KIC News
မြန်မာ့မယ်ကမ္ဘာ ကရင်တိုင်းရင်းသူလေး နန်းခိုင်ရွှေဝါဝင်းနှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခြင်း
ကိုယ်ရေးအကျဉ်း
နန်းခိုင်ရွှေဝါဝင်း (ခေါ်) စေးစေး၊ အသက်က (၁၈)နှစ်။
မိခင်မှာ ပိုင်ကျုံမြို့နယ်၊ တကော်ကျေးရွာသူ၊ ဖခင်မှာ တခါ့လုံရွာသားဖြစ်ပြီး မွေးချင်းနှစ်ဦးအနက် အငယ်ဖြစ်သည်။
ရွှေဂွန်းမြို့တွင် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ဖားအံမြို့ရှိ ဖားအံတက္ကသိုလ်တွင် ရူပဗေဒမေဂျာဖြင့် ဒုတိယနှစ် တက် ရောက်သင်ယူနေသည်။ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ၌ မြန်မာနိုင်ငံရှိ Miss...
လူငယ့်အသံ၊ လူငယ့်အမြင်
ကျောင်းဆက်တက်မည့် ကရင်လူငယ်ကျောင်းအုပ်တစ်ဦး၏ အစ္ဈတ္တကို တူးဆွကြည့်ရာဝယ်.......... ။
ကံ့ကော်ပညာရေးစင်တာမှ ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်နေသော ကော့ကရိတ်မြို့နယ်၊ ခနိမ်းဖေါ်ရွာသားဖြစ်သူ စောခိုင် သက်ထွန်းနှင့် စကားစမြည် ပြောဖြစ်ရာတွင် မျိုးဆက်သစ် ကရင်လူငယ်များ၏ အနာဂတ်ကို ပညာအလင်း ထွန်းညှိဆောင် ကြဉ်းပေးချင်သည့် သူ့အာသီသ၊ သူ့ဆန္ဒနှင့် ပေးဆပ်လိုသော အတွင်းစိတ် သဘောထားကို...
KNU ငါးဖမ်းနှင့် မွေးမြူရေးဋ္ဌာန၏ မွေးမြူရေးစခန်းတွင် မျိုးစိတ်ပေါင်း ၉မျိုးမွေးမြူထား
နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမအနီးရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ငါးဖမ်းနှင့် မွေးမြူရေး ဋ္ဌာန(ဗဟို)မှ ဖွင့်လှစ်ထားသည့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုကျေးရွာ အခြေပြုမွေးမြူရေးစခန်း၌ သား၊ ငါး မျိုးစိတ်ပေါင်း (၉)မျိုးခန့်ကို မွေးမြူထားကြောင်း သိရသည်။
ဒေသခံပြည်သူများအား မွေးမြူရေးလုပ်ငန်းများနှင့် မိသားစုစားဝတ်နေရေးအတွက်...
စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်ရန် လူငယ်များ စွန့်ဦးတီထွင်မှုပြိုင်ပွဲ ပြုလုပ်
နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်အတွင်းရှိ လူငယ်များ၏ စိတ်ကူးဖြင့် စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်ရန် လူငယ်များ စွန့်ဦးတီထွင်မှု ပြိုင် ပွဲအစီအစဉ်တစ်ခုကို ကရင်ပြည်နယ်ရှိ စွန့်ဦးတီထွင်မှု လူငယ်အဖွဲ့မှ ဦးစီး၍ နိုဝင်ဘာလ ၁၉ရက်(ယမန်နေ့)က ဖားအံမြို့၊ ကန် သာဦးခန်းမဆောင်၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန်နှင့်...
တိုင်းရင်းသားလူငယ်ကျောင်းသားများနှင့် ပိုမိုချိတ်ဆက် လုပ်ဆောင်သွားမည်ဟု SYCB ဆုံးဖြတ်
နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
တိုင်းရင်းသားလူငယ်အဖွဲ့ (၁၁)ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)အနေဖြင့် တိုင်းရင်းသားလူငယ်ကျောင်းသားများနှင့် ပိုမိုချိတ်ဆက်လုပ်ဆောင်သွားရန် နိုဝင်ဘာ ၁၇ရက်မှ ၁၉ရက်နေ့အထိ ကရင်ပြည် နယ်၊ ကော့ကရိတ်မြို့နယ်တစ်နေရာ၌ ပြုလုပ်သည့် ၎င်းတို့၏ (၉)ကြိမ်မြောက်ညီလာခံ၌ ဆုံးဖြတ်ခဲ့သည်။
SYCB ၏ အထွေထွေအတွင်းရေးမှူး စောဂျက်ပစီက “တိုင်းရင်းသားလူငယ်ကျောင်းသားတွေ သူတို့နဲ့...
