Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

4151

“ခြင်းက ဝါသနာအကြီးဆုံးပဲ။ အိပ်မက်လည်းဖြစ်တယ်။ ရူးသွပ်တယ်‌ပေါ့ဗျာ။”

Professional ပိုက်‌ကျော်ခြင်းကစားသမား ဖြစ်‌အောင်လုပ်မယ်လို့ အ‌ပြောနဲ့အလုပ်ညီ‌အောင် လုပ်ပြ‌နေတဲ့ လူငယ်တ‌ယောက်နဲ့ မိတ်ဆက်‌ပေးပါရ‌စေ။ သူက‌တော့ လက်ရှိ နယူးဇီလန်နိုင်ငံမှာ‌နေပြီး နယူးဇီလန် လက်‌ရွေးစင် ပိုက်‌ကျော်ခြင်းအသင်းဖြစ်‌အောင် ကြိုးစားလုပ်‌ဆောင်‌နေတဲ့ အသက် ၂၃နှစ်အရွယ် ‌စောအဲမျိုးဦးပဲ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ‌မောကဲဆိုတဲ့ ရွာက‌လေးမှာ ၁၉၉၄ခုနှစ်က ‌မွေးဖွားခဲ့တဲ့ ‌စောအဲ့ရဲ့ ဘဝ‌ကောက်‌ကြောင်းကို နည်းနည်း ကြည့်လိုက်ရ‌အောင်။ လွန်ခဲ့တဲ့ နှစ်‌ပေါင်း ၄ဝခန့်က ဖားအြံမို့နယ်ဇာတိ အ‌ဖေနဲ့ မြဝတီမြို့နယ်ဇာတိ အ‌မေတို့ဟာ ‌ဝေါ‌လေမှာ အလုပ်လုပ်ရင်းနဲ့ ဖူးစာဆုံခဲ့ကြတာပါ။ မြဝတီမြို့နယ်၊ ‌ဝေါ‌လေမှာ တိုက်ပွဲဖြစ်‌တော့ စစ်‌ဘေး‌ရှောင်တဲ့အ‌နေနဲ့ ‌မောကဲရွာကို ‌ပြောင်းရပါတယ်။

‌မောကဲမှာလည်း တိုက်ပွဲ ခဏခဏ ဖြစ်ပြန်‌တော့ ‌စောအဲကို ‌မွေးပြီး ၅နှစ်အကြာမှာ စစ်‌ပြေးဒုက္ခသည်အဖြစ်နဲ့ အုန်းဖျန်ဒုက္ခ သည်စခန်းကို တစ်မိသားစုလုံး ‌ပြောင်း‌ရွှေ့‌နေထိုင်ခဲ့ရပါ‌တော့တယ်။ ‌မွေးချင်း‌မောင်နှမ ၉‌ယောက်အထိ ရှိတဲ့အထဲမှာ‌တော့ ‌စောအဲက ၆‌ယောက်‌မြောက်‌ပေါ့။ သူ ‌ခြောက်နှစ်သားအရွယ်‌ရောက်‌တော့ အုန်းဖျန်ဒုက္ခသည်စခန်းမှာဖွင့်လှစ်ထားတဲ့ ကရင် ပညာ‌ရေးဌာန-KED အသိအမှတ်ပြု‌ကျောင်းကို စတက်ခဲ့ပြီး Post Ten ကို ၂၀၁၂ခုနှစ်မှာ ‌အောင်မြင်ခဲ့ပါတယ်။

“ကျ‌နော့်ဘဝမှာ အခက်ခဲဆုံးကာလက အလယ်တန်း‌ကျောင်းသားဘဝတုန်းကပါ။ ‌မောင်နှမ‌တွေကများ၊ မိဘလည်း အလုပ်အ ဆင်မ‌ပြေတဲ့ကာလဆို‌တော့ ‌တော်‌တော် ဒုက္ခ‌ရောက်ခဲ့ပါတယ်။”လို့ သူ‌ပြောပါတယ်။ ၂၀၁၂ခုနှစ်က‌နေ ၂၀၁၄ခုနှစ်အထိ ‌ကော် လားဂျူနီယာ‌ကောလိပ်-Kaw Lar Junior College(KLJC) ကို တက်ခဲ့‌ပေမယ့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး-UNHCR ရဲ့ အစီအစဉ်နဲ့ နယူးဇီလန်နိုင်ငံကို ‌ပြောင်း‌ရွှေ့‌နေထိုင်ရမယ်ဆို‌တော့ ‌ကောလိပ်တက်တာ နားလိုက်ပါတယ်။

၂၀၁၆ ဇူလိုင်လမှာ နယူးဇီလန်နိုင်ငံကို တစ်မိသားစုလုံးနီးပါး ‌ပြောင်း‌ရွှေ့ခိုလှုံ‌နေထိုင်ခဲ့တာ အခုဆို တနှစ်ရှိပါပြီ။ နယူးဇီလန်မှာ ‌ဆောက်လုပ်‌ရေး လက်သမားပညာနဲ့ အလုပ်လုပ်‌နေတဲ့ ‌စောအဲရဲ့ အိပ်မက်က‌တော့ ပိုက်‌ကျော်ခြင်း ကစားသမားဖြစ်ဖို့ပါ။

