Home Authors Posts by KIC News

KIC News

22327 POSTS 0 COMMENTS

ပေါင်(၅၀၀)ဗုံးကြဲခံရ၍ ဘီးလင်း၊ ကြသောင်းဆိပ်ရွာ စာသင်ကျောင်း(၂)ကျောင်း ထိခိုက်ပျက်စီး

စက်တင်ဘာ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်/ယိုကလား ကျေးရွာအုပ်စုသို့ ယမန်နေ့ စက်တင်ဘာ(၁၉)ရက် ညပိုင်းက စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး(၃)လုံးကြဲချတိုက်ခိုက်ရာ ရွာစာသင်ကျောင်း(၂)ကျောင်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။ ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ အရှေ့ ကြသောင်းဆိပ်ရွာနှင့်အနောက် ကြသောင်းဆိပ်ရွာသို့...

T. Thanbyah College and Institutes (TCI) ၏ ပညာရေး ရံပုံငွေရှာ စျေးရောင်းပွဲတော် ပြုလုပ်ပြီးစီး

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ T. Thanbyah College and Institutes (TCI) ၏ ပညာရေး ရံပုံငွေရှာ စျေးရောင်းပွဲတော် (Friends of TCI Australia) အခမ်းအနားကို ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်၊ ဆစ်ဒနီမြို့ရှိ Doonside...

၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး လုပ်ဆောင်ပေးပါ

၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး လုပ်ဆောင်ပေးပါ မောင်ကျော်စွာ (၂၀ -၉-၂၀၂၆) ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား ခရီးစဉ်မှာ အတုယူ အားကျစရာတွေ မင်းအောင်လှိုင် တွေ့ခဲ့မြင်ခဲ့ရတယ်။ တိုင်း ပြည်တည်ငြိမ်အေးချမ်းသာယာမှု၊ ပြည်သူက အစိုးရအပေါ် အလေးထား ယုံကြည်မှု ဘယ်လောက်အရေးပါတယ် ဆိုတာကို ဗီယက်နမ်နဲ့...

စစ်ဘေးရှောင်(၁၈,၀၀၀)ကျော်အတွက် အခြေခံစားနပ်ရိက္ခာများ KNPC လှူဒါန်းခဲ့

စက်တင်ဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်နယ်မြေ၊ ကော့ကရိတ်နှင့်နဘူးမြို့နယ်တို့မှ စစ်ဘေးရှောင်(၁၈,၇၉၅)ဦးအတွက် ဆန်၊ ဆီ အစရှိသည့် အခြေခံစားနပ်ရိက္ခာများကို ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ-KNPC က ပြီးခဲ့သည့် စက်တင်ဘာ(၁၇)ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထိုင်းဘတ်ငွေ (၅၆) သိန်းကျော် တန်ဖိုးရှိသည့် စားနပ်ရိက္ခာများကို နဘူး၊...

ဘုရားသုံးဆူတွင် လက်နက်ကိုင်လူတစ်စု ပစ်ခတ်မှုကြောင့် DKBA အရာရှိတစ်ဦး သေဆုံး

စက်တင်ဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ပေါ်၊ ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ပြီးခဲ့သည့်စက်တင်ဘာ(၁၅)ရက်နေ့က အမည်မသိလက်နက်ကိုင်လူတစ်စု၏ပစ်ခတ်မှုကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး သေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။ DKBA တပ်နယ် (၂) လက်အောက်ခံ (၉၀၁) တပ်ရင်းမှ ဗိုလ်မှူးအာလူး (ခ)...

မူတြော်တွင် နှစ်ပတ်အတွင်း စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှု (၅၁) ကြိမ် လုပ်ဆောင်ခဲ့

စက်တင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်အုပ်စုက လက်နက်ကြီးနဲ့‌ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း(၅၁) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ကေအန်ယူ မူတြော်ခရိုင်က ယနေ့၊ စက်တင်ဘာ(၁၈)ရက်တွင်...

ဧရာဝတီတိုင်း၊ ညောင်တုန်းကျွန်းတာပြိုကျမှု ထပ်မံဖြစ်ပွား၊ လူနေအိမ်အချို့ ဖျက်လိုက်ရ

စက်တင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ(၁၆)ရက်နေ့က ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ရာ ရေဝင်ပေါက်ကာကွယ်ရန်အတွက် အနီးအနားရှိ လူနေအိမ်အချို့ကို ဖျက်လိုက်ရကြောင်း ဒေသခံများက ပြောသည်။ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာပြိုကျမှုသည် ပြီးခဲ့သည့် ဩဂုတ်လ(၂၅)ရက်နေ့က ပထမအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရက်(၂၀)ဝန်းကျင်ကြာ...

တောင်သူလယ်သမား အခွင့်အရေးအတွက် ဒူးပလာယာခရိုင် တောင်သူလယ်သမားများ သမဂ္ဂ-KAWU ဖွဲ့စည်းပြီး

စက်တင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေ လယ်ယာနှင့် စိုက်ပျိုးရေးဌာန၏ မူဝါဒနှင့်အညီ တောင်သူလယ်သမားများ၏ အခွင့်အရေးကို ကာကွယ်နိုင်ရန်နှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ဒူးပလာယာခရိုင်ရှိ ကျေးရွာ ၆ ရွာတွင် ကော်သူးလေ တောင်သူလယ်သမားများ သမဂ္ဂ (KAWU) ကို အောက်ခြေအဆင့်မှ...

ကော့ကရိတ်စစ်အုပ်စုက နန်းကော်တေးရွာခံ အမျိုးသမီး(၁)ဦးအပါအဝင် လူငယ် (၂) ဦးကို ဖမ်းဆီးပြီး ငွေညှစ်

စက်တင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ (၅၄၇) တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ နန်းကော်တေးရွာခံ အမျိုးသမီး(၁)ဦးအပါအဝင် လူငယ်(၂) ဦးကို နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် စက်တင်ဘာလ (၁၅) ရက်နေ့က ဖမ်းဆီးသွားပြီး ပြန်ရွေးယူရန် ငွေညှစ်နေကြောင်း...

ဘန်ကောက်က ငွေလိမ်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းမှု မြန်မာအပါအဝင် (၁၅)ဦး ဖမ်းမိ

စက်တင်ဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ဘောခရိုင်အတွင်းရှိ ငွေကြေးနှင့်ပတ်သက်ပြီး လိမ်လည်မှုလုပ်ဆောင်နေသည့် ဇိမ်ခံအိမ်ယာတစ်ခုကို ယမန်နေ့ စက်တင်ဘာ(၁၆)ရက်နေ့က ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနှင့် အာဏာပိုင်များ ဝင်ရောက်စီးနင်းမှုတွင် သက်သေခံပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား အပါအဝင် သံသယရှိတရားခံ(၁၅) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ တစ်လလျှင်...
Donate