Home လူငယ့်အသံ လူငယ့်အမြင် “ ‌အောင်မြင်တဲ့ စီးပွား‌ရေးလုပ်ငန်းရှင်‌ကောင်း ဖြစ်ဖို့ ရည်မှန်းထားတယ်”

“ ‌အောင်မြင်တဲ့ စီးပွား‌ရေးလုပ်ငန်းရှင်‌ကောင်း ဖြစ်ဖို့ ရည်မှန်းထားတယ်”

3017

‌အောင်မြင်တဲ့ စီးပွား‌ရေးလုပ်ငန်းရှင်‌ကောင်း တဦးဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ထုတ်‌ဖော်‌ပြောဆိုလာသူက ‌တော့ ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ အလယ်‌ချောင်း‌ကျေးရွာမှာ‌နေထိုင်တဲ့ ‌ဂေးဘား လူငယ် ဥက္ကဌ တာဝန်ထမ်း‌ဆောင်‌နေတဲ့ အသက် ၁၉ နှစ်အရွယ် ‌စောစိုင်းမွန်သာ ဖြစ်ပါတယ်။
သူဟာ လိပ်သိုမြို့နယ်ခွဲ၊ အလယ်‌ချေင်း‌ကျေးရွာမှာ ‌နေထိုင်တဲ့ အဖ ‌စောဝင်းဂိတ်၊ အမိ‌နော်ဂျူးနားတို့ရဲ့ တဦး တည်း‌သော သားဖြစ်ပြီး သူ ့မိဘများက ဘွဲ့ရ ပညာတက်တဦးဖြစ်‌စေချင်‌ပေမဲ့ ‌ကျောင်းစာကို စိတ်မဝင်စားတဲ့ အတွက် ဆယ်တန်း ဆက်မ‌ဖြေ‌တော့ဘဲ၊ စီးပွား‌ရေးနဲ့ လူမျိုး‌ရေးတာဝန်ကို လုပ်‌ဆောင်ဖို့ သူ‌ရွေးချယ် ခဲ့ပါတယ်။

“ ကျ‌နော်က စီးပွား‌ရေးဘဲလုပ်ချင်တယ်။ ပြီး‌တော့ ဓါတ်ပုံဆရာဖြစ်ချင်တယ်။ ကျ‌နော်ဝါသနာနဲ့ ‌ကျောင်းစာနဲ့ မကိုက်ဘူးဆိုတာ သိလို့ ‌ကျောင်းဆက်မတက်‌တော့ဘူး။ မိဘ‌တွေက ကျ‌နော့်ကိုယုံကြည်လို့ ‌ကျောင်းဆက်မ တက်တာကို မတားဘူး။ ဒါကို ကျ‌နော်အလွဲသုံးစားမလုပ်ဘူး။ ဆက်ကြိုးစားတယ်။ အခုဆိုရင် ကျ‌နော်‌ဒေသနဲ့ ကိုက်ညီတဲ့ ကူးသန်း‌ရောင်းဝယ်‌ရေးအလုပ်ကို လုပ်‌နေတယ်။ ဆယ်တန်းမ‌အောင်၊ ဘွဲ့မရလည်း ရိုးသားကြိုးစား ရင် တ‌နေ့‌အောင်မြင်မယ်လို့ ကျ‌နော်ခံယူထားတယ်” ဟု သူက ‌ပြောပါတယ်။

လက်ရှိ ၁ဝ တန်း တနှစ်‌နေပြီးှ ‌ကျောင်းဆက်မတက်‌တော့ဘဲ သူ့မိဘများလုပ်ကိုင်‌နေတဲ့ ‌ဒေသထွက် ကွမ်းသီး၊ တညင်း၊ ဖာလာ၊ ‌ကော်ဖီအစရှိတဲ့ ခြံထွက်သီးနှံ‌တွေကို ကူးသန်း‌ရောင်းဝယ်တာနဲ ့ ‌မော်‌တော်ဆိုင်ကယ် အ‌ရောင်းအဝယ်လုပ်ငန်းကိုလည်း ပူးတွဲလုပ်ကိုင်‌နေပါတယ်။ ဒါအပြင် အမျိုးသား‌ရေး စိတ်အားသန်မှုရှိတာ ‌ကြောင့် တဖက်တလမ်းက‌နေပြီး ကွဲပြား‌နေတဲ့ ‌ဂေဘားလူငယ်‌တွေကို စုစည်းနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ စတင်လုပ်‌ဆောင် ‌နေတယ်လို့ သူကရှင်းပြပါတယ်။

ဒီလိုနဲ့ ‌ဂေဘားမျိုးနွယ်စု အများဆုံး‌နေထိုင်တဲ့ လိပ်သိုမြို့နယ်ခွဲအတွင်းရှိလူငယ်များမှ စုစည်းပြီး ကွန်ရက် တခု ဖြစ်လာဖို့ လိပ်သိုမြို့နဲ့ ‌နေပြည်‌တော် ‌ကောင်စီနယ်‌မြေအနီးတစ်ဝိုက်ရှိ ‌ဂေဘားမျိုးနွယ်စု ဝင်များ‌နေထိုင်ရာ ‌ကျေးရွာ‌တွေကို တစ်ရွာဝင် တရွက်ထွက် စည်းရုံး‌ရေး လုပ်ငန်း‌တွေကို သူလုပ်‌ဆောင်ခဲ့ပါတယ်။

အခုလို စည်းရုံး‌ရေးလုပ်ငန်း‌တွေ လုပ်‌ဆောင်တဲ့အခါမှာ ‌ပြောဆို စည်းရုံးနိုင်ဖို့ သူအ‌နေနဲ ့‌လေ့လာသင်ယူခဲ့သလို လူငယ်ဖြစ်သည့်အ‌လျောက် တခါတရံတွင် အတိုက်အခံများကြုံ့‌တွေ့ခဲ့ရပြီး သူငယ်ချင်းများနှင့် ‌ပေါင်းသင်းဆက် ဆံရာတွင်လည်း အ‌ကောင်းအဆိုးကို ပြန်သုံးသတ်‌လေ့ရှိကာ ငယ်ရွယ်စဉ်တွင် လမ်းမှားမ‌ရောက်ရန် အမြဲသတိ ထားရတယ်လို့လည်း လက်ရှိ သူဖြတ်သန်း‌နေတဲ့အ‌ပေါ် ကြုံ့‌တွေ့ခဲ့ရတာ‌တွေကို ရှင်းပြပါတယ်။

သူ့အ‌နေနဲ့ လူငယ်‌တွေကိုတိုက်တွန်းချင် တာက‌တော့“ဘွဲ့မရ‌ပေမဲ့ ရိုးသားစွာ ကြိုးစားရင် ‌အောင်မြင် နိုင်တယ်။ မူးယစ်‌ဆေးဝါး‌တွေ ကျယ်ပြန့်လာပြီး ဖြစ်လို့ အ‌သောက်အစားတတ်မှ လူချစ်လူခင်များမယ် ဆိုတဲ့ အသိကို မလုပ်မိ‌စေဖို့၊ အရွယ်ရှိတဲ့အချိန်မှာ ကိုယ့်ရဲ့ ဘဝရည်မှန်းချက်ကို အ‌ကောင်ထည်‌ဖော်ကြိုးစားပါ” လို့ စကား လက်‌ဆောင်ပါး လိုက်ပါတယ်။