“ခြင်းက ဝါသနာအကြီးဆုံးပဲ။ အိပ်မက်လည်းဖြစ်တယ်။ ရူးသွပ်တယ်‌ပေါ့ဗျာ။ စခန်းမှာ‌နေတုန်းကတည်းက ‌လေ့ကျင့်ခဲ့တယ်။ ၂၀၁၁က‌နေ ၂၀၁၇ခုနှစ်အထိဆိုရင် ပြိုင်ပွဲအဖြစ် ၂၀‌ကျော်အထိ ပြိုင်ခဲ့တဲ့အထဲမှာ ၁၅ကြိမ် ပထမရခဲ့ပါတယ်။”လို့ သူက ‌ပြောပါ တယ်။

အုန်းဖျန်စခန်းနှင့် မြဝတီမြို့နယ် ကိုယ်စားပြုအသင်းအ‌နေနဲ့ ‌နေပြည်‌တော်၊ မန္တ‌လေး၊ မြဝတီ၊ ‌ကော့ကရိတ်၊ ဆုံဆည်းမြိုင်၊ မဲ‌ဆောက်၊ အုန်းဖန်မြို့၊ မဲ့လမရွာ‌တွေမှာ ကရင်နှစ်သစ်ကူး‌နေ့၊ ကရင်လူငယ်အစည်းအရုံး‌နေ့၊ ဒီ‌ကေဘီ‌အေ‌နေ့၊ ‌ကျောင်းသား အားကစား၊ ‌ကျောက်စိမ်းဘုရားပွဲ‌တော် စတဲ့ ပြိုင်ပွဲ‌တွေမှာ နယူးဇီလန် မ‌ရောက်ခင်အထိ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

နယူးဇီလန်‌ရောက်‌တော့ တစ်‌ယောက်တည်း ခြင်းလုံး‌လေ့ကျင့်ခဲ့ရပြီး ၂၀၁၇ခုနှစ် ဇွန်လ ၁၁ရက်‌နေ့က ဩစ‌တြေးလျားနိုင်ငံ၊ ကဲန်ဘာရာမြို့မှာ ပြုလုပ်တဲ့ ၅ကြိမ်‌မြောက် နိုင်ငံလုံးဆိုင်ရာ ပိုက်‌ကျော်ခြင်းပြိုင်ပွဲမှာ‌တော့ နယူးဇီလန် လူငယ်အသင်းအ‌နေနဲ့ သွား‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုအပြင် တစ်ဦးချင်း အ‌ကောင်းဆုံးဆုကိုပါ ‌စောအဲက ရရှိခဲ့ပါတယ်။

အခု‌တော့ နယူးဇီလန်နိုင်ငံမှာ တခါမှ မရှိဘူး‌သေးတဲ့ နယူးဇီလန် လက်‌ရွေးစင် ပိုက်‌ကျော်ခြင်းအသင်း ဖြစ်‌မြောက်ဖို့အတွက် ပြင် ဆင်‌နေပါပြီ။ ဒီအသင်းကို ‌စောအဲ အပါအဝင် နယူးဇီလန်‌ရောက် ကရင်လူငယ် ခြင်းလုံးကစားသမား သုံးဦးနဲ့ စတင်ဖွဲ့စည်းဖို့ နယူးဇီလန် ကရင်အဖွဲ့အစည်း- New Zealand Karen Association (NZKA)က‌နေတဆင့် နယူးဇီလန်အစိုးရ တာဝန်ရှိသူ‌တွေ ကို တင်ပြပြီး ‌နောက်လ(၂၀၁၇၊ ဩဂုတ်လ)မှာ အသင်းဖြစ်‌မြောက်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ အသင်းဖြစ်လာမယ် ဆိုရင် နယူးဇီလန်ရဲ့ ပထမဦးဆုံး ခြင်းလုံးအသင်းအဖြစ် ‌စောအဲတို့ သမိုင်းမှတ်တမ်း ‌ရေးထိုးနိုင်‌တော့မှာပါ။

သူ့အ‌နေနဲ့ လူငယ်‌တွေကို စကားလက်‌ဆောင်ပါးချင်တာက‌တော့ “ဘဝမှာ ဘယ်လိုပဲ ခက်ခဲ‌နေပါ‌စေ။ ကိုယ့်ရဲ့ဝါသနာ အိပ်မက် အတိုင်း လိုက်ပြီး‌တော့ အချိန်ရသ‌ရွှေ့ ကြိုးစားပါ။ ‌တော်ရင်‌တော်သလို ‌နေရာရသွားမှာပါ။”လို့ ‌ကေအိုင်စီက‌နေတဆင့် တိုက်တွန်း‌ပြောဆိုလိုက်ပါတယ်။