KIC News
မျက်စိကုသမှုကိစ္စ နယ်လုံဝန်ကြီး အကြောင်းကြားစာအပေါ်နှစ်ဖက် ပြန်လည်ဆွေးနွေးညှိနှိုင်းမည်ဟု ကေအဲန်ယူပြော
နိုဝင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
သံတောင်မြို့သစ်တွင် ဒေါက်တာနေဆဲ ဦးဆောင်ကာ ဒေသခံများအား မျက်စိကုသပေးမှုကိစ္စကို ကရင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ(နယ်လုံ)ဝန်ကြီးဋ္ဌာနရုံးမှ အသိပေး အကြောင်းကြားစာ ပေးပို့မှုနှင့်ပတ်သက်၍ နားလည်မှု မလွှဲမှားစေရန် နှစ်ဦး နှစ်ဘက်က ပြန်လည်ဆွေးနွေးညှိနှိုင်းသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဆက်ဆံရေးရုံးတာဝန်ခံတစ်ဦးက နိုဝင် ဘာလ ၁ရက်နေ့တွင်...
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်မည့် လူငယ်များမွေးထုတ်သည့် သင်တန်း KYO ဖွင့်လှစ်
နိုဝင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထိထိရောက်ရောက် ပါဝင်လာနိုင်မည့် လူငယ်များမွေးထုတ်ရန် ရည်ရွယ်ပြီး ‘လူငယ်ခေါင်းဆောင် လူမှု ဘောင်’ သင်တန်းတိုတစ်ခုကို ကရင်လူငယ်အစည်းအရုံး(KYO)က ဦးဆောင်ကာ ကော့ကရိတ်မြို့နယ်၊ နောင်နိုင်းကျေးရွာ၌ အောက်တိုဘာလ ၂၇ရက်မှ နိုဝင်ဘာလ ၁ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းကို လူငယ်များ...
၆၁နှစ်မြောက် ကရင်ပြည်နယ်ပွဲ KNU နှင့် KWO တို့ ပြခန်းများ ပါဝင်ပြသမည်
နိုဝင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့တွင် နိုဝင်ဘာလ ၇ရက်နေ့မှစတင်ကာ ကျင်းပမည့် ၆၁ကြိမ်မြောက် ကရင်ပြည်နေ့ ပွဲတော်တွင် ကရင် အမျိုးသားအစည်းအရုံး-KNU နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့မှ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အမျိုးသမီးအကြမ်းဖက် ခံရမှုကိစ္စရပ်များနှင့် သက်ဆိုင်သည့် ပြခန်းများ အသီးသီး ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
KNU...
၁၆ကြိမ်မြောက် ကွန်ဂရက်ကျင်းပရေးဆိုင်ရာကိစ္စ ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးတွင် ကေအဲန်ယူ ဆွေးနွေးအတည်ပြုနိုင်
နိုဝင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ၁၅ကြိမ်မြောက် ကွန်ဂရက်အပြီး ၅ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကို ဖားအံခရိုင်၊ လေးဝါး(လော်ခီးလာ)စခန်းတွင် အောက်တိုဘာလ ၃၁ရက်နေ့က စတင်ကျင်းပခဲ့ရာ အစည်းအဝေးတွင် ၁၆ကြိ်မ် မြောက် ကွန်ဂရက်ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးအတည်ပြုနိုင်မည်ဟု ကေအဲန်ယူ သတင်းရပ်ကွက်အရ သိရသည်။
ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်၊...
ပြည်နယ်ပွဲတော် နွှဲပျော်ဂုဏ်ပြု
အယ်ဒီတာ့အာဘော်
ကရင်ပြည်နယ်နေ့ပွဲတော်ကို နိုဝင်ဘာလ ၇ရက်နေ့ ကျရောက်တိုင်း နှစ်စဉ် ဖားအံမြို့တွင် ကျင်းပပြုလုပ်လာခဲ့သည်။ ဆယ်စုနှစ် တစ်ခုမကခဲ့သော ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ခမ်းမဖြစ်သည့် “ဇွဲကပင်ခမ်းမ” သို့မဟုတ် ပြည်နယ်အစိုးရရုံးဝင်းအတွင်း၌ ကျင်းပလေ့ရှိရာ အစီအစဉ်အများစုမှာ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြော ကြားခြင်းများဖြင့်သာ အစပျိုးခဲ့ကြသည်။ ဆက်လက်၍...
ပဲခူးတိုင်း၊ ကရင်ကျေးရွာများ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနေမှုအပေါ် ရေးရာကော်မတီထံ တင်ပြ
အောက်တိုဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများနေထိုင်ရာ ကျေးလက်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေမှု ကို အစိုးရထံ တင်ပြတောင်းဆိုပေးရန် အောက်တိုဘာလ ၂၈ရက်နေ့က ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်း မ၌ ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် အဓိကထား တင်ပြခဲ့သည်ဟု...
ကုန်တင်ကားကြီးများ ဖြတ်သန်းသည့် ဂျိုင်းမြစ် ဘောတံတား ယာယီပြင်ဆင်နေ
အောက်တိုဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ဖားအံ၊ ကော့ကရိတ်၊ မြဝတီလမ်းပေါ်ရှိ pontoon (ဂျိုင်း) တံတားအား ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနက အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ပြင်ဆင်မှုလုပ်ငန်းများ စတင် လုပ်ဆောင်နေသည့်အတွက် ကုန်တင်ယာဉ်များ သွားလာမှုကို အချိန်အကန့်သတ် ဖြင့်သာ သွားလာခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါတံတားပြင်ဆင်မှုမှာ ယခုအကြိမ်...
သံတောင်ကြီးဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆွေးနွေးပွဲ ပြုလုပ်
အောက်တိုဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ဒေသခံ အကောင်အထည်ဖော်သည့် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရှင်းလင်းဆွေးနွေးပွဲတရပ်ကို သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်အမှုဆောင်အဖွဲ့၊ Peace Nexus Foundation (PNF) နှင့် Hanns...
ကြွက်ဖျက်ဆီးမှုကြောင့် မြို့နယ် ၃ခုမှ တောင်ယာစပါးခင်း သုံးပုံတစ်ပုံ ပျက်စီးဆုံးရှုံး
အောက်တိုဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ဒေသ၊ ဖာပွန်ခရိုင်အတွင်းရှိ လူသော၊ ဒွယ်လိုး၊ ဘူးသိုမြို့နယ်များတွင် တောင် ယာစပါးများကို စတင်စိုက်ပျိုးသည့် ပြီးခဲ့သည့်ဇွန်လမှစတင်ကာ တောင်ယာစပါးခင်းများတွင် ကြွက်များ၏ ဖျက်ဆီးမှုဒဏ်ခံလာ ခဲ့ရပြီး အချို့သော တောင်ယာနှင့် စပါးခင်းများမှာ သုံးပုံတစ်ပုံခန့် ပျက်စီးဆုံးရှုံးနေကြောင်း KNU ဖာပွန်ခရိုင်...
ကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကရင်ပြည်နယ်ကို ပြည်နယ်တစ်ခုအဖြစ်သို့ ဖွဲ့စည်းထူထောင်သည့် သမိုင်းဖြစ်စဉ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်/တိုင်းများ ဖွဲ့စည်းထူထောင်ရာတွင် ကရင်လူမျိုးများ နေထိုင်သောဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ပါလီမန်တွင် ထည့်သွင်းစဉ်းစားလာကြသည်။ ၁၉၅၁ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ချက် (၁၉၅၁ခုနှစ်၊ အက်ဥပဒေ ၆၂)အရ သံလွင်ခရိုင်၊...














