KIC News
သံတောင်ကြီးတွင် ဖာလာ ဝယ်သူရှားပြီး စျေးထိုးကျ၍ တောင်သူများ စားဝတ်နေရေးအခက်တွေ့
စက်တင်ဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောအူး/တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန်ရောက်သော်လည်း ဝယ်ယူသူရှားပါးနေခြင်းနှင့် ယခင်နှစ်ကထက် ဖာလာစျေးနှုန်းများ ထိုးကျသွားခြင်းကြောင့် အရင်းပြန်မရဘဲ စားဝတ်နေရေးအခက်အခဲတွေ့နေကြောင်း ဖာလာစိုက်တောင်သူများက ပြောသည်။
နှစ်စဥ် ဩဂုတ်လမှ အောက်တိုလအတွင်းကာလသည် ဖာလာဆွတ်ခူးရောင်းချ၍ရသည့် ရာသီအချိန်အခါဖြစ်ပြီး သံတောင်ကြီးတွင် ဖာလာများကို တောင်ငူမြို့ရှိပွဲရုံများသို့...
ဧရာဝတီတိုင်းအတွင်း လူငယ်အချို့ စစ်အုပ်စု၏ ပေါ်တာဖမ်းခံရပြီး ငွေကျပ်သိန်းရာချီဖြင့် ပြန်ရွေးယူရ
စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့်သြဂုတ်လမှ စတင်ကာ စစ်အုပ်စုက လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြန်ရွေးယူရန် ငွေကျပ် သိန်း(၁၀၀)အထိ တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
တိုင်းဒေသကြီးစစ်အုပ်စုသည် အသက်...
မြန်မာပတ်စ်ပို့ကိုင်ဆောင်သူ ဘတ်သန်း(၆၀၀)ကျော် အမည်ခံစီးပွားရေးပိုင်ဆိုင်မှုရှိ တရုတ်တရားခံပြေး ထိုင်းနိုင်ငံတွင် ဖမ်းမိ
စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် ဘတ် သန်း ၆၀၀ ကျော် တန်ဖိုးရှိ အမည်ခံ စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားသည့် မြန်မာပတ်စ်ပို့ကိုင်ဆောင်သူ တရုတ်နိုင်ငံသား တရားခံပြေးကို ယနေ့၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ စမွတ်စခွန်၌...
ကေအဲန်ယူ တပ်မဟာ(၅)ထံ စစ်အုပ်စုတပ်ဖွဲ့ဝင်(၁)ဦး ဘက်ပြောင်းခိုလှုံ၊ ဝါးသိုးခို စစ်စခန်းကို တိုက်ခိုက်အပြီး လက်နက်(၃)လက် KNLA သိမ်းမိ
စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်( တပ်မဟာ ၅) ထံ ပြီးခဲ့သည့် စက်တင်ဘာ(၁၃)ရက်နေ့က စစ်အုပ်စုတပ်ဖွဲ့ဝင်(၁)ဦး လက်နက်နှင့်တကွ လာရောက်ခိုလှုံခဲ့ပြီး စက်တင်ဘာ(၁၄)ရက်တွင်လည်း ဝါးသိုးခိုရှိ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ လက်နက်(၃)လက် သိမ်းဆည်းရမိကြောင်း ...
ကရင်လက်နက်ကိုင်(၃)ဖွဲ့ပါ KNPC နှင့် ပြည်နယ်စစ်အုပ်စုတို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံစကားပြောမည်
စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) တို့ပါဝင်သည့် ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ-KNPC တို့ စစ်ဘေးရှောင်အရေးနှင့်ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ပြည်နယ်စစ်အုပ်စုနှင့်တွေ့ဆုံစကားပြောမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ(၇)ရက်နေ့က မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြိုင်တွင် KNPC ဦးဆောင်ကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီတို့ပူးတွဲကျင်းပသည့်...
ကော့ကရိတ်မြို့ပေါ် ရပ်ကွက်နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွား
စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်ချုပ်ရေးယန္တရားပြန်လည်ထူထောင်ထားသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် လူသူနေထိုင်သူမရှိသေးသည့်နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ပြည်နယ်စစ်အုပ်စုသည် ယခု ၂၀၂၆ ခုနှစ်ထဲ ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးဆိုကာ လုပ်ဆောင်ခဲ့ခြင်းရှိသလို အုပ်ချုပ်ရေးရုံးများ၊ ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်လမ်းဆုံလမ်းမများတွင်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များကိုတာဝန်ချ စစ်ဆေးမှုများ...
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မဲဆောက်တွင် အပတ်စဥ် ဆုတောင်းပွဲ စတင်
စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ဖမ်းဆီးအကျဥ်းချခံထားရသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်းပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်မည့် ဆုတောင်းပွဲကို စတင်လိုက်ကြောင်း သိရသည်။
မဲဆောက်မြို့ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ယနေ့၊ စက်တင်ဘာလ...
ပဋိပက္ခအတွင်း တအာင်းဒေသတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု (၃၀) ကျော် ဖြစ်ပွား
စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခ မတည်ငြိမ်မှုများကြားမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း (၃၄) မှုဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO ၏ ယနေ့ စက်တင်ဘာ (၁၅) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ...
DKBA နယ်မြေအတွင်းသို့ ကျားဖြန့်လုပ်ငန်းများ နေရာရွှေ့ပြောင်းမှု ဆက်တိုက်ပြုလုပ်လာ
စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ယခု စက်တင်ဘာလအတွင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA ထိန်းချုပ်နယ်မြေအတွင်းသို့ နေရာရွှေ့ပြောင်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ဖလူး-ဝေါလေ လမ်းပိုင်းရှိ ကဆောဝါးလေးတောင်၊ ကျော်ဝါးဘိုးတောင်နှင့် ရဲကုန်းစခန်း...
မြန်မာ့အနာဂတ်ကို ပြည်သူ့ဆန္ဒဖြင့်သာဆုံးဖြတ်ရမည်ဖြစ်ကြောင်း နိုင်ငံတကာဒီမိုကရေစီနေ့တွင် SCEF တိုက်တွန်း
စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏အနာဂတ်ကို စစ်အင်အား၊ လက်နက်အင်အား၊ ဟန်ပြပွဲများဖြင့်မဟုတ်ဘဲ ပြည်သူ့ဆန္ဒဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ယနေ့၊ စက်တင်ဘာ(၁၅)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF က တိုက်တွန်းသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH က ဦးဆောင်ကျင်းပသည့် နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားသို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင်...














