KIC News
ကရင်ကလေးငယ်နှစ်ဦး၏ ရိုးသားမှု ချီးကျူးရေးသားမှု ထိုင်းလူမှုကွန်ရက်စာမျက်နှာ၌ ရေပန်းစားနေ
ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ့ရမတ်မြို့နယ်အတွင်းရှိ ထိုင်းရွာတစ်ရွာဖြစ်သည့် ခူဟုရွာ အမှတ်(၂) စာသင်ကျောင်းတွင် ပညာသင် ကြားနေသည့် ထိုင်းတောင်ပေါ်သား ကရင်ကလေးငယ်နှစ်ဦးက ဘတ်ငွေ ၁သိန်းကိုတွေ့ရှိပြီး ပိုင်ရှင်ထံပြန်ပေးအပ်ရန် လုပ် ဆောင်သည့်အတွက် ၎င်းတို့အား ချီးကျူးပြောဆိုမှုများ ထိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ယခုရက်ပိုင်းအတွင်း...
ထီးခီးဒေသ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်း အဆောတလျင် မလုပ်သင့်ကြောင်း လူမှုအဖွဲ့အစည်း ၃၀၀ကျော် သဘောထားထုတ်ပြန်
ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်းဒေသကြီးအတွင်း ဖော်ဆောင်ရန်ရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် ကာလတွင် အဆောတလျင် မလုပ်ဆောင်သင့်ကြောင်း ထားဝယ်ဒေသတွင်းအခြေစိုက် လူမှုအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းပေါင်း ၃၁၃ဖွဲ့မှ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် သဘောထားထုတ်ပြန် ပြောဆိုလိုက်သည်။
တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ထီးခီးဒေသအတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်း အပါအဝင် စီမံကိန်း...
ပြည်တွင်းဆရာဝန်မရှိ၍ သရေဒေါဖဲဆေးခန်း ရက်အကန့်အသတ်မရှိ ယာယီပိတ်ထား
ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ငွေကြေးမတတ်နိုင်သူများအတွက် ဖွင့်လှစ်ပေးထားသည့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်ရှိ သရေဒေါ့ဖဲ ဆေးခန်းတွင် တာဝန်ခံ ပြည်တွင်းဆရာဝန်မရှိသောကြောင့် နိုဝင်ဘာလ ၁၅ရက်မှစ၍ ဆေးခန်းကို ရက်အကန့်အသတ်မရှိ ယာ ယီ ပိတ်လိုက်ရသည်ဟု ဆေးခန်းတာဝန်ခံများက ပြောသည်။
အဆိုပါဆေးခန်းမှာ ကျောက်ကြီးမြို့တွင် တည်ရှိပြီး ထိုင်းနိုင်ငံအခြေစိုက်...
ကြာအင်းဆိပ်ကြီးမြို့နယ် ကျန်ရှိကျေးရွာအုပ်စု ၄ခု ဒုတိယနှစ် လူထုဗဟိုပြုစီမံကိန်းတွင် ပါဝင်ရေး ညှိနှိုင်းမည်ဟု တာဝန်ရှိသူ ပြောဆို
ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာ(၅၁)စုအနက် လာမည့် (၂၀၁၇-၁၈)ခုနှစ် ဒုတိယနှစ် လူထုဗဟိုပြုစီမံကိန်းတွင် ကျန်နေ သေးသည့် ကျေးရွာအုပ်စု (၄)စုကို ပါဝင်နိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကြိုးစားညှိနှိုင်းဆောင်ရွက်သွားမည်ဟု လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ဒုတိယနှစ် စီမံကိန်းမှာ (၅၁)အုပ်စုလုံး ပါဝင်နိုင်အောင်...
တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှုကို SYCB ကန့်ကွက်
ဒီဇင်ဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအား အကြမ်းဖက်အဖွဲ့အဖြစ် ခေါ်ဝေါ်သုံး နှုန်းနေမှုများနှင့် စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားနေမှုများပေါ် မြန်မာနိုင်ငံကျောင်းသားများ ကွန်ဂရက်-SYCB က ကန့်ကွက် ကြောင်း ဒီဇင်ဘာလ ၁၃ရက်နေ့တွင် သဘောထားထုတ်ပြန် ပြောဆိုလုိုက်သည်။
နိုဝင်ဘာလ လယ်ပိုင်းမှ စတင်ကာ လက်ရှိအချိန်အထိ...
