Home ထိပ်တန်းသတင်း ကန့်ကွက်မှုများရှိ‌သော်လည်း ‌ကျောက်မီး‌သွေးစက်ရုံ စီမံကိန်း ဆက်လုပ်မည်ဟု ဝန်ကြီးချုပ်‌ပြော

ကန့်ကွက်မှုများရှိ‌သော်လည်း ‌ကျောက်မီး‌သွေးစက်ရုံ စီမံကိန်း ဆက်လုပ်မည်ဟု ဝန်ကြီးချုပ်‌ပြော

3113

ဇွန် ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နယ် ဝတ်ကြီးရွာအနီးတွင် အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန်ရှိသည့် ‌ကျောက်မီး ‌သွေးသုံး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး ကန့်ကွက်မှုများရှိ‌သော်လည်း ဖြစ်‌မြောက် ‌အောင်ကြိုးစား လုပ်‌ဆောင်သွား မည်ဖြစ်‌ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ဇွန်လ ၂၁ ရက်‌နေ့တွင် ‌ပြောဆိုလိုက်သည်။

၎င်းက“ ကျမတို့ပြည်နယ်အတွက် လိုအပ်တယ်။ တကယ်ကို လိုအပ်‌နေလို့ ကျမတို့‌ဆောင်ရွက်‌နေတာဖြစ် တယ်။ ဒီလုပ်ငန်းကို ကျမဦး‌ဆောင်ပြီး ကြိုးစား‌ဆောင်ရွက်‌ပေးခဲ့တယ်။ အ‌နှောင့်အယှက်‌တွေရှိ‌ပေမယ့် တစ် ချိန်ကျရင် လူထုက ကျမတို့လုပ်ရပ်ကို ပြန်ပြီး ‌ကျေးဇူးတင်မယ်လို့ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်း လည်း ဖြစ်‌အောင်ကြိုးစားသွားမယ်”ဟု ‌ပြောသည်။

ဖားအံမြို့ ၊ ဇွဲကပင်ခန်းမတွင် ပြုလုပ်သည့် TTCL ကုမ္ပဏီ၏ ‌ကျောက်မီး‌သွေး‌လောင်စာသုံးဓာတ်အား ‌ပေးစက် ရုံစီမံကိန်းအတွက် ပတ်ဝန်းကျင်သက်‌ရောက်မှုဆိုင်ရာ (EIA) ဆန်းစစ်‌လေ့လာခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ကုမ္ပဏီနှင့် ‌ဒေသခံများ မြို့နယ်အဆင့် ပထမအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ထိုသို့ ပြာဆိုသွားခြင်းဖြစ်သည်။

ထို့အပြင် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် လျှပ်စစ်မီး ရရှိ‌ရေးလုပ်‌ဆောင်သည့် ‌ကျောက်မီး‌သွေး စက်ရုံမှ ဆိုးကျိုးများဖြစ်‌ပေါ်လာပါက ပြည်သူက‌ပေးသည့် အပြစ်ဒဏ်ကို ခံယူရန် အသင့်ရှိ‌ကြောင်း ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ဆက်လက်‌ပြောဆိုသည်။

