Home သတင်း ကရင်နှင့် အစိုးရ ကျန်းမာ‌ရေးဌာနတို့ပူး‌ပေါင်းပြီး မြိုင်ကြီးငူ စစ်‌ရှောင်က‌လေးများကို ကာကွယ်‌ဆေးထိုး‌ပေး

ကရင်နှင့် အစိုးရ ကျန်းမာ‌ရေးဌာနတို့ပူး‌ပေါင်းပြီး မြိုင်ကြီးငူ စစ်‌ရှောင်က‌လေးများကို ကာကွယ်‌ဆေးထိုး‌ပေး

2305

ဇူလိုင် ၆ ရက်၊၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW)နှင့် ပြည်နယ်အစိုးရ ကျန်းမာ‌ရေး ဌာနတို့ပူး‌ပေါင်း၍ ဇူလိုင်လ ၄ ရက်မှ ၆ ရက်‌နေ့အထိ ကရင်ပြည်နယ် လှှိုင်းဘွဲမြို့နယ် ၊ မြိုင်ကြီးငူစစ်‌ပြေး‌ရှောင်စခန်းအတွင်းရှိ က‌လေးငယ် ၂၀ဝ ဦး‌ကျော်ကို သွား‌ရောက်ကာကွယ်‌ဆေးထိုး‌ပေးခဲ့‌ကြောင်း ပြည်နယ်ကျန်းမာ‌ရေးဌာနက ‌ပြောသည်။

အဆိုပါ အစီအစဉ်တွင် မြိုင်ကြီးငူစစ်‌ပြေး‌ရှောင်စခန်းမှ အသက် ၅ နှစ် ‌အောက် က‌လေးငယ်များကို တီဘီ၊ ‌မေး ခိုင်၊ ဝက်သက်၊ ဆုံစို့ ၊ ကြက်ညာ၊ အသဲ‌ရောင်အသားဝါဘီ၊ ပြင်းထန် အဆုတ်‌ရောင် ‌ရောဂါ၊ ဂျိုက်သိုးနှင့် ပိုလီယိုစသည့် ‌ရောဂါများ ကာကွယ်ရန်အတွက် ကြိုတင်ကာကွယ်‌ဆေးထိုး‌ပေးခြင်း ဖြစ်သည်။

ထိုသို့ လုပ်‌ဆောင်ရခြင်းမှာ မြိုင်ကြီးငူစခန်းမှ စစ်‌ပြေး‌ရှောင်များအ‌နေဖြင့် KNU ထိန်းချုပ် နယ်‌မြေထဲမှ ‌ဒေသခံ ရွာသားများ ဖြစ်သည့်အတွက် KDHWနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ပြည်နယ်တိုးချဲ့ ကာကွယ်‌ဆေး ထိုးလုပ်ငန်း လက်‌ထောက်ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာ‌ဒေါ်နိုင်နိုင်ထွန်းက ‌ကေအိုင်စီသို့ ဇူလိုင် ၆ ရက်‌နေ့တွင် ‌ပြောသည်။

သူမက “ ဒီမှာ ‌ရောက်တဲ့က‌လေး‌တွေက ကျမတို့ ကာကွယ်‌ဆေးဝင်ထိုးလို့ မရတဲ့ ‌ဒေသက သူ‌တွေဖြစ်တယ်။ သူတို့‌တွေက ကာကွယ်‌ဆေးကိုတစ်ခါမှ မမြင်မထိုးဖူးဘူးတဲ့ က‌လေး‌တွေပါတယ်။ တချို့က ‌ကြောက်လို့ ထွက် ‌ပြေးတဲ့ လူ‌တွေ ရှိတယ်။ ကာကွယ်‌ဆေးရဲ့တန်ဖိုးနားမလည်တာလည်း ပါတယ်။ ကျမတို့က ကာကွယ်လို့ရတဲ့ ‌ရောဂါ‌တွေကို ကျန်းမာ‌ရေးဌာနမှဦးစီးပြီး လာ‌ရောက်ထိုး‌ပေးတယ်။ ဒီနှစ်က ပူး‌ပေါင်းပြီး KDHW၊ INGO အဖွဲ့ ‌တွေ ပါလာတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် ကျန်းမာ‌ရေးအဖွဲ့နှင့် KDHW တို့ ပူး‌ပေါင်းလုပ်‌ဆောင်သည့် ကာကွယ်‌ဆေးထိုးလုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ကာ ကရင်ပြည်နယ် ဖားအံ၊ လှှိုင်းဘွဲနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း ရှိ ‌ကျေးရွာ ၉၃ ရွာမှ ၅ နှစ်‌အောက်က‌လေးများကို ကာကွယ်‌ဆေးသွား‌ရောက်ထိုး‌ပေးနိုင်ခဲ့ပြီး ကျန်ရှိ သည့် မြို့နယ်များတွင် ဆက်လည်ထိုး‌ပေးရန် အစီအစဉ်ရှိသည်ဟု ကျန်းမာ‌ရေးဌာန တာဝန်ရှိသူများထံမှ သိရ သည်။

