာအင်းဆိပ်ကြီး ‌ဒေသခံများ ‌တောင်းဆို

တပ်သိမ်း လယ်၊ ခြံ ‌မြေများ ပြန်‌ပေးရန် ကြာအင်းဆိပ်ကြီး ‌ဒေသခံများ ‌တောင်းဆို

1995

ဧပြီ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တပ်မ‌တော်က သိမ်းယူထားသည့် လယ်နှင့် ဥယျာဉ်ခြံ ‌မြေဧက ၂၀ဝ နီးပါးကို ပြန်လည်‌ပေးအပ်ရန် ဧပြီ ၂၆ ရက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းကြီးရွာ ဘုရားရှိခိုး‌ကျောင်း၌ ပြုလုပ်သည့် ပြည်နယ်အဆင့် အပစ်ရပ်‌စောင့်ကြည့်‌ရေး ပူးတွဲ‌ကော်မတီ(JMC-S) နှင့် ‌ဒေသခံများ ‌တွေ့ဆုံပွဲအခမ်း အနားတွင် ‌ဒေသခံများက ‌တောင်းဆိုခဲ့သည်။

ဥယျာဉ်ခြံ‌မြေ အသိမ်းခံရသူ ကြာအင်းကြီးရွာသား ‌စော‌ဒေထူးက “အပစ်ခတ်တိုက်ခိုက်ရပ်စဲ‌ရေးက အဆင်‌ပြေ‌နေပြီး၊ ‌မြေ‌တွေ မလို‌တော့ဘူး‌လေ။ ကျ‌နော်‌မြေဧက ၅ သိမ်းခံထိတယ်။ ရာဘာလည်း အစီးခြစ်ရပြီး၊ ‌ရှောက်ပင်လည်း ကြီး‌နေပြီး။ ‌ဆွေး‌နွေးမှု ပြန်လုပ်ရင် ပြန်လိုချင်တယ်” ဟု ‌တွေ့ဆုံပွဲတက်‌ရောက်လာသည့် ‌ကော်မတီဝင်များထံ အခမ်းအနားတွင် တင်ပြ‌တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ‌တောင်းဆိုမှုအ‌ပေါ် အခမ်းအနားတက်‌ရောက်လာသူ အ‌ရှေ့‌တောင်တန်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်မျိုးဝင်းက မိမိတို့အ‌နေဖြင့် ‌မြေယာဥပ‌ဒေရ ‌မြေလွတ်‌မြေလပ်၊ ပလပ်‌မြေ၊ သစ်‌တော‌မြေများကို သက်ဆိုင်ရာ အ‌ထွေ‌ထွေ အုပ်ချုပ် ‌ရေးဌာန၊ ‌မြေစာရင်းဌာနမှ အ‌ထောက်အထားများကိုကြည့်ပြီး အဓိကထား သိမ်းဆည်းခဲ့ခြင်းဖြစ်သလို ယခုလို တင်ပြ ထားသည့်‌မြေများကို ပြန်လည်စိစစ်ပြီး တတ်နိုင်သမျှ အ‌ကောင်း ဆုံးဖြစ်‌အောင် ‌ဆောင်ရွက်‌ပေးသွားမည်ဟု အခမ်း အနားတွင် ယခုလို‌ပြောသည်။

“ တပ်မှာ မလိုအပ်တဲ့‌မြေ‌တွေ၊ တပ်ပြင်‌မြေ‌တွေ ပြန်စွန့်လွှတ် ‌ပေးပါတယ်။ တပ်ရဲ့လုံခြုံ‌ရေးအရ အ‌ဆောက် အဦး တည်တာရှိတယ်။ ‌လေ့ကျင့်‌ရေးကိစ္စ၊ အနာဂတ်ရည်မှန်းချက်နဲ့ လုပ်ရကိုင်ရမှာ လည်းရှိတယ်။ လက်ရှိ တပ်အဝန်း အဝိုင်းနဲ့ တစ်ဆက်တည်း ဆက်စပ်တည်ရှိတဲ့ ‌မြေကို‌တော့ စွန့်လွှတ်‌ပေးဖို့က စိစစ်ပြီးမှ စွန့်လွှတ် ‌ပေးနိုင်တဲ့ အ‌နေထားရှိပါတယ်” ဟု ပြည်နယ်(JMC-S) ‌ကော်မတီ ဥက္ကဌလည်းဖြစ်သူ ဗိုလ်ချုပ်မျိုးဝင်းက ‌တွေ့ဆုံပွဲတွင် ပြန်လည်‌ဖြေကြားခဲ့သည်။

အဆိုပါ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း ယခင်က တိုက်ပွဲများဖြစ်ပွားခဲ့မှု‌ကြောင့် ‌ဒေသခံများ အ‌နေဖြင့် လယ်၊ ယာ၊ ဥယျာဉ်ခြံများကို စွန့်လွှတ်ထွက်‌ပြေးခဲ့ရာ အချို့‌နေရာများတွင် တပ်မ‌တော်မှ ဝင်‌ရောက်တပ်စွဲထားသည်မှာ နှစ် ၂ဝ ‌ကျော်ရှိပြီးဖြစ်သလို တချို့ ဥယျာဉ်ခြံပိုင်ရှင်များအ‌နေဖြင့် အုပ်ချုပ်‌ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဧက ၆ဝ ‌ကျော် မူလပိုင်ရှင်များ ပြန်လည်ရရှိခဲ့သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဟူးဖိုးက‌ပေါ် အရပ်ဖက်အဖွဲ့အစည်း ဥက္ကဌ ‌စောမီဘွဲ ‌တောက ဧပြီ ၂၇ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကြာအင်းကြီးရွာ၊ ‌ဒေသခံ ၁ဝ ဦး‌ကျော်တို့၏ လယ်၊ ခြံ‌မြေ ဧက၂၀ဝ နီးပါးကို တပ်မ‌တော်၊ ဌာနဆိုင်ရာအချို့ သိမ်းယူခဲ့ပြီး တစ်ချို့တစ်ဆင့်ပြန်လည်‌ရောင်းချမှုများ ရှိသည်ကို‌တွေ့ရ‌ကြောင်း ‌စောမီဘွဲ‌တောက ဆက်‌ပြောသည်။

ကရင်ပြည်နယ် အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီနှင့် ‌ဒေသခံ ပြည်သူများ ‌တွေ့ဆုံသို့ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် – DKBA၊ အစိုးရဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် လွှတ်‌တော်ကိုယ်စားလှယ်များအပါအဝင် စုစု‌ပေါင်း ၁၅ဝ ဦးခန့် တက်‌ရောက်ခဲ့ပြီး JMC-S ၏ လုပ်ငန်း‌ဆောက်ရွက်မှုအ‌ခြေအ‌နေများ၊ ‌ဒေသတွင်း ‌မြေယာ၊ သစ်‌တော၊ အခွန်အခများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်‌ဆွေး‌နွေးရှင်းလင်း‌ပြောဆိုခဲ့ကြသည်။