ယမန်‌နေ့က ပြုလုပ်သည့် ‌ဒေသခံများနှင့် ‌တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် ၊ ဘဏ္ဍာ‌ရေး စီမံကိန်း နှင့် စည်ပင်သာယာ‌ရေးဝန်ကြီး ဦးသန်းနိုင်၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဦးစိုးလှိုင်အပြင် ကုမ္ပဏီဖက်မှ တာဝန်ရှိသူများ၊ စီမံကိန်းအနီးဝန်းကျင်ရှိရွာများမှ ‌ဒေသခံများအပါအဝင် လူဦး‌ရေ စုစု‌ပေါင်း ၄၆၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယင်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် TTCL ကုမ္ပဏီတာဝန်ရှိသူများမှ စီမံကိန်းလုပ်ငန်း‌ဖော်‌ဆောင်မှု အဆင့်ဆင့်အ‌ခြေအ‌နေများ၊ ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်း သိမ်း‌ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာပြဌာန်းထားသည့် ဥပ‌ဒေများ နှင့်ပတ်သက်၍ ရှင်းလင်း ‌ပြောဆိုခြင်းအပြင် ‌ဒေသခံများဘက်မှ သိရှိလိုသည်များအား ‌မေးမြန်း‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့ကြ သည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်လာသည့် ဖားအံမြို့နယ် ‌ရေ‌ကျော်‌လေး‌ကျေးရွာမှ ရွာသားတစ်ဦးက“ ‌ကောင်းတယ်လို့ ပဲ ‌ပြောရမှာ‌ပေါ့။ ‌နောက်ပြီး ဒီမှာစက်ရုံလာတည်ရင် ‌ဒေသခံ‌တွေလည်း အလုပ်ရမယ်။ တစ်အိမ်‌ကောင်းဖို့ တစ် ‌ယောက်စွန့်ရ တယ်။ တစ်ရွာ‌ကောင်းဖို့ တစ်အိမ်‌တော့ စွန့်ရမှာပဲဖြစ်တယ်။ ဘယ်ဟာမဆို ‌ကောင်းဖို့အတွက် လုပ်ရင် အထိအခိုက်အနာ အဆာ‌လေး‌တွေ‌တော့ရှိတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Public Company Limited (TTCL) ကုမ္ပဏီမှ အဆိုပါ ‌ကျောက်မီး‌သွေးသုံး လျှပ်စစ်ဓာတ်အား‌ပေး စက်ရုံစီမံ ကိန်း အကြိုစမ်း သပ်စစ်‌ဆေးခြင်းလုပ်ငန်းများအတွက် ကရင်ပြည်နယ်အစိုးရနှင့် ပြီးခဲ့သည့် ဧပြီလအတွင်းက နားလည်မှု စာချွန်လွှာ ‌ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရနှင့်နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရသည်။

မဂ္ဂါဝပ် ၁၂၈ဝ အထိ ထုတ်လုပ်မည့် အဆိုပါ လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်း‌အောင် သန့်စင်မည့်နည်းပညာ Ultra Super Critical (USC) နည်းပညာဖြင့် ပြုလုပ်သွားမည်ဟု ကုမ္ပဏီဘက်မှ အာမခံ‌ပြော ဆိုထားပြီး ယင်းစက်ရုံကို ဖားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့ နယ်များအတွင်းရှိ သံလွင်မြစ်၊ ဝတ်ကြီး၊ ထုံး‌တောင်၊ သုံးအိမ်စသည့် ‌ကျေးရွာများအနီး ‌မြေဧက တစ်‌ထောင်နီးပါးအကျယ်အဝန်းတွင် အ‌ကောင်အထည်‌ဖော်ရန် လျာထားခြင်းဖြစ်သည်။

အ‌ကောင်အထည်‌ဖော်ရန် လျာထားသည့် ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး ‌မြေယာနှင့် ပတ်သက်သည့် အ‌ခြေအ‌နေများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်လာနိုင်သည့်အ‌ခြေအ‌နေများ၊ ဖွံ့ဖြိုး‌ရေးကိစ္စများ၊ ဓာတ်အားခွဲ ‌ဝေ‌ပေး‌ရေးအ‌ခြေအ‌နေများကို အချို့‌သော ‌ဒေသခံများဘက်မှ စိုးရိမ်ပူပန်‌နေမှုများလည်း ရှိ‌နေ‌ကြောင်း သိရသည်။

