Home သတင်း ‌နေရပ်ပြန်‌ရေးနှင့်ပတ်သက်၍ ဒုက္ခသည်များ၏ ဆန္ဒသ‌ဘောထား ‌ကောက်ယူသွားမည်

‌နေရပ်ပြန်‌ရေးနှင့်ပတ်သက်၍ ဒုက္ခသည်များ၏ ဆန္ဒသ‌ဘောထား ‌ကောက်ယူသွားမည်

2323

ဇူလိုင် ၇ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

နယ်စပ် ကရင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ဒုက္ခသည်ပြန်‌ရေး‌ကော်မတီ (Committee of Refugee Return) က နယ် စပ်ရှိ ဒုက္ခသည်‌နေရပ်ပြန်‌ရေးနှင့်ပတ်သက်၍ ဒုက္ခသည်များ၏ သ‌ဘောထားများကို ‌ကောက်ယူသွားမည်ဖြစ် ‌ကြောင်း KNU ဖားအံခရိုင်၊ ‌လေးဝါးစခန်း၌ ဇူလိုင်လ ၆ ရက်တွင် ပြုလုပ်ပြီးစီးခဲ့သည့် CRR ၏ တတိယ အကြိမ်‌မြောက် အစည်းအ‌ဝေး၌ ဆုံးဖြတ်ခဲ့သည်။

လတ်တ‌လောတွင် ဒုက္ခသည်စခန်းများအတွင်း အ‌ထောက်အပံ့များ‌လျော့နည်းလာသည့်အ‌ပေါ် ‌နေရပ် ပြန်‌ရေးအတွက် ကြိုတင်ပြင်ဆင်မှုအ‌နေဖြင့် ကရင်ဒုက္ခသည်‌ကော်မတီ လမ်းညွှန်မှု‌အောက်ရှိ ဒုက္ခသည်စခန်း ၇ ခုအတွင်း ခိုလှုံ‌နေကြသည့် ဒုက္ခသည်များ၏ ‌နေရပ်ပြန်ခြင်း၊ မပြန်ခြင်းနှင့် ‌နေရပ်ပြန်လျှင် လိုအပ်မည့်လိုအပ်ချက်များကို ပြင်ဆင်သွားနိုင်ရန်အတွက် ထိုသို့ သ‌ဘောထား‌ကောက်ယူရန် ဆုံးဖြတ်ချက်ကျခြင်း ဖြစ်သည်ဟု CRR အတွင်း‌ရေးမှူး ‌စောပွယ်‌စေးက ‌ပြောသည်။

၎င်းက “ဒီသ‌ဘောထား‌ကောက်ယူမှုက လတ်တ‌လောမှာ ဒုက္ခသည်‌တွေအ‌ပေါ် အကူအညီ‌တွေ‌လျော့နည်းလာ တာ‌ကြောင့် ‌ရွှေ့‌ပြောင်းဖို့ အ‌ခြေအ‌နေရှိလာပြီး။ ဒီလို‌ရွှေ့ဖို့၊ ‌ပြောင်းဖို့ဆိုရင် ပြန်မယ့် သူက ဘယ်‌လောက်ရှိမလဲ၊ မ ပြန်တဲ့သူက ဘယ် ‌လောက်ရှိမလဲနဲ့ ဒီထိုင်းနိုင်ငံအပြင် တတိယနိုင်ငံသွားမဲ့သူ ဘယ်‌လောက်ရှိမလဲဆိုတဲ့ သူတို့ရဲ့ သ‌ဘောထားကို ‌ကောက်ယူ သွားဖို့ဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းသ‌ဘောထားစာရင်း‌ကောက်ယူမှုကို လာမည့် ဩဂုတ်လမှစ၍ ‌အောက်တိုဘာလအထိ ၃ လတာအတွင်း ‌ကောက်ယူ သွားမည်ဖြစ်ပြီး ထိုသို့‌ကောက်ယူရရှိသည့် သ‌ဘောထားများအနက်မှ ‌နေရပ်ပြန်မည့်သူများအတွက် ပြန်သွားလျှင် လိုအပ် မည့် အကူအညီများကို ပြန်လည်စိစစ်သွားနိုင်ရန်အတွက်ဖြစ်သည်ဟုလည်း ‌စောပွယ်‌စေးက ဆက်‌ပြောသည်။

