Home Authors Posts by KIC News

KIC News

22327 POSTS 0 COMMENTS

KNPP အတွင်းရေးမှူးရာထူးနေရာများ အပြောင်းအလဲပြုလုပ်

စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူးအဖွဲ့ရာထူးနေရာများနှင့် လစ်လပ်နေသည့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)တွင် KNPP ၏ ကိုယ်စားပြုနေရာများကို ပြန်လည်ရွေးချယ်ခန့်အပ်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၅ ရက်) တွင် KNPP က...

အကျဉ်းထောင် (၁၃) ခုတွင် မတရား ငွေကြေးကောက်ခံပြီး ဆေးဝါးပေးပို့မှု ကန့်သတ်နေဟု PPNM ထုတ်ပြန်

စက်တင်ဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များမှ ပေးပို့သည့် ငွေကြေးနှင့်ပစ္စည်းများအပေါ် အကျဉ်းထောင်ဝန်ထမ်းများမှ ငွေကြေးကောက်ခံခြင်းနှင့် ဆေးဝါးပေးပို့မှုကို ပိတ်ပင်ကန့်သတ်မှုရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယမန်နေ့...

တော်လှန်ရေးသက်တမ်း (၇၃)နှစ်ရှိ KNLA တပ်မဟာ(၁)၊ တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောကျော်လင်း ကွယ်လွန်

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တော်လှန်ရေးသက်တမ်း (၇၃)နှစ်ရှိသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထူးသထူခရိုင် KNLA တပ်မဟာ(၁)၏ တပ်မဟာမှူးဟောင်းဖြစ်သူ ဗိုလ်မှူးချုပ် စောကျော်လင်းသည် စက်တင်ဘာလ (၉)ရက်နေ့တွင် ကွယ်လွန်သွားပြီဟု ကေအဲန်ယူက ထုတ်ပြန်သည်။ ဗိုလ်မှူးချုပ် စောကျော်လင်းသည် ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ်ရှိပြီဖြစ်ကာ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး...

ထိုင်းနိုင်ငံတွင် နှစ်စဉ် HIV ကူးစက်မှုအသစ်များ၏ ၃ ပုံ ၁ ပုံမှာ လူငယ်များဖြစ်နေ

စက်တင်ဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံတွင် နှစ်စဉ် HIV ရောဂါပိုး ကူးစက်ခံရမှုဖြစ်စဉ်အသစ်များ၏ ၃ ပုံ ၁ ပုံခန့်မှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်များ ဖြစ်နေကြောင်း ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန၏ အချက်အလက်များကို...

မင်းအောင်လှိုင်ကို ဖယ်ရှားပစ်တဲ့နည်းလည်း စဉ်းစားသင့်တယ်

မင်းအောင်လှိုင်ကို ဖယ်ရှားပစ်တဲ့နည်းလည်း စဉ်းစားသင့်တယ် မောင်ကျော်စွာ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်) ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားကုန်သွယ်ရေးကို အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က လှုပ်ကိုင်ဖန်တီးနေတဲ့ ခေတ်ထဲကို ဝင်ရောက်နေပါပြီ။ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ရဲ့ ဘက်စုံယှဉ်ပြိုင်မှုဟာ ပြင်းထန်လှပြီး အဲဒီပြိုင်ပွဲမှာ အမေရိကန်ပြည်ထောင်စုဟာ အဓိကဘက်ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲရဲ့ သက်ရောက်မှုက...

စီမံချက်ဖြင့် အဖမ်းကြမ်း၍ ဖားအံက လိုင်စင်မဲ့ယာဥ်အချို့ အသွားအလာရပ်နား

စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ်စစ်အုပ်စုက လိုင်စင်မဲ့ယာဥ်များကို စစ်ဆေးဖမ်းဆီးမှုများပြားနေပြီး လိုင်စင်မဲ့မော်တော်ယာဥ်သုံးသွားလာသူများ ရပ်နားထားရကြောင်း ဖားအံမြို့တွင်းသတင်းအရင်းအမြစ်မှ သိရသည်။ ဖားအံမြို့ထဲရှိ လူသွားလူလာများသည့်နေရာများတွင် စစ်အုပ်စု ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ရဲတပ်ဖွဲ့များပါ အုပ်စုဖွဲ့ဖမ်းဆီးနေကြခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။...