ရာဘာစေးခြစ်အလုပ်သမား ရှားပါးမှုကြောင့် ကြာအင်းဆိပ်ကြီးရှိ ရာဘာခြံအများစု လုပ်ငန်းမလည်ပတ်နိုင်
နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ စောမြတ်ဦးသာ
ယခုနှစ်တွင် ကမ္ဘာ့ရာဘာဈေးနှုန်း ပြန်မြင့်တက်လာသည့်အတွက် ပြည်တွင်းရာဘာဈေးနှုန်း ပြန်လည်ကောင်းမွန်လာခဲ့သော် လည်း ရာဘာအစေးခြစ် အလုပ်သမားများ မရှိသောကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်တခွင်ရှိ ရာဘာခြံအများစုမှာ အစေးခြစ် လုပ်ငန်းကို မလည်ပတ်နိုင်ဘဲ ယခုအချိန်ထိ ပိတ်ထားရဆဲဖြစ်သည်ဟု ရာဘာခြံရှင်များထံမှ သိရသည်။
ယခုလ နိုဝင်ဘာလလယ်အထိ ပြည်တွင်း ရာဈေးနှုန်း...
နေရပ်ပြန် ဒုက္ခသည်မိသားစုဝင် (၂)စုသာ လေးကေကော်မြို့တွင် အခြေချနေထိုင်
နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး ဒုက္ခသည်စခန်းမှ ဒုက္ခသည်မိသားစု ၁၉စုအနက် ကရင်ပြည်နယ်အတွင်းရှိ မိသားစု ၂စု သာမြဝတီမြို့ တောင်ဘက် ၉မိုင်ခန့်အကွာတွင်ရှိသည့် လေးကေကော်မြို့သစ်တွင် အခြေချ နေထိုင်လျှက်ရှိကြောင်း သိရ သည်။
အဆိုပါ...
မြစ်ကျိုးစာသင်ကျောင်းသစ် ခိုင်ခံ့မှု ရှိမရှိ ကေအဲန်ယူ နှင့် အစိုးရ ပညာရေး တာဝန်ရှိသူ ပူးတွဲစစ်ဆေး
နိုဝင်ဘာ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
တည်ဆောက်ပြီးစီးပြီဖြစ်သော်လည်း ခိုင်ခံ့မှုမရှိဟု ဝေဖန်ခံရသော မွန်ပြည် နယ်၊ ဘီးလင်းမြို့နယ် လေးကေ ကျေးရွာအုပ်စုရှိ မြစ်ကျိုး(ပယာရော) ကျေး ရွာမူလတန်းစာသင်ကျောင်းဆောင်သစ် တစ်ဆောင်ကို ကရင်အမျိုး သားအ စည်းအရုံး(ကေအဲန်ယူ) သထုံခရိုင် ပညာရေးဌာန အတွင်း ရေးမှူး...
အသိမ်းခံ မြေများ ပြန်ရရေးအတွက် ပြည်နယ်အစိုးရ လစဉ်ဆောင်ရွက်နေဟု ထွေအုပ်ပြော
နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်း အသိမ်းခံထားရသည့် လယ်၊ ယာ၊ မြေများ မူလပိုင်ရှင်များ ပြန်လည်ရရှိရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် လစဉ် ဆောင်ရွက်ပေးနေပြီးဖြစ်သည်ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန၊ ဖားအံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖားအံမြို့နယ်၊ ...
“ကျောင်းပြီးတဲ့အခါ အခြား ပညာရေးအဆင့်အတန်းမြင့်တဲ့ ကျောင်းတွေကို တက်ခွင့်ရအောင် လုပ်ဆောင်သွားပေးစေချင်တယ်။”
ကော်သူးလေ အဆင့်မြင့်ပညာရေး ဒူးသထူ့(သထုံ) ဆယ်တန်းလွန်ကျောင်းအုပ် စောမြင့်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေ အဆင့်မြင့်ပညာရေး ဒူးသထူ့ ဆယ်တန်းလွန်ကျောင်းကို အဂင်္လိပ်ဘာသာဖြင့် Kaw Thoo Lei Higher Education Doo Tha Htu Post-Ten ဖြစ်သည်။...