ဇူလိုင် ၅ ရက်မှ ၆ရက်‌နေ့အထိ နှစ်ရက်တာပြုလုပ်သည့် CRR အစည်းအ‌ဝေးတွင် ယခင်ဒုတိယအကြိမ်က ဆုံးဖြတ်ချက် များကို ပြန်လည်သုံးသပ်ခြင်း၊ ‌ကော်မတီ၏ အဖွဲ့ဝင်အ‌ခြေအ‌နေများကို ပြန်လည်ဆန်းစစ်ခြင်းနှင့် ဒုက္ခသည် ‌နေရပ်ပြန်‌ရေး နှင့်ပတ်သက်သည့် အ‌ခြေအ‌နေများကို ကရင်ဒုက္ခသည်‌ကော်မတီ(KRC)၊ ကရင်အမျိုး သမီးအစည်းအရုံး (KWO)၊ ကရင် လူငယ်အစည်းအရုံး(KYO)၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒုက္ခသည်စခန်း‌ခေါင်း‌ဆောင်များအပါအဝင် စုစု ‌ပေါင်း ၂၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့သည်။

အဆိုပါ ‌ဆွေး‌နွေးမှုများမှ ဆုံးဖြတ်ချက်များထဲတွင် ဒုက္ခသည်များ ‌နေရပ်ပြန်‌ရေးကိစ္စ သ‌ဘောထား ‌ကောက်ယူသွားရန် အပါအဝင် လစ်ဟသည့် ‌ကော်မတီဝင် ‌နေရာများကို အစားထိုးဖြည့်စွက်ခြင်း၊ ဆပ်‌ကော်မတီဝင်များ၏ တာဝန်များ‌ရေး ဆွဲခြင်း၊ ‌ကော်မတီဝင်များအားလုံး ပါဝင်သည့် အစည်းအ‌ဝေး ပြန်လုပ်သွားရန်နှင့် CRR၏ အ‌ကြောင်းကို ပြုစု‌ရေးသားသွားရန်လည်း ပါဝင်သည်ဟု CRRက ဆိုသည်။

‌ကေအဲန်ယူ အတွင်း‌ရေးမှူး (၁) ပဒို‌စောဆဲပွယ်က “ဒုက္ခသည်ပြန်‌ရေးနဲ့ ပတ်သက်ပြီး‌တော့ ဒီအချိန်က အပစ်ရပ် ကာလပဲရှိ ‌သေးတယ်။ ငြိမ်းချမ်း‌ရေး ရ‌သေးတာမဟုတ်ဘူး။ ဒုက္ခသည်‌တွေ‌မေးတဲ့ ပြန်ဖို့ လုံခြုံ‌ရေး အာမခံချက်၊ နိုင်ငံ‌ရေး အာမခံ ချက်ရှိပြီးလားဆိုတာ ဘယ်သူမှ အာမခံချက်မ ‌ပေးနိုင်ဘူး။ နိုင်ငံ‌ရေးတည် ငြိမ်မှုလည်းမရှိ‌သေးဘူး။ ဆို‌တော့ ကျ‌နော်တို့ဘက်က ဒုက္ခသည်ပြန်‌ရေးကို နိုင်ငံ‌ရေး ‌ပြောဆို‌ဆွေး‌နွေးမှု၊ ငြိမ်းချမ်း‌ရေး သ‌ဘောတူစာချုပ်နဲ့ပြုလုပ်ပြီး‌တော့ လုံခြုံ‌ရေး၊ စားဝတ်‌နေ‌ရေး အာမခံချက်ရှိမှ ဒုက္ခသည်ပြန်သင့်တဲ့အချိန်လို့ သ‌ဘောထားရှိပါတယ်” ဟု ‌ပြောသည်။

ဒုက္ခသည်များအတွက် အကူအညီအ‌ထောက်အပံ့များ‌လျော့နည်းလာသည့်အ‌ပေါ် ၎င်းတို့‌နေရပ်ပြန်‌ရေးအတွက် ကြိုတင်ပြင် ဆင်နိုင်ရန် ရည်ရွယ်ပြီး ‌ကေအဲန်ယူ၊ ကရင်လူငယ်အစည်းအရုံး၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်ဒုက္ခသည်‌ကော်မတီနှင့် ဒုက္ခသည်စခန်းမှ ‌ခေါင်း‌ဆောင်များပါဝင်သည့် ဒုက္ခသည် ပြန်‌ရေး‌ကော်မတီ(CRR)ကို ‌ကော်မတီဝင် ၂၇ ဦးဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် ကရင်ဒုက္ခသည်‌ကော်မတီ (KRC) လမ်းညွှန်မှု‌အောက်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်နှင့် ဘန့်ဒုံယန်း စသည့် ဒုက္ခသည်စခန်း ၇ခုတွင် လူဦး‌ရေ ၉၂, ၆ဝ၈ ဦးရှိသည်ဟု KRC ၏ ‌မေလ စာရင်းအရ သိရသည်။