ပြည်နယ်ဘဏ္ဍာ‌ရေး စီမံကိန်းနှင့် စည်ပင်သာယာ‌ရေးဝန်ကြီး ဦးသန်းနိုင်က“ဒါဟာ ကျ‌နော့်ဇာတိ‌မြေပါ။ က‌နေ့ လုပ်‌နေတာဟာ ရှင်းလင်းပွဲအစပဲရှိပါ‌သေးတယ်။ လုပ်ငန်းစဉ်အဆင့်‌တွေအများကြီးကျန်ပါ‌သေးတယ်။ တကယ် လို့ ဒီလို လုပ်လိုက်လို့ တစ်ရွာလုံး‌ပြောင်းရမယ်ဆိုတာမျိုးကို ကျ‌နော်တို့လည်း လက်မခံပါဘူး။ ပတ်ဝန်းကျင်ကို ထိခိုက်သမျှ အနည်းဆုံးဖြစ်မယ့် ပုံစံမျိုးကိုပဲ ကျ‌နော်တို့အစိုးရအဖွဲ့က ‌ရွေးချယ်မှာဖြစ်ပါတယ်” ဟု ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌ပြောဆို သည်။

ထို့အတူ ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ‌ကျော်နှင့် တစ်နိုင်ငံလုံးရှိ လူမှုအဖွဲ့အစည်း ‌ပေါင်း ၁၁၄ ဖွဲ့ တို့မှ စီမံကိန်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု၊ နည်းပညာ၊ လူမှုအဖွဲ့အစည်းများပါဝင်မှု၊ သဘာဝပတ်ဝန်း ကျင်နှင့် လူမှုဘဝလုံခြုံမှု၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ် ‌ထောက်ပြ‌ပြောဆိုထားပြီး ယခုအ‌ကောင်အထည်‌ဖော်မည့် ‌ကျောက်မီး ‌သွေးဓာတ်အား ‌ပေးစက်ရုံစီမံကိန်းကို ကန့်ကွက်‌ကြောင်း ဇွန်လ ၂၁ ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ထားသည်။

ဖားအံမြို့အ‌ခြေစိုက် RISE မှ တာဝန်ခံတစ်ဦးဖြစ်သူ နန်းမြင့်‌အောင်က “အခု EIA ကိစ္စ‌တွေ စတင်လုပ်‌နေပြီဆို‌တော့ ကျမ တို့လူထုကိုလည်း အသိပညာ‌တွေ‌ပေးဖို့ စတင်လုပ်သင့်‌နေပါပြီ။ တကယ်လို့ ကျမတို့ ပါဝင်ပူး‌ပေါင်းနိုင်မယ်ဆိုရင်‌တော့ ရလာတဲ့ အ‌ဖြေရလဒ်‌ပေါ်မှာ ကျမတို့ ဆုံးဖြတ်မယ်။ ‌ကောင်းတယ်ဆိုလုပ်မယ်၊ မ‌ကောင်းဘူးဆိုရင် ကျမတို့ လုံးဝငြင်း ပယ်ရမှာပဲဖြစ်တယ်” ဟု ‌တွေ့ ဆုံ‌ဆွေး‌နွေးပွဲအပြီး သတင်း‌ထောက်များ၏ ‌မေးမြန်းမှုကို ‌ဖြေကြားခဲ့သည်။

ယခုအ‌ကောင်အထည်‌ဖော်မည့် ‌ကျောက်မီး‌သွေးဓာတ်အား‌ပေးစက်ရုံစီမံကိန်းအတွက် ESIA ဆန်းစစ်ပြီးစီးမည့် အချိန်ကို ၂၀၁၇ ‌နောက်ဆုံးထားကာ စတင်‌ဆောက်လုပ်မည့်အချိန်ကို ၂၀၁၈ ခုနှစ် ပထမ ၄လအတွင်းနှင့် စတင် လည်ပတ်မည်အချိန်ကို လာမည့် ၂၀၂၂ ခုနှစ်အတွင်း လျာထားပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ‌ရောင်းချကာ မြန်မာ့ဓာတ်အားလိုင်း‌ပေါ်သို့ ချိတ်ဆက်မည်ဖြစ်‌ကြောင်း TTCL ကုမ္ပဏီ မှ‌ပြောဆိုထားသည်။