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးလက်‌အောက်ခံ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန(KDHW) အ‌နေဖြင့် လက်ရှိအ‌ခြေအ‌နေများအရ ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ် နယ်‌နေ‌မြေအချို့တွင်သာ ကာကွယ်‌ဆေးထိုး လုပ်ငန်းများ လုပ်ကိုင်နိုင်‌သေး‌ကြောင်း ဌာနတာဝန်ရှိသူများက ‌ပြောသည်။

KDHW ကျန်းမာ‌ရေးညှိနှှိုင်း‌ရေးမှူး ‌ဒေါက်တာထက်ကိုကိုလင်းက “ကျ‌နော်တို့အ‌နေနဲ့ အစိုးရ လွှမ်းခြုံမှု မရနိုင်တဲ့ ‌ဒေသ‌တွေမှာ တာဝန်ယူထိုး‌ပေးတာ‌ပေါ့‌နော်၊ မယ်သ‌ဝေါဘက်ရွာ‌တွေလည်း စစ်‌ကြောင့် ဒီဘက်ကို‌ရောက်‌တော့ အစိုးရ ကျန်းမာ‌ရေးဌာနဲ့အတူ ကာကွယ်‌ဆေးထိုးတဲ့အစီအစဉ်ကို ပြန်လာ‌ဆောင်ရွက်တာ ဖြစ်တယ်။ ထိန်းချုပ်နယ်‌မြေက က‌လေးအားလုံး ကာကွယ်‌ဆေးထိုးလုပ်ငန်း ‌ရောက်ရှိ‌အောင် အစိုးရကျန်းမာ‌ရေးဌာနတို့နဲ့ စတင် ပူး‌ပေါင်း ‌ဆောင်ရွက်‌နေဆဲဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်‌နေ‌မြေအချို့သာ ကာကွယ်‌ဆေးထိုးလုပ်ငန်းများ စတင် နိုင်သလို အခြား မွန်ပြည်နယ်၊ တနသင်္ာရီနှင့် ပဲခူးတိုင်း‌ဒေသကြီးရှိ KNU ထိန်းချုပ်နယ်‌မြေများတွင်လည်း ကာကွယ်‌ဆေးထိုးလုပ်ငန်း ‌ရောက်ရှိရန် ဆိုင်ရာတိုင်း‌ဒေသကြီးရှိ ကျန်းမာ‌ရေးဌာနများနှင့်ပူး‌ပေါင်းပြီးလာမည့် ၂၀၁၈ ခုနှစ်အတွင်း လုပ်ကိုင်‌ဆောင်ရွက်သွားရန်ရှိ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

KNU နှင့် အစိုးရ တပ်မ‌တော်တို့ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးပြီးသည့် ‌နောက်ပိုင်းတွင် KDHW အ‌နေ ဖြင့် ကျန်းမာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းများဖြစ်သည့် ကာကွယ်‌ဆေးထိုးလုပ်ငန်းအပြင် တီဘီ‌ရောဂါ၊ ငှက်ဖျား တိုက်ဖျက်‌ရေးစသည့် လုပ်ငန်းစဉ်များလည်း အစိုးရ ကျန်းမာ‌ရေးဌာနတို့နှင့် ပူး‌ပေါင်း‌ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။