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လျှပ်စစ်မီးရရှိနိုင်ရန် မြို့နယ်လျှပ်စစ်က ဆောင်ရွက်လျှက်ရှိ
ဒီဇင်ဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လျှပ်စစ်မီး အမြန်ဆုံးရရှိနိုင်အောင် မီးတိုင်စိုက်ထူခြင်း၊ မီးကြိုးသွယ်တန်းမှု များ လုပ်ဆောင်လျှက်ရှိရာ လက်ရှိတွင် ၉ဝရာခိုင်နှုန်း ပြီးစီးနေပြီဟု မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ တာဝန်ခံ ဦးအုန်းထွန်းက ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
မွန်ပြည်နယ်၊ ချောင်းနှစ်ခွမှ...
အဂတိလိုက်စားမှုဆိုင်ရာ အချက်အလက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနထံ တင်ပြမည်
ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ဖားအံမြို့၊ သီရိဖားအံဟိုတယ် ခန်းမဆောင်၌ အဂတိတရား ကင်းရှင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၆ရက်မှ ၁၂ရက်နေ့အထိ ကျင်းပခဲ့ရာ ထိုဆွေးနွေးပွဲမှ ရရှိလာသောအချက်အလက်များကို စာတမ်းပြုစုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် သက် ဆိုင်ရာ ဝန်ကြီးဋ္ဌာနများထံ တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲကို စီစဉ်သူများက ပြောသည်။
ပြည်နယ်...
အထက်ပေါင်းလောင်းစီမံကိန်းကြောင့် ဒေသခံနစ်နာသူများ အစိုးရသစ်လက်ထက်အထိ ပြေလည်မှုမရရှိသေး
ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
သျှမ်း(ရှမ်း)ပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြစ်ပေါ်တွင် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က တည် ဆောက်ခဲ့သော အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းဆည်ကြောင့် ပြောင်းရွှေ့ခဲ့ကြရသည့် ကျေးရွာ ၂၃ရွာမှ ဒေသခံ များ၏ နစ်နာမှုများမှာ လက်ရှိ အစိုးရသစ်လက်ထက်အထိ ပြေလည်မှုမရရှိသေးကြောင်း ဒေသခံများဘက်မှ ကူညီဆောင်ရွက် ပေးသူများက ပြောသည်။
အပြောင်းရွှေ့ခံဒေသခံများအတွက်...
တူးမြောင်းပိတ်သွားသဖြင့် လယ်သမားများ၏ မုရင်းလယ်ယာမြေပျက်စီး
ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာအုပ်စု၌ ယခုနှစ်မိုးရာသီတွင် စတော်ချောင်းတူးမြောင်းကို ရေတိုက်စားမှုဖြစ်ပွားရာ တွင် တူးမြောင်းပိတ်ဆို့သွားသောကြောင့် သစ်ကိုင်းများနှင့် သဲများ လယ်ကွင်းထဲသို့ စီးဆင်းလာသည့်အတွက် မုရင်း(ရေလိုက် စပါး)လယ်များ ပျက်စီးမှုရှိသည်ဟု မုရင်းလယ်စိုက်တောင်သူများထံမှ သိရသည်။
ခလယ်ကျေးရွာအုပ်စုရှိ စတော်ချောင်းကို ကျေးရွာတာဝန်ရှိသူများ၏ တင်ပြချက်အရ ပြီးခဲ့သည့် (၂၀၁၅)ခုနှစ်၊...
မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် အမှုဆောင် အသစ်ပြန်လည်ရွေးချယ်တင်မြှောက်
ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် (SMJN)၏ အမှုဆောင်အဖွဲ့အသစ်ကို လုပ်ငန်းကော်မတီဝင် ၁၅ဦး၊ ၎င်းအထဲမှ ညှိနှိုင်းရေးအဖွဲ့ဝင် ၉ ဦးတို့အား ညှိနှိုင်းရေးမှူးအဖွဲ့အဖြစ် ကရင်ပြည်နယ် ဖားအံမြို့ သံလွင်ပါရာဒိုက် ဟိုတယ်၌ ဒီဇင်ဘာ ၁ဝ မှ ၁၁...