ဖာပွန်ထိုးစစ်အတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်(၁၀၀)ကျော် သေဆုံးခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင် ထုတ်ပြန်

စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)၊ မူတြော်ခရိုင်၊ ဖာပွန်မြို့သို့ ထိုးစစ်ဆင်လာသည့် သုံးလခွဲကာလအတွင်း စစ်အုပ်စုတပ်ဖွဲ့ဘက်က အရာရှိ(၂)ဦး အပါအဝင် (၁၅၂)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၊ မူတြော်ခရိုင်မှ ယမန်နေ့၊ စက်တင်ဘာ(၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။ နယ်မြေအပြည့်အဝထိန်းချုပ်နိုင်မှုကို ဆုံးရှုံးထားရသည့် ဖာပွန်မြို့နှင့် စစ်ရေးအချက်အချာကျ...

မူးမြို့နယ်တွင် ဒရုန်းဗုံးကြောင့် (၁)နှစ်အရွယ် ကလေးငယ်အပါအဝင် (၆)ဦးသေဆုံး၊ (၈) ဦး ဒဏ်ရာရ

စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မူး/မုန်းမြို့နယ်တွင် စစ်အုပ်စု ဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် စက်တင်ဘာ(၅)ရက်နေ့က အသက်(၁)နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ(၆)ဦးသေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်မှ သိရသည်။ တံခွန်တိုင်ရွာတွင်အထိုင်ချနေသော စစ်အုပ်စုသည် ဘုတ်ဆုတ်ခင်ရွာသို့ ဒရုန်းဗုံး(၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ထိုရွာအတွင်းနေထိုင်သည့်...

မြဝတီမြို့ စစ်အုပ်စုဌာနဆိုင်ရာနေရာတဝိုက် မော်တော်ယာဥ် ဗုံးပေါက်ကွဲမှု(၂)ကြိမ် ဖြစ်ပွား

စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနေရာနှင့် မြေနီကုန်းလမ်းဆုံ ယာဥ်ထိန်းရုံးနေရာတို့တွင် ယနေ့၊ စက်တင်ဘာ(၁၃)ရက်နေ့ မနက်(၁)နာရီဝန်းကျင်က မော်တော်ယာဥ်ဗုံးပေါက်ကွဲမှု (၂) ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြို့နယ်စစ်အုပ်စုနှင့်နီးစပ်ရာသတင်းအရင်းအမြစ်မှ သိရသည်။ စစ်အုပ်စုမှ ဖြတ်သန်းသွားလာခွင့် စစ်ဆေးကန့်သတ်ထားသည့် ဌာနဆိုင်ရာနေရာများအနီးတဝိုက် ရပ်ထားသည့်...

ဘန်ကောက်အပါအဝင် ပြည်နယ်(၂၄)ခုတွင် မိုးကြီးပြီး ရုတ်တရတ်ရေကြီးနိုင်ကြောင်း ထိုင်းမိုးလေဝဿ ဆက်လက် သတိပေး

စက်တင်ဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်အပါအဝင် ပြည်နယ်(၂၄)ခုတွင် စက်တင်ဘာ(၁၃)ရက်နေ့အထိ မိုးကြီးပြီး ရုတ်တရတ်ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း ထိုင်းမိုးလေဝဿဌာန(TMD)၏ ဆက်လက်သတိပေးချက်ကို ထိုင်းသတင်းဌာနများကဖော်ပြသည်။ ရနောင်း၊ ဖူးခက်၊ ဆူရတ်ထာနီ စသဖြင့် ထိုင်းတောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုတိုးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သလို ဘန်ကောက်အပါအဝင် ကန်ချနဘူရီ၊